Thursday, April 15, 2021

ဒီကနေ့မှာပဲ ဖမ်းဆီးခံလိုက်ရလို့ အားလုံးကဝမ်းနည်းစိတ်ပူနေကြရတဲ့ ဦးဇင်ဝိုင်းနဲ့ အဆိုတော်ပိုပို



 ပရိသတ်ကြီးရေ.. နွေဦးတော်လှန်ရေးတိုက်ပွဲကြီးမှာ ပြည်သူတွေနဲ့အတူလုထုလှုပ်ရှားမှုတွေကို တတ်နိုင်တဲ့ဘက်ကနေ ရဲရင့်တက်ကြွစွာပါဝင်လှုပ်ရှားခဲ့တဲ့ အကယ်ဒမီဦးဇင်ဝိုင်းနဲ့ အဆိုတော်ပိုပိုတို့ကတော့ ဒီနေ့မှာပဲ ထိန်းသိမ်းခံလိုက်ရပါတယ်..။

ဦးဇင်ဝိုင်းနဲ့ အဆိုတော်ပိုပိုတို့ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းတွေကတည်းက ပုဒ်မ- ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူခြင်းခံထားရတာဖြစ်ပြီး ဒီကနေ့ ဧပြီလ(၁၅)ရက်နေ့ နေ့လည်ပိုင်းမှာ အသီးသီး ထိန်းသိမ်းခံလိုက်ရတာ ဖြစ်ပါတယ်..။




အဆိုတော်ပိုပိုကို ဒီနေ့ ညနေ(၃)နာရီလောက်မှာ နေအိမ်ကနေ ဖမ်းဆီးသွားတာဖြစ်တဲ့အကြောင်း သူမရဲ့ မန်နေဂျာဖြစ်သူက အတည်ပြုပြောပြထားတာဖြစ်ပြီး ဦးဇင်ဝိုင်းကိုတော့ ညနေ(၄)နာရီဝန်းကျင်လောက်က တက္ကသိုလ်ရိပ်မွန်မှာ ထိန်းသိမ်းခေါ်ဆောင်သွားတာ ဖြစ်တယ်လို့ သိရပါတယ်..။|

ဦးဇင်ဝိုင်းနဲ့ ပိုပိုတို့နှစ်ယောက်အတွက် ပရိသတ်တွေနဲ့အတူ အနုပညာရှင်တွေကလည်း စိတ်မကောင်းဖြစ်နေကြသလို သရုပ်ဆောင်ဘုန်းဆက်သွင်နဲ့ မော်လ်ဒယ်သရုပ်ဆောင် Hu Go တို့ကလည်း သူတို့ရဲ့ ဖေ့စ်ဘွ်စာမျက်နှာကနေ ဝမ်းနည်းစိတ်ပူနေတဲ့အကြောင်းရေးသားထားကြတာ တွေ့ရပါတယ်..။
























“ပိုပို ကိုဖမ်းသွားကြပြီ!

Speakout လုပ်ပေးကြပါအုံး!

သူလုံးဝနေမကောင်းဘူး!

သူ့မှာမိသားစုလည်း မရှိပါဘူး!

အနောက်က ဘယ်လိုလိုက်ရမလဲဆိုတာ အကြံပေးပါအုံး!..

She Need Us🙏🙏🙏..” ဆိုပြီး စိုးရိမ်စိတ်တွေနဲ့ ဝမ်းနည်းစွာပြောပြထားသလို “Here is to strong women,

May we know them

May we be them

May we raise them

Keep smiling

Keep stronger

You did it my fri💪🏻✊🏻💪🏻..” ဆိုပြီးတော့လည်း Hu Go က သူငယ်ချင်းဖြစ်သူ ပိုပိုအတွက်အားပေးစကားတွေလည်း ပြောထားပါသေးတယ်..။

ပြည်သူတွေအားလုံးကလည်း ထိန်းသိမ်းခံထားရတဲ့ ဦးဇင်ဝိုင်းနဲ့ ပိုပိုတို့နှစ်ယောက်လုံး ကျန်းကျန်းမာမာ အန္တရာယ်ကင်းဘေးရှင်းစွာနဲ့ အမြန်ဆုံးပြန်လည်လွတ်မြောက်ဖို့အတွက် အသီးသီးဆုတောင်းပေးထားကြတာလည်း တွေ့ရပါတယ်..။





Saturday, April 10, 2021

CNN သတင်းထောက် Clarissa ward ကိုပြည်တွင်းကတစ်ယောက်ရေးပြီးပေးလိုက်တဲ့စာ


CNN သတင်းထောက် Clarissa ward ကိုပြည်တွင်းကတစ်ယောက်ရေးပြီးပေးလိုက်တဲ့စာ
ဘာသာပြန်
သို့ clarissa Ward

မြန်မာပြည်မှာဘာတွေဖြစ်နေသလဲဆိုတာကမ္ဘာကိုသိအောင်ပြောပေးပါ

ထိခိုက်နစ်နာမှုမရှိသောအရပ်သားများကိုစစ်တပ်မှသေသည်အထိသတ်ခဲ့သည်

ကျနော်တို့အရပ်သားတွေကစစ်အစိုးရကိုမလိုချင်ဘူး

ကျေးဇူးပြုပြီးအပြည်ပြည်ဆိုင်ရာအသိုင်းအ ၀ ိုင်းကကြည့်တာကိုရပ်လိုက်ပါ

တတ်နိုင်သလောက်ချက်ချင်းအရေးယူပါ

#whatshappeningnowinmyanmar







 

CRPH// April 9 2021 News


 

သားစစ် vs ငွေပု // ဟာသ video လေးပါ


 

လူကြီး သူမ များခင်ဗျာ....

ဒီစာက လူကြီးတွေ အထူးသဖြင့် အသက် ၅၀ နဲ့အထက် ၅၀ လောက်တွေကို ပိုပြီးတော့ ရည်ရွယ်ပါတယ် ။ 

လူကြီးတွေဟာ ကျွန်တော်တို့ လူငယ်တွေကို သူတို့ရဲ့အတိတ် သူတို့ရဲ့ ဘဝတွေနဲ့ တိုင်းတာတတ်ကြတယ် ။ 

သူတို့တုန်းက အမှန် သူတို့တုန်းက သင်ခဲ့ဖူးတာတွေ နဲ့ ဆုံးမကြတယ်၊ ပြောကြတယ် ။ 

ဥပမာ-ဒီလမ်းကြီးမသွားနဲ့ဆို သူတ်ို့ကအဲ့နည်းအတ်ိုင်းလူငယ်တွေကိုလည်း ဒီလမ်းကြီးမသွားနဲ့ ဆ်ိုပြီး ချုပ်ချယ်တယ် ။ 

တကယ်တော့ လူငယ်တွေက စူးစမ်းလိုစိတ်ရှိကြတယ် သူတို့တုန်းကမဖြစ်နိုင်ဘူးဆိုတာကို ဖြစ်အောင် လုပ်ကြည့်ချင်ကြတယ် ။ 

လူကြီးတွေဟာ ပုံစံအတိုင်းပဲသွားတယ် ဒီ တော်လှန်ရေးကြီးမဖြစ်ခင်တုန်းကလည်း လူငယ်တွေကို အမျိုးမျိုးချုပ်ချယ်ကြတယ် ။
 
ဖုန်းလေးကိုင်ပြီဆိုရင်လည်း "နင်ကဒီဖုန်းပဲကိုင်နေတာ ဘာအလုပ်မှမလုပ်ဘူး " ဆိုပြီးပြောတယ် ။ 

ဒါမဲ့ တချို့တွေဟာ အဲ့ဒိဖုန်း/laptopကနေ You tube ကနေ စာသင်နေမယ် ! Fic ရေးတဲ့သူ ၊ ကဗျာ ၊ Story ရေးတဲ့သူ တွေလည်းရှိကောင်းရှိမယ် ။

 သူတို့အချိန်ဖြုန်းနေတာမဟုတ်ပါဘူး အဲ့ဒါကိုလူကြီးတွေရဲ့အမြင်မှာတော့ "နင်ကလက်ကျောမတင်းဘူး ၊ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုပြီး " ပဲပြောတယ် ။
 
အခုဒီလို အခြေအနေတွေ ဖြစ်လာပြန်တော့လည်း !! "ဦးလေးတို့ ၊ ဒေါ်လေးတ်ို့ ၈၈ တုန်းကခံခဲ့ပြီးပြီ " ဘာညာနဲ့ ရှေ့က လူငယ်တွေအားပျက်စေမှာတွေကိုပဲ တချို့တွေကပြောတယ် ။ 

သူတို့ ၈၈ တုန်းကအတိတ်ဆိုးကြီးကိုပဲ ၂၁ မှာ ကြိုးစားနေတဲ့ လူငယ်တွေကို ချပြနေတာကိုတွေ့ရတယ် ။

 "ရှေ့မတက်နဲ့နော် ရှေ့တက်ရင်ပစ်မှာ " မတက်ပါဘူး ဒါမဲ့ပစ်သွားတာကျတော့ရော !! 

"မင်းတို့က အရင်စရင်တော့ ဟိုကချမှာ " အရင်မစပါဘူး သူတို့က စည်းကျော်လာတာရော !!

 "အကြမ်းမဖက်နဲ့ သူတို့ အကွက်ထဲဝင်သွားမယ် "

 အဲ့မှာ ကြွေသွားတဲ့ကြယ်တွေက အကြမ်းဖက်ခဲ့လို့လား ??? 

ကိုယ်တိုင်ကလဲ မပါဝင်ဘဲနဲ့ ကိုယ့်ဘေးနားကလူငယ် တွေကို ၈၈ တုန်းကကြုံခဲ့ရတယ်ဆိုပြီး အမျိုးမျိုးဆရာမလုပ်ပါနဲ့ !! 

(လုံးဝ ခေတ်ကြီးကမတူတော့လို့ပါ ) နောက်ပြီး ကိုယ့်သားသမီးကို အပြင်မထွက်ခိုင်းဘဲ ကြောက်စိတ်တွေ ရိုက်သွင်းပေးနေတာတွေ မလုပ်လိုက်ပါနဲ့ !! 

သူတို့ကိုအခုချိန်ကြောက်စိတ်ပဲထည့်ပေးလိုက်တာနောင်တစ်ချိန်မှာ တော်လှန်ရေးမှာငါမပါခဲ့ရပါ့လားဆိုပြီး သိမ်ငယ်စိတ်တွေပါဝင်သွားရင် လူကြီးတွေရဲ့ အပစ်ပါပဲ ။ 

အဲ့ဒီတော့ဗျာ ကျွန်တော်လူကြီးတွေကို အများကြီး မတောင်းဆိုပါဘူး !! 

လူကြီးတွေမို့ လမ်းပေါ်မထွက်နဲ့ ရတယ် ဒါမဲ့ ပြေးလွှားပြီးလာရတဲ့ လူငယ်တွေ ကိုယ့်သား၊သမီး အရွယ်တွေက်ို အိမ်တံခါးလေးဖွင့်ပေးခြင်းနဲ့ ကူညီပေးပါ ။ 

နောက်ပြီးတော့ ဒီအာဏာရူးတွေဟာ လူကြီးတွေကိုပဲ ပိုပြီးကြောက်စိတ်သွင်းတယ် လူကြီးတွေကတစ်ဆင့် သူတို့သားသမီးကို ချုပ်ချယ်မယ်ဆိုပြီး အကွက်ဆင်ထားတာ !! 

ဥပမာ- ဟိုနေ့က A4 တွေနဲ့ စာတင်တဲ့သူ သတင်းတင်တဲ့ လူငယ်တွေ Print ထုတ်ပြီး ဝရမ်းထုတ်တယ်ဆိုတာမျိုး !! 

အမှန်တော့ လူငယ်တွေက သိပြီးသား အဲ့ဒါကိုလူကြီးတွေက အကြောက်လွန် ကိုယ့်သားသမီးကို Post တွေပြန်ဖျက်ခိုင်း ဘာလုပ်ခိုင်းနဲ့ အကြောက်တရားကို ရိုက်သွင်းနေတာပါ ။ 

နောက်ဆုံးအနေနဲ့ ပြောချင်တာ အရမ်းကြီး မကြောက်ကြပါနဲ့ ခင်ဗျာ !! ကြောက်ရင် ကျွန်တော်တို့ရှုံးမှာ ။ 

လူကြီးတွေက ကြောက်လို့ လမ်းပေါ်မထွက်ဘူးပဲထား !! လမ်းပေါ်မှာရှိတဲ့ လူငယ်တွေကို ကြောက်အောင်ပြောတာ ဘေးကနေ အပြစ်တင်နေတာတွေ မလုပ်ပါနဲ့ ။ 

လူကြီး မိဘ များခင်ဗျာ !!! 
ကျွန်တော်တို့လူငယ်တွေကို ကြောက်စိတ်တွေဝင်အောင်ပြောခြင်း ၊ ဘေးထိုင်ပြီး အပြစ်ပြောခြင်းများမလုပ်ဘဲ လူငယ်တွေပြေးလာရင် အိမ်တံခါးဖွင့်ပေးခြင်း အားပေးစကားများပြောခြင်းများဖြင့် ကူညီပေးစေလိုပါတယ် ခင်ဗျာ ။ @𝐕𝐄𝐑𝐒𝐄 𝐃𝐨 𝐧𝐨𝐭 𝐫𝐞𝐩𝐨𝐬𝐭 𝐰𝐢𝐭𝐡𝐨𝐮𝐭 𝐜𝐫𝐝. (ထိုစာသည်လူကြီးသူမများအား အပြစ်တင်ခြင်းမဟုတ်ပါ )