Thursday, April 15, 2021

ဒီကနေ့မှာပဲ ဖမ်းဆီးခံလိုက်ရလို့ အားလုံးကဝမ်းနည်းစိတ်ပူနေကြရတဲ့ ဦးဇင်ဝိုင်းနဲ့ အဆိုတော်ပိုပို



 ပရိသတ်ကြီးရေ.. နွေဦးတော်လှန်ရေးတိုက်ပွဲကြီးမှာ ပြည်သူတွေနဲ့အတူလုထုလှုပ်ရှားမှုတွေကို တတ်နိုင်တဲ့ဘက်ကနေ ရဲရင့်တက်ကြွစွာပါဝင်လှုပ်ရှားခဲ့တဲ့ အကယ်ဒမီဦးဇင်ဝိုင်းနဲ့ အဆိုတော်ပိုပိုတို့ကတော့ ဒီနေ့မှာပဲ ထိန်းသိမ်းခံလိုက်ရပါတယ်..။

ဦးဇင်ဝိုင်းနဲ့ အဆိုတော်ပိုပိုတို့ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းတွေကတည်းက ပုဒ်မ- ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူခြင်းခံထားရတာဖြစ်ပြီး ဒီကနေ့ ဧပြီလ(၁၅)ရက်နေ့ နေ့လည်ပိုင်းမှာ အသီးသီး ထိန်းသိမ်းခံလိုက်ရတာ ဖြစ်ပါတယ်..။




အဆိုတော်ပိုပိုကို ဒီနေ့ ညနေ(၃)နာရီလောက်မှာ နေအိမ်ကနေ ဖမ်းဆီးသွားတာဖြစ်တဲ့အကြောင်း သူမရဲ့ မန်နေဂျာဖြစ်သူက အတည်ပြုပြောပြထားတာဖြစ်ပြီး ဦးဇင်ဝိုင်းကိုတော့ ညနေ(၄)နာရီဝန်းကျင်လောက်က တက္ကသိုလ်ရိပ်မွန်မှာ ထိန်းသိမ်းခေါ်ဆောင်သွားတာ ဖြစ်တယ်လို့ သိရပါတယ်..။|

ဦးဇင်ဝိုင်းနဲ့ ပိုပိုတို့နှစ်ယောက်အတွက် ပရိသတ်တွေနဲ့အတူ အနုပညာရှင်တွေကလည်း စိတ်မကောင်းဖြစ်နေကြသလို သရုပ်ဆောင်ဘုန်းဆက်သွင်နဲ့ မော်လ်ဒယ်သရုပ်ဆောင် Hu Go တို့ကလည်း သူတို့ရဲ့ ဖေ့စ်ဘွ်စာမျက်နှာကနေ ဝမ်းနည်းစိတ်ပူနေတဲ့အကြောင်းရေးသားထားကြတာ တွေ့ရပါတယ်..။
























“ပိုပို ကိုဖမ်းသွားကြပြီ!

Speakout လုပ်ပေးကြပါအုံး!

သူလုံးဝနေမကောင်းဘူး!

သူ့မှာမိသားစုလည်း မရှိပါဘူး!

အနောက်က ဘယ်လိုလိုက်ရမလဲဆိုတာ အကြံပေးပါအုံး!..

She Need Us🙏🙏🙏..” ဆိုပြီး စိုးရိမ်စိတ်တွေနဲ့ ဝမ်းနည်းစွာပြောပြထားသလို “Here is to strong women,

May we know them

May we be them

May we raise them

Keep smiling

Keep stronger

You did it my fri💪🏻✊🏻💪🏻..” ဆိုပြီးတော့လည်း Hu Go က သူငယ်ချင်းဖြစ်သူ ပိုပိုအတွက်အားပေးစကားတွေလည်း ပြောထားပါသေးတယ်..။

ပြည်သူတွေအားလုံးကလည်း ထိန်းသိမ်းခံထားရတဲ့ ဦးဇင်ဝိုင်းနဲ့ ပိုပိုတို့နှစ်ယောက်လုံး ကျန်းကျန်းမာမာ အန္တရာယ်ကင်းဘေးရှင်းစွာနဲ့ အမြန်ဆုံးပြန်လည်လွတ်မြောက်ဖို့အတွက် အသီးသီးဆုတောင်းပေးထားကြတာလည်း တွေ့ရပါတယ်..။





No comments:

Post a Comment