ကျုပ်မှာ သမီးလေးတစ်ယောက်ရှိတယ်။
မိတဆိုးလေးဆိုတော့ အစစအလိုလိုက်ထားရတာ
အရွယ်ငယ်တုန်းကတော့ လိမ္မာရေးခြားရှိရှာပါတယ်။
ဒါပေမယ့်...
အသက်လေးက ၁၈နှစ်ပြည့်ပြီးသွားတဲ့ နောက်ပိုင်းတော့ ပြောလို့ဆိုလို့ တယ်မရချင်ဘူး။
ခုလည်းကြည့်လေ သူ့ရည်းစားကောင်လေးနဲ့ လျှောက်လည်မယ်ဆိုပြီး ထွက်သွားလိုက်တာ မိုးတော်တော်ချုပ်နေပြီ ပြန်မလာသေးဘူး။
ကျုပ်မှာ စိတ်ပူလို့ သေတော့မယ်။ ဟော...အိမ်ရှေ့က ဆိုင်ကယ်သံကြားတယ်၊ ပြန်လာကြပြီ ထင်ပါရဲ့...