Wednesday, June 10, 2026

Myanmar and Laos Military Officials Discuss Enhancing Border Security and Mekong River Cooperation

 Commander-in-Chief of Defence Services General Ye Win Oo received a delegation led by Major General Vanhthong Boudtavong, Deputy Chief of the General Staff of the Lao People's Armed Forces, at the Zeyathiri Beikman Hall in Nay Pyi Taw on the morning of June 9, according to reports.



■ ဒဏ်ခတ် ခံထားရသော စစ်တပ်ပိုင် Mytel ကုမ္ပဏီကို ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ရုပ်သံထုတ်လွှင့်ခွင့် လိုင်စင် ဖီဖာ FIFA ချပေ

Western News| ဇွန် ၁၀ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ၏ မြန်မာနိုင်ငံအတွက် ရုပ်သံထုတ်လွှင့်ပြသခွင့် လိုင်စင်ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က အကြမ်းဖက် စစ်ကောင်စီ စစ်တပ်ပိုင် Mytel ဆက်သွယ်ရေးကုမ္ပဏီကို ချပေးလိုက်ကြောင်း ဖီဖာထုတ်ပြန်ချက်အရ သိရသည်။ အကြမ်းဖက် စစ်တပ်ပိုင် Mytel ဆက်သွယ်ရေးကုမ္ပဏီမှာ အမေရိကန်နိုင်ငံ၏ ဒဏ်ခတ်ပိတ်ဆို့မှုကို ခံထားရပြီး မြန်မာပြည်သူများမှာလည်း မိုင်တဲလ် ဝန်ဆောင်မှုများကို အသုံးပြုမှု မရှိကြပေ။ မြန်မာစစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များအတွက် ထောက်ပံ့ပေးနေသော Mytel ကုမ္ပဏီကို မြန်မာပြည်သူများအပါအဝင် နိုင်ငံတကာက အရေးယူမှု ပြုလုပ်ထားသော်လည်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) မှာ အရေးတယူ ဆက်ဆံမှုများ ပြုလုပ်နေကြောင်း သိရသည်။ ၂၀၂၆ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို အမေရိကန်၊ ကနေဒါ၊ မက္ကစီကို ၃ နိုင်ငံက ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲအား မကြာမီရက်ပိုင်းအတွင်း စတင်တော့မည်ဖြစ်သည်။ မြန်မာနိုင်ငံအတွက် လိုင်စင်ရရှိထားသော Mytel ဆက်သွယ်ရေးကုမ္ပဏီက ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို အွန်လိုင်းရုပ်ရှင်ပလက်ဖောင်းတစ်ခုဖြစ်သည့် TV360 Application မှ ထုတ်လွှင့်ပြသသွားမည်ဟု သိရသည်။ Justice For Myanmar ကလည်း အကြမ်းဖက် စစ်တပ်ပိုင် Mytel ကုမ္ပဏီကို နိုင်ငံတကာမှ အရေးယူဆောင်ရွက်ပေးရန် တောင်းဆိုထားမှု ရှိပြီး စစ်အာဏာသိမ်းပြီးနောက် ၃ လအတွင်းမှာ သုံးစွဲသူ ၂ သန်းခန့် လျော့ကျသွား၍ ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၅ သန်းနီးပါး ထိခိုက်သွားသည်ဟု ဆိုသည်။ အကြမ်းဖက် စစ်ကောင်စီ၏ မြန်မာပြည်သူများအပေါ် နေ့စဉ် အကြမ်းဖက်မှု၊ စစ်ရာဇဝတ်မှု ကျူးလွန်ရန် ငွေထောက်ပံ့ပေးနေသော Mytel ဆက်သွယ်ရေးကုမ္ပဏီကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က လိုင်စင်ချပေးခြင်းမှာ ရွံရှာစရာ ကောင်းသည်ဟု မြန်မာဒီမိုကရေစီအင်အားစုများမှ ဝေဖန်ထားကြသည်။ #WesternNews #WN #၂၀၂၆ #ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ #မြန်မာနိုင်ငံ #ရုပ်သံထုတ်လွှင့်ပြသခွင့် #အကြမ်းဖက်စစ်ကောင်စီ #စစ်တပ်ပိုင်မိုင်တဲလ် #Mytel #လိုင်စင်ရရှိ #FIFA #ဖီဖာ

A US diplomat has reportedly been found dead in Myanmar

A US diplomat has reportedly been found dead in Myanmar, while authorities say a Thai woman is in custody as investigations continue. Officials have not yet released further details on the circumstances surrounding the case. 🔔 Follow for latest updates and news #globalstandardnewsgsn #Myanmar #USA #BreakingNews #WorldNews CrimeNews See less

Arsenal Revenue

၁၀၂၅/၂၆ ရာသီအတွက် အာဆင်နယ်အသင်းရဲ့ ဝင်ငွေရရှိမှု အခြေအနေ ​အာဆင်နယ်အသင်းဟာ ၂၀၂၅/၂၆ ရာသီမှာ အောက်ပါအတိုင်း ဝင်ငွေတွေ ရရှိခဲ့တာ ဖြစ်ပါတယ်။ ​ပရီမီယာလိဂ် (Premier League) ပြိုင်ပွဲမှ ဝင်ငွေ ပေါင် ၁၉၉ သန်း ​ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် (UEFA Champions League) ပြိုင်ပွဲမှ ဝင်ငွေ ပေါင် ​၂၅ သန်း ​ပွဲနေ့ (Matchday) လက်မှတ်ရောင်းချရမှု၊ အစားအသောက်၊ ဖျော်ရည်နှင့် အခြားရောင်းချရမှုများမှ ဝင်ငွေ ပေါင် ၁၆၃ သန်း ​စီးပွားရေးဆိုင်ရာ စပွန်ဆာစာချုပ်များ၊ အသင်းအမှတ်တံဆိပ်ပါ ပစ္စည်းများနှင့် မိတ်ဖက်လုပ်ငန်းများမှ ဝင်ငွေ ပေါင် ၃၂၅ သန်း ​ဒါဟာ အာဆင်နယ်ကလပ်အသင်း သမိုင်းတစ်လျှောက် နှစ်ချုပ်ဝင်ငွေ အမြင့်မားဆုံး စံချိန်တင် ဖြစ်လာမှာ ဖြစ်ပါတယ်။ #Arsenal #PremierLeague

Saturday, May 30, 2026

ဘဝမမေ့တဲ့ Joshua Van

R.I.P လူရွှင်တော်ပန်းသီ

ယနေ့မှာတော့လူရွှင်တော်ပန်းသီးဟာချစ်ရတဲ့သူတွေကိုနူတ်ဆက်ထွက်ခွါသွားခဲ့ပြီဖြစ်ကြောင်းသိရ

မြန်မာ့အရေးကို ကမ္ဘာကသိအောင် ၎င်း၏ပလက်ဖောင်းများမှတစ်ဆင့်......

မြန်မာ့အရေးကို ကမ္ဘာကသိအောင် ၎င်း၏ပလက်ဖောင်းများမှတစ်ဆင့် ကြိုးပမ်းသွားမည်ဟု UFC ဖလိုင်းဝိတ်ချန်ပီယံ ဂျိုရှုအာဗန် ပြောကြား UFC ဖလိုင်းဝိတ်ချန်ပီယံ ဂျိုရှုအာဗန် (Joshua Van) က ၎င်း၏ မွေးရပ်မြေဖြစ်သော မြန်မာနိုင်ငံသို့ ပြန်ချင်သော်လည်း လက်ရှိတွင် စစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ပြန်ရန်ခက်ခဲနေကြောင်းနှင့် မြန်မာပြည်သူများ ကြုံတွေ့နေရသည့် အခြေအနေများကို ကမ္ဘာကသိရှိလာစေရန် ၎င်း၏ ပလက်ဖောင်းများမှတစ်ဆင့် အဓိကထား ပြောဆိုသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ ဂျိုရှုအာဗန်က မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့် ပတ်သက်၍ ၎င်း၏ ခံစားချက်ကို ယခုလို ဖွင့်ဟပြောဆိုထားသည်။ "ကျွန်တော်အိမ်ပြန်ချင်တာပေါ့။ ဒါပေမယ့် လက်ရှိအချိန်မှာ စစ်တပ်က အရူးလိုပဲ ကလေးတွေ၊ အပြစ်မဲ့ပြည်သူတွေကိုပါ သတ်နေတာ။ စစ်တပ်က ကျွန်တော်တို့ သမ္မတကို အဓမ္မ ဖမ်းပြီး အာဏာသိမ်းဖို့ ကြိုးစားနေတာ။" ထို့အပြင် ၎င်းက သူ၏ အားကစားအောင်မြင်မှုနှင့် ဩဇာလွှမ်းမိုးနိုင်မှုကို အသုံးပြုကာ မြန်မာပြည်သူများအတွက် အသံထွက်ပေးသွားမည့် သူ၏ အဓိကရည်မှန်းချက်ကိုလည်း ဆက်လက်၍ အခိုင်အမာ ပြောကြားခဲ့သည်။ "ဒါတွေကို ကမ္ဘာကသိအောင်၊ ကမ္ဘာကြီးဆီက အကူအညီတွေရအောင် ကျွန်တော့် ပလက်ဖောင်းတွေကနေ ပြောဖို့က ကျွန်တော့်ရဲ့ အဓိက ရည်မှန်းချက်ပဲ။" ဂျိုရှုအာဗန်သည် နိုင်ငံတကာ အားကစားစင်မြင့်ထက်တွင် အောင်မြင်မှုရရှိထားသည့် ချန်ပီယံတစ်ဦးဖြစ်ပြီး ယခုကဲ့သို့ ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောကြားလိုက်ခြင်းဖြင့် မြန်မာနိုင်ငံ၏ အခြေအနေများကို နိုင်ငံတကာ အသိုင်းအဝိုင်းက ပိုမိုအာရုံစိုက်လာစေရန်နှင့် မြန်မာပြည်သူများအတွက် လိုအပ်သည့် အကူအညီများ ရရှိလာစေရန် တိုက်တွန်းလှုံ့ဆော်လျက်ရှိသည်။ . . #ဂျိုရှုအာဗန်

ပညာရေး ကျားဖြန့်

 


ပညာရေး ကျားဖြန့်" ဆိုတဲ့ စကားလုံးကို ကြားဖူးကြသလား။ အခု ၂၀၂၅ ခုနှစ်မှာ ကိုယ့်ဘဝကို ပညာရေးနဲ့ မြှင့်တင်ပြီး လွတ်လပ်တဲ့ အနာဂတ်ကို တည်ဆောက်ချင်ကြတဲ့ ကျွန်တော်တို့ တိုင်းပြည်က လူငယ်တွေကြားမှာ ဒီကျားဖြန့်က အတော်လေး အမြစ်တွယ်နေပြီ။ မိဘတွေကလည်း သားသမီးတွေ သူများအောက် မကျိုးရအောင်၊ မျက်နှာမငယ်ရအောင်ဆိုပြီး ရှိစုမဲ့စုလေးကို ရောင်းချ၊ ပုံအောပြီး ပညာရေးဆိုတဲ့ ရင်းနှီးမြှုပ်နှံမှုကို လုပ်ကြတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ ပညာရေးဟာ ကုန်သွယ်မှု သက်သက်၊ လိမ်လည်မှု သက်သက် ဖြစ်လာနေတာကို ကျွန်တော် ရင်နာနာနဲ့ပဲ ထောက်ပြချင်ပါတယ်။

ပထမဆုံး ပြောချင်တာက နိုင်ငံတကာကျောင်း ဆိုတဲ့ ဆိုင်းဘုတ်တွေအကြောင်းပါ။ အခုနောက်ပိုင်း နိုင်ငံတကာကျောင်းဆိုတာ မှိုပေါက်သလို ပေါ်လာတယ်။ Cambridge တို့၊ IGCSE တို့ သင်မယ်ဆိုပြီး ကြော်ငြာကြတယ်။ ကျောင်းလခတွေကလည်း မတန်တဆပါပဲ။ ဒါပေမဲ့ တကယ်တမ်း သင်ကြားတဲ့အခါ နိုင်ငံတကာအဆင့်မီ ပညာရေးစနစ် မဟုတ်ဘဲ၊ ဟိုးအရင် ကျူရှင်ခေတ်ကလို အလွတ်ကျက်၊ အလွတ်ဖြေ စနစ်ဟောင်းကြီးနဲ့ပဲ သွားနေကြတာ အများကြီးပါ။ ဘာလို့လဲဆိုတော့ သင်နေတဲ့ ဆရာ၊ ဆရာမ အတော်များများက နိုင်ငံတကာကျောင်းတွေ၊ နိုင်ငံတကာ တက္ကသိုလ်တွေမှာ တက်ခဲ့ဖူးတဲ့ အတွေ့အကြုံ မရှိကြလို့ပါပဲ။ စေတနာမရှိဘူးလို့ ကျွန်တော် မဆိုလိုပါဘူး။ ဒါပေမဲ့ ပေးရတဲ့ ငွေနဲ့ ရလိုက်တဲ့ အရည်အသွေးက လုံးဝ မမျှတဘူး။ သာမန်ကျောင်းကနေ ပြောင်းလာတဲ့ ကလေးတွေခမျာ စနစ်နှစ်ခုကြားမှာ ဗျာများ၊ စိတ်ဖိစီးပြီး၊ မိဘတွေရဲ့ သွေးချွေးစာ ငွေတွေလည်း သဲထဲရေသွန် ဖြစ်ရပါတယ်။

ဒုတိယ အလိမ်အညာကတော့ ပြည်ပက အင်္ဂလိပ်စာ အစီအစဉ် တွေနဲ့ ပွဲစားတွေရဲ့ လုပ်ရပ်ပါပဲ။ ထိုင်း၊ ဂျပန်၊ ကိုရီးယားစတဲ့ နိုင်ငံတွေက တက္ကသိုလ်တွေမှာ 100% English လိုပဲ သင်ပါတယ်ဆိုပြီး ပွဲစားတွေက ကြော်ငြာကြတယ်။ တကယ်တမ်း ဟိုလည်းရောက်ရော သင်တဲ့ ပရော်ဖက်ဆာတွေရဲ့ အင်္ဂလိပ်စာ လေယူလေသိမ်း ကို နားလည်ဖို့ အတော်လေး ရုန်းကန်ရတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် မြန်မာပြည်ကနေ IELTS ရမှတ် မြင့်မြင့်ရပြီး သွားတဲ့ ကျွန်တော်တို့ လူငယ်တွေက ဟိုက စာသင်နေတဲ့ ပရော်ဖက်ဆာတွေထက် အင်္ဂလိပ်လို ပိုပြီး ရှင်းလင်းပြတ်သားစွာ ပြောနိုင်၊ နားလည်နိုင်နေတယ်။ ဘာသာစကား အခက်အခဲကြောင့် ပညာရေးမှာ တုံ့ဆိုင်းသွားရတယ်၊ ကျောင်းပြောင်းရတဲ့အထိ ဒုက္ခရောက်ရတယ်။ အဲ့ဒီလို အိပ်မက်တုတွေ ရောင်းစားပြီး ဒုက္ခရောက်နေသူတွေကို အမြတ်ထုတ်နေတဲ့ ပညာရေးပွဲစားတွေရဲ့ လုပ်ရပ်ဟာ တော်တော်လေးကို ရုပ်ဆိုးလွန်းပါတယ်။

တတိယတစ်ခုကတော့ အခုခေတ်စားနေတဲ့ AI၊ Data Science ၊ IT စတဲ့ နာမည်ကြီး ဘာသာရပ်တွေနဲ့ ဗီဇာ ရောင်းစားတဲ့ အစီအစဉ်တွေပါ။ ထိုင်းလို နိုင်ငံမျိုးမှာ ကာလတို ဗီဇာရဖို့ သက်သက်အတွက် ဖွင့်ထားတဲ့ အရည်အသွေးနိမ့် ပုဂ္ဂလိကကျောင်းတွေ အများကြီး ရှိလာတယ်။ ထိုင်းက AIT လို၊ Mahidol လို၊ Chulalongkorn လို အစိုးရတက္ကသိုလ်၊ နိုင်ငံတကာအဆင့်မီ ကျောင်းတွေမှာ သွားတက်ရင် တကယ့် အရည်အသွေးပြည့်ဝတဲ့ ပညာရေးကို ရမှာ သေချာပါတယ်။ ဒါပေမဲ့ အချိန်မပေးနိုင်လို့ဖြစ်ဖြစ်၊ ပွဲစားတွေရဲ့ ဖြားယောင်းမှုကြောင့်ဖြစ်ဖြစ် ဟိုကျောင်းတွေကို ရောက်သွားတဲ့အခါ ဒုက္ခလှလှ တွေ့တော့တာပါပဲ။ စာသင်မယ့် ဆရာတွေက AI အကြောင်း၊ IT အကြောင်း သေသေချာချာ နားမလည်ကြဘူး။ ခေတ်စားနေတဲ့ စကားလုံး တွေနဲ့ နာမည်ကြီး ဖတ်စာအုပ်တွေကို ကိုးကားပြီး ဟန်ပြသင်သွားကြတာ များတယ်။ တကယ့် လက်တွေ့တတ်ကျွမ်းတဲ့ ဆရာဆိုတာ လက်ချိုးရေလို့ ရတယ်။ ဒီလိုနဲ့ပဲ ဗီဇာရဖို့ သက်သက် သွားတဲ့ လူငယ်တွေဟာ ပညာလည်းမတတ်၊ အချိန်တွေ၊ ငွေတွေသာ ကုန်ဆုံးပြီး လမ်းပျောက်ရပြန်ပါတယ်။
ကျွန်တော်တို့ လူငယ်တွေ၊ ညီငယ်၊ ညီမငယ်တွေ... ပညာရေးဆိုတာ ကိုယ့်ဘဝအတွက် အကြီးမားဆုံး လက်နက်ပါ။ ဒါပေမဲ့ အဲဒီလက်နက်ကို ဝယ်ယူတဲ့နေရာမှာ လိမ်လည်လှည့်ဖြားတဲ့ ကျားဖြန့်တွေရဲ့ သားကောင် မဖြစ်ပါစေနဲ့။

မိဘတွေရဲ့ ချွေးနှဲစာ၊ ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ လူငယ်ဘဝ အချိန်တွေကို ပွဲစားတွေရဲ့ လေလုံးတွေကြားမှာ မစတေးလိုက်ပါနဲ့။ သေချာ စုံစမ်းပါ၊ ဝေဖန်ပိုင်းခြားပါ။ ကိုယ်ရွေးချယ်မယ့် လမ်းဟာ ရွှေပြည်တော်ကို တကယ်ရောက်မယ့် လမ်းလား၊ ဒါမှမဟုတ် တံလျှပ်ကို ရေထင်ပြီး ပြေးရမယ့် လမ်းလားဆိုတာကို မျက်စိဖွင့် နားဖွင့်ထားဖို့ ကျွန်တော် အလေးအနက် သတိပေးချင်ပါတယ်။ 

Thursday, April 15, 2021

ဒီကနေ့မှာပဲ ဖမ်းဆီးခံလိုက်ရလို့ အားလုံးကဝမ်းနည်းစိတ်ပူနေကြရတဲ့ ဦးဇင်ဝိုင်းနဲ့ အဆိုတော်ပိုပို



 ပရိသတ်ကြီးရေ.. နွေဦးတော်လှန်ရေးတိုက်ပွဲကြီးမှာ ပြည်သူတွေနဲ့အတူလုထုလှုပ်ရှားမှုတွေကို တတ်နိုင်တဲ့ဘက်ကနေ ရဲရင့်တက်ကြွစွာပါဝင်လှုပ်ရှားခဲ့တဲ့ အကယ်ဒမီဦးဇင်ဝိုင်းနဲ့ အဆိုတော်ပိုပိုတို့ကတော့ ဒီနေ့မှာပဲ ထိန်းသိမ်းခံလိုက်ရပါတယ်..။

ဦးဇင်ဝိုင်းနဲ့ အဆိုတော်ပိုပိုတို့ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းတွေကတည်းက ပုဒ်မ- ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူခြင်းခံထားရတာဖြစ်ပြီး ဒီကနေ့ ဧပြီလ(၁၅)ရက်နေ့ နေ့လည်ပိုင်းမှာ အသီးသီး ထိန်းသိမ်းခံလိုက်ရတာ ဖြစ်ပါတယ်..။




အဆိုတော်ပိုပိုကို ဒီနေ့ ညနေ(၃)နာရီလောက်မှာ နေအိမ်ကနေ ဖမ်းဆီးသွားတာဖြစ်တဲ့အကြောင်း သူမရဲ့ မန်နေဂျာဖြစ်သူက အတည်ပြုပြောပြထားတာဖြစ်ပြီး ဦးဇင်ဝိုင်းကိုတော့ ညနေ(၄)နာရီဝန်းကျင်လောက်က တက္ကသိုလ်ရိပ်မွန်မှာ ထိန်းသိမ်းခေါ်ဆောင်သွားတာ ဖြစ်တယ်လို့ သိရပါတယ်..။|

ဦးဇင်ဝိုင်းနဲ့ ပိုပိုတို့နှစ်ယောက်အတွက် ပရိသတ်တွေနဲ့အတူ အနုပညာရှင်တွေကလည်း စိတ်မကောင်းဖြစ်နေကြသလို သရုပ်ဆောင်ဘုန်းဆက်သွင်နဲ့ မော်လ်ဒယ်သရုပ်ဆောင် Hu Go တို့ကလည်း သူတို့ရဲ့ ဖေ့စ်ဘွ်စာမျက်နှာကနေ ဝမ်းနည်းစိတ်ပူနေတဲ့အကြောင်းရေးသားထားကြတာ တွေ့ရပါတယ်..။
























“ပိုပို ကိုဖမ်းသွားကြပြီ!

Speakout လုပ်ပေးကြပါအုံး!

သူလုံးဝနေမကောင်းဘူး!

သူ့မှာမိသားစုလည်း မရှိပါဘူး!

အနောက်က ဘယ်လိုလိုက်ရမလဲဆိုတာ အကြံပေးပါအုံး!..

She Need Us🙏🙏🙏..” ဆိုပြီး စိုးရိမ်စိတ်တွေနဲ့ ဝမ်းနည်းစွာပြောပြထားသလို “Here is to strong women,

May we know them

May we be them

May we raise them

Keep smiling

Keep stronger

You did it my fri💪🏻✊🏻💪🏻..” ဆိုပြီးတော့လည်း Hu Go က သူငယ်ချင်းဖြစ်သူ ပိုပိုအတွက်အားပေးစကားတွေလည်း ပြောထားပါသေးတယ်..။

ပြည်သူတွေအားလုံးကလည်း ထိန်းသိမ်းခံထားရတဲ့ ဦးဇင်ဝိုင်းနဲ့ ပိုပိုတို့နှစ်ယောက်လုံး ကျန်းကျန်းမာမာ အန္တရာယ်ကင်းဘေးရှင်းစွာနဲ့ အမြန်ဆုံးပြန်လည်လွတ်မြောက်ဖို့အတွက် အသီးသီးဆုတောင်းပေးထားကြတာလည်း တွေ့ရပါတယ်..။





Saturday, April 10, 2021

CNN သတင်းထောက် Clarissa ward ကိုပြည်တွင်းကတစ်ယောက်ရေးပြီးပေးလိုက်တဲ့စာ


CNN သတင်းထောက် Clarissa ward ကိုပြည်တွင်းကတစ်ယောက်ရေးပြီးပေးလိုက်တဲ့စာ
ဘာသာပြန်
သို့ clarissa Ward

မြန်မာပြည်မှာဘာတွေဖြစ်နေသလဲဆိုတာကမ္ဘာကိုသိအောင်ပြောပေးပါ

ထိခိုက်နစ်နာမှုမရှိသောအရပ်သားများကိုစစ်တပ်မှသေသည်အထိသတ်ခဲ့သည်

ကျနော်တို့အရပ်သားတွေကစစ်အစိုးရကိုမလိုချင်ဘူး

ကျေးဇူးပြုပြီးအပြည်ပြည်ဆိုင်ရာအသိုင်းအ ၀ ိုင်းကကြည့်တာကိုရပ်လိုက်ပါ

တတ်နိုင်သလောက်ချက်ချင်းအရေးယူပါ

#whatshappeningnowinmyanmar







 

CRPH// April 9 2021 News


 

သားစစ် vs ငွေပု // ဟာသ video လေးပါ


 

လူကြီး သူမ များခင်ဗျာ....

ဒီစာက လူကြီးတွေ အထူးသဖြင့် အသက် ၅၀ နဲ့အထက် ၅၀ လောက်တွေကို ပိုပြီးတော့ ရည်ရွယ်ပါတယ် ။ 

လူကြီးတွေဟာ ကျွန်တော်တို့ လူငယ်တွေကို သူတို့ရဲ့အတိတ် သူတို့ရဲ့ ဘဝတွေနဲ့ တိုင်းတာတတ်ကြတယ် ။ 

သူတို့တုန်းက အမှန် သူတို့တုန်းက သင်ခဲ့ဖူးတာတွေ နဲ့ ဆုံးမကြတယ်၊ ပြောကြတယ် ။ 

ဥပမာ-ဒီလမ်းကြီးမသွားနဲ့ဆို သူတ်ို့ကအဲ့နည်းအတ်ိုင်းလူငယ်တွေကိုလည်း ဒီလမ်းကြီးမသွားနဲ့ ဆ်ိုပြီး ချုပ်ချယ်တယ် ။ 

တကယ်တော့ လူငယ်တွေက စူးစမ်းလိုစိတ်ရှိကြတယ် သူတို့တုန်းကမဖြစ်နိုင်ဘူးဆိုတာကို ဖြစ်အောင် လုပ်ကြည့်ချင်ကြတယ် ။ 

လူကြီးတွေဟာ ပုံစံအတိုင်းပဲသွားတယ် ဒီ တော်လှန်ရေးကြီးမဖြစ်ခင်တုန်းကလည်း လူငယ်တွေကို အမျိုးမျိုးချုပ်ချယ်ကြတယ် ။
 
ဖုန်းလေးကိုင်ပြီဆိုရင်လည်း "နင်ကဒီဖုန်းပဲကိုင်နေတာ ဘာအလုပ်မှမလုပ်ဘူး " ဆိုပြီးပြောတယ် ။ 

ဒါမဲ့ တချို့တွေဟာ အဲ့ဒိဖုန်း/laptopကနေ You tube ကနေ စာသင်နေမယ် ! Fic ရေးတဲ့သူ ၊ ကဗျာ ၊ Story ရေးတဲ့သူ တွေလည်းရှိကောင်းရှိမယ် ။

 သူတို့အချိန်ဖြုန်းနေတာမဟုတ်ပါဘူး အဲ့ဒါကိုလူကြီးတွေရဲ့အမြင်မှာတော့ "နင်ကလက်ကျောမတင်းဘူး ၊ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုပြီး " ပဲပြောတယ် ။
 
အခုဒီလို အခြေအနေတွေ ဖြစ်လာပြန်တော့လည်း !! "ဦးလေးတို့ ၊ ဒေါ်လေးတ်ို့ ၈၈ တုန်းကခံခဲ့ပြီးပြီ " ဘာညာနဲ့ ရှေ့က လူငယ်တွေအားပျက်စေမှာတွေကိုပဲ တချို့တွေကပြောတယ် ။ 

သူတို့ ၈၈ တုန်းကအတိတ်ဆိုးကြီးကိုပဲ ၂၁ မှာ ကြိုးစားနေတဲ့ လူငယ်တွေကို ချပြနေတာကိုတွေ့ရတယ် ။

 "ရှေ့မတက်နဲ့နော် ရှေ့တက်ရင်ပစ်မှာ " မတက်ပါဘူး ဒါမဲ့ပစ်သွားတာကျတော့ရော !! 

"မင်းတို့က အရင်စရင်တော့ ဟိုကချမှာ " အရင်မစပါဘူး သူတို့က စည်းကျော်လာတာရော !!

 "အကြမ်းမဖက်နဲ့ သူတို့ အကွက်ထဲဝင်သွားမယ် "

 အဲ့မှာ ကြွေသွားတဲ့ကြယ်တွေက အကြမ်းဖက်ခဲ့လို့လား ??? 

ကိုယ်တိုင်ကလဲ မပါဝင်ဘဲနဲ့ ကိုယ့်ဘေးနားကလူငယ် တွေကို ၈၈ တုန်းကကြုံခဲ့ရတယ်ဆိုပြီး အမျိုးမျိုးဆရာမလုပ်ပါနဲ့ !! 

(လုံးဝ ခေတ်ကြီးကမတူတော့လို့ပါ ) နောက်ပြီး ကိုယ့်သားသမီးကို အပြင်မထွက်ခိုင်းဘဲ ကြောက်စိတ်တွေ ရိုက်သွင်းပေးနေတာတွေ မလုပ်လိုက်ပါနဲ့ !! 

သူတို့ကိုအခုချိန်ကြောက်စိတ်ပဲထည့်ပေးလိုက်တာနောင်တစ်ချိန်မှာ တော်လှန်ရေးမှာငါမပါခဲ့ရပါ့လားဆိုပြီး သိမ်ငယ်စိတ်တွေပါဝင်သွားရင် လူကြီးတွေရဲ့ အပစ်ပါပဲ ။ 

အဲ့ဒီတော့ဗျာ ကျွန်တော်လူကြီးတွေကို အများကြီး မတောင်းဆိုပါဘူး !! 

လူကြီးတွေမို့ လမ်းပေါ်မထွက်နဲ့ ရတယ် ဒါမဲ့ ပြေးလွှားပြီးလာရတဲ့ လူငယ်တွေ ကိုယ့်သား၊သမီး အရွယ်တွေက်ို အိမ်တံခါးလေးဖွင့်ပေးခြင်းနဲ့ ကူညီပေးပါ ။ 

နောက်ပြီးတော့ ဒီအာဏာရူးတွေဟာ လူကြီးတွေကိုပဲ ပိုပြီးကြောက်စိတ်သွင်းတယ် လူကြီးတွေကတစ်ဆင့် သူတို့သားသမီးကို ချုပ်ချယ်မယ်ဆိုပြီး အကွက်ဆင်ထားတာ !! 

ဥပမာ- ဟိုနေ့က A4 တွေနဲ့ စာတင်တဲ့သူ သတင်းတင်တဲ့ လူငယ်တွေ Print ထုတ်ပြီး ဝရမ်းထုတ်တယ်ဆိုတာမျိုး !! 

အမှန်တော့ လူငယ်တွေက သိပြီးသား အဲ့ဒါကိုလူကြီးတွေက အကြောက်လွန် ကိုယ့်သားသမီးကို Post တွေပြန်ဖျက်ခိုင်း ဘာလုပ်ခိုင်းနဲ့ အကြောက်တရားကို ရိုက်သွင်းနေတာပါ ။ 

နောက်ဆုံးအနေနဲ့ ပြောချင်တာ အရမ်းကြီး မကြောက်ကြပါနဲ့ ခင်ဗျာ !! ကြောက်ရင် ကျွန်တော်တို့ရှုံးမှာ ။ 

လူကြီးတွေက ကြောက်လို့ လမ်းပေါ်မထွက်ဘူးပဲထား !! လမ်းပေါ်မှာရှိတဲ့ လူငယ်တွေကို ကြောက်အောင်ပြောတာ ဘေးကနေ အပြစ်တင်နေတာတွေ မလုပ်ပါနဲ့ ။ 

လူကြီး မိဘ များခင်ဗျာ !!! 
ကျွန်တော်တို့လူငယ်တွေကို ကြောက်စိတ်တွေဝင်အောင်ပြောခြင်း ၊ ဘေးထိုင်ပြီး အပြစ်ပြောခြင်းများမလုပ်ဘဲ လူငယ်တွေပြေးလာရင် အိမ်တံခါးဖွင့်ပေးခြင်း အားပေးစကားများပြောခြင်းများဖြင့် ကူညီပေးစေလိုပါတယ် ခင်ဗျာ ။ @𝐕𝐄𝐑𝐒𝐄 𝐃𝐨 𝐧𝐨𝐭 𝐫𝐞𝐩𝐨𝐬𝐭 𝐰𝐢𝐭𝐡𝐨𝐮𝐭 𝐜𝐫𝐝. (ထိုစာသည်လူကြီးသူမများအား အပြစ်တင်ခြင်းမဟုတ်ပါ )

Tuesday, January 5, 2021

အပြင်မှာမတွေ့ဖူးပေမယ့်......

တစ်ခါမှ အပြင်မှာ မတွေ့ဖူးပေမယ့် Messenger ထဲမှာ စကားလေတွေပြောရင်း တစ်ယောက်အကြောင်းတစ်ယောက်သိပြီး ခင်လာတဲ့ မိတ်ဆွေတွေလဲရှိပါတယ် ။ 

 Hi ဆိုတဲ့ စကားလေးတစ်လုံးကနေ BFF ဆိုတာတွေထိ ဖြစ်ခဲ့တာတွေလဲရှိတယ် ။ 

 Hi ဆိုတဲ့ စကားလေးတစ်ခွန်းကနေပဲ Block ဆိုပြီး ဖြစ်သွားတာတွေရှိကြတယ် ။ 

 အပြင်မှာ မမြင်ဖူးပေမယ့် သူဘယ်မှာနေတာ ဘာလုပ်တာ သူ့အကြောင်းတွေကိုလဲပြောပြ ! ကိုယ့်အကြောင်းတွေကိုလဲ ပြန်ပြောပြရင်း တချို့အရာတွေမှာ အကြိုက်ချင်းတူပြီး အရမ်းခင်ကြတဲ့သူတွေဖြစ်လာတယ် ။ 

တစ်ခါတစ်လေ သူ့ရဲ့ အဆင်မပြေတာတွေ လာပြီးတော့ရင်ဖွင့်ပြတယ် ။ 

ပေါတောတောတွေကိုလည်း အတူတူဖုန်းထဲမှာ ပေါက်ကရတွေ လုပ်တယ်။ 

 အပြင်မှာတော့ မတွေ့ဖူးပါဘူး ဒီဖုန်းလေးထဲမှာတော့ သူကသူငယ်ချင်းကောင်းတစ်ယောက်ပါ ။ 

 အမြဲတမ်းလိုလို စကားပြောဖြစ်ကြတယ် သူ့နေတဲ့နေရာမှာ ဘယ်လို ကိုယ်နေတဲ့နေရာမှာ ဘယ်လို အသေးမွှားလေးတွေကအစပြောရင်း တဖြည်းဖြည်းနဲ့ အရမ်းခင်မင်လာတယ် ။ 

နောက်ဆုံး သူ့မြို့ကို အလည်လာဖို့ ကိုယ့်မြို့က်ို အလည်လာရင် ဝင်ခဲ့ဖို့အထိပါ ဖြူစင်တဲ့ သူငယ်ချင်းတွေဖြစ်လာတယ် ။
 
တကယ်တော့ ချစ်ခြင်းမေတ္တာမှာ ဝေးကွာခြင်း နီးခြင်းတွေမဆိုင်ပါဘူး ! တစ်ယောက်ရဲ့ ရင်ထဲကို မြင်အောင်ကြည့်နိုင်တယ် ။ 

တစ်ယောက်နဲ့တစ်ယောက်အမြင်တူတယ် တစ်ယောက်ကိုတစ်ယောက်ရိုးသားတယ်ဆို ဖြူစင်တဲ့ သူငယ်ချင်းဆိုတာ Online ပေါ်ကနေ ခင်လာတာတွေလဲရှိပါတယ် ။ 

တစ်ခါတစ်လေကျ ဒီလိုမျိုး အဝေးကကြီးမှာဆိုပေမယ့် ကိုယ်အခင်ဆုံးသူငယ်ချင်းဖြစ်နေတာမျိုး ! သင့်မှာလဲ ရှိဖူးမှာပါ ၊ ရှိချင်လဲ ရှိနေမှာပါ ။ VERSE Jan-5

Tuesday, December 22, 2020

တစ်ယောက်တည်းနေတဲ့သူတွေ..,,,

တစ်ယောက်တည်းနေတဲ့သူတွေ..,,, Single တွေ တစ်ခါတစ်လေ အထီးကျန်သလိုဖြစ်ပေမယ့်လဲ ကောင်းကျိုးတွေအများကြီးကျန်ပါသေးတယ်....။

 (၁)ကိုယ့်အတွက်ကိုယ်အချိန်ပေးနိုင်ခြင်း ကိုယ့်အတွက် ကိုယ့်စိတ်ကြိုက်နေချင်သလို နေလို့ရပါတယ် နောက်ကိုယ့်ရဲ့အလုပ် ကိုယ့်ရဲ့ ဝါသနာတွေကို ဦးစားပေး လုပ်လို့ရပါတယ်....

။ (၂)အိပ်ချင်တဲ့အချိန်အိပ်လို့ရတယ်... ဖုန်းပဲတစ်ညလုံးသုံးနေမလား... ဒါမှမဟုတ်လဲ စောစောပဲအိပ်မလား..? ကြိုက်တဲ့အချိန်အိပ်လို့ရတယ်... ဖုန်းအဝင်Callbတွေလဲစောင့်စရာမလိုပါဘူး လွတ်လပ်တဲ့ညဘက်တွေဖြစ်ပါတယ်...။ 

 (၃) ချုပ်ချယ်မှုမရှိခြင်း ချုပ်ချယ်မဲ့သူမရှိပါဘူး... ကိုယ်ကို့သူငယ်ချင်းနဲ့မသွားနဲ့.. စောစောပြန်လာ ညဘက်မထွက်နဲ့... ဘာမလုပ်နဲ့ ညာမလုပ်နဲ့ လို့.... ပြောမဲ့သူမရှိပါဘူး... ကိုယ့်သဘောကိုယ့်စိတ်အတိုင်း နေလို့ရပါတယ်.....။ 

 (၄) မိသားစုကိုအချိန်ပေးနိုင်ပါတယ်.. ကိုယ့်ရဲ့ မိသားစုနဲ့ မုန့်လုပ်စားတာ.. ကိုယ်ချစ်တဲ့သူတွေနဲ့ခရီးတွေထွက်တာတွေ.. အများကြီးဖန်တီးလို့ရပါတယ်....။ 

 (၅) Relationships ကြောင့်စိတ်ညစ်စရာတွေနည်းပါတယ်.... တစ်ယောက်တည်းနေတဲ့အခါ... အထီးကျန်တာမှ လွဲလို့ တခြားအရာတွေ... ရန်ဖြစ်တာတွေ ပြဿနာတွေသိပ်မရှိနိုင်ပါဘူး

 (၆) ပိုက်ဆံပိုစုလို့ရပါတယ်... ကိုယ့်အလုပ်ကရတာတွေကို.. ကိုယ့်အတွက် နောက် ကိုယ့်မိသားစုနဲ့... ကိုယ့်ရဲ့ လုပ်အားခတွေကို... ပိုပြီးတော့ စုလို့ရပါတယ်....။

 (၇) ဝယ်ချင်တာဝယ်လို့ရပါတယ်... ကိုယ့်ရဲ့ အလုပ်ကရတာတွေကို... ကိုယ်လိုချင်တဲ့အရာတွေကို ဝယ်လို့ရပါတယ်.

 (၈) တစ်ယောက်တည်း ခရီးတွေထွက်နိုင်ပါတယ်... လွတ်လပ်မှုအပြည့် စိတ်ခံစားမှုအပြည့်.. ပူပန်မှုမရှိ စိတ်ကြိုက်ခရီးတွေထွက်လို့ရပါတယ် လေ့လာလို့ရပါတယ် ။ 

Single တွေအနေနဲ့... အထီးကျန်တယ် ဝမ်းနည်းတယ်ဆိုတာထက် လိုချင်တဲ့ ပျော်ရွှင်မှုတွေကို ရှာဖွေပြီး စိတ်ကြိုက် ဖန်တီးလို့ရပါတယ်....။ VERSE

Wednesday, January 8, 2020

“မစ္ဆာရိယစိတ်ကြီးတဲ့သူတွေနဲ့ ဘယ်တော့မှအားမပြိုင်နဲ့ ငါ့သား”

                           “မစ္ဆာရိယစိတ်ကြီးတယ်ဆိုတာ ဘာလဲအဖေ”

“မနာလိုစိတ်ကြီးတာကိုပြောတာ၊ ကိုယ့်ထက်သာ မနာလိုတဲ့စိတ်များတာကိုပြောတာ သား”

“သားက သူ့ထက်မသာခဲ့ရင်ကော အဖေ”

“လူတိုင်းမှာ သူ့အားသာချက်နဲ့သူရှိတယ်သား၊ သူသာတာရှိသလို ကိုယ်သာနေတာလည်းရှိမှာပဲ၊ မစ္ဆာရိယစိတ်ကြီးတဲ့သူတွေဟာ အဲ့ဒီသာတဲ့အချက်ကိုပဲ ပစ်မှတ်ထားပြီး မနာလိုကြတယ်သား၊ ဒီတော့ ရှောင်သာရှောင်ပါ ငါ့သား”

“ဟုတ်”

“အဖေ ပုံပြင်လေးတစ်ပုဒ်ပြောပြမယ်နော်”

“ဟား….အဲ့ဒါကိုစောင့်နေတာ”

“ရှင်ဘုရင် တစ်ပါးဟာ လောကမှာ ဘယ်လိုလူစားမျိုးက ကြောက်စရာအကောင်းဆုံးဆိုတာ သိပ်သိချင်သတဲ့ကွ။ ဒါနဲ့ပဲ အရမ်းကြောက်စရာကောင်းတဲ့ လူနှစ်ယောက်ကို ရှေ့တော်ခေါ်ပြီး စမ်းသပ်သတဲ့၊ လောဘသမားနဲ့ မစ္ဆာရိယသမားပေါ့”

“အဲ့ဒီလူစားနှစ်မျိုးက ကြောက်စရာအကောင်းဆုံးပေါ့နော် အဖေ”

“ဟုတ်တယ်ငါ့သား……ဒါနဲ့ပဲ ရှင်ဘုရင်ကြီးဟာ အဲ့ဒီနှစ်ယောက်ကို လိုရာဆုတောင်းစေသတဲ့”

“ဟဲဟဲ…..သားသာဆိုရင်တော့ DT ဆိုင်ကယ်တောင်းမယ်”

“ဒါပေမယ့် တစ်ယောက်ပဲတောင်းခွင့်ရှိသတဲ့၊ အရင်တောင်းတဲ့သူစိတ်ကြိုက်တောင်းခွင့်ရှိတာတဲ့၊ နောက်လူကတော့ ဘာမှတောင်းခွင့်မရှိဘူးတဲ့၊ ဒါပေမယ့် ရှေ့လူရဲ့ နှစ်ဆ ရမယ်လို့ မိန့်သတဲ့ကွ”

“ဟင်…..ဘယ်လိုကြီးလဲ” “ဥပမာ….ပထမလူက ၁၀၀တောင်းရင် နောက်လူက ၂၀၀ရမယ်ဆိုတဲ့သဘောပေါ့ကွာ”

“ဟာ…..ဒါဆိုနောက်လူက ပိုရတာပေါ့”

“အေးအဲဒါပြောတာပေါ့……လောဘသမားကလည်းသားလိုပဲတွေးတယ်….သူကမတောင်းပဲနေရင် နှစ်ဆရမှာမို့ လိုရာဆုမတောင်းပဲ ပေကတ်ပြီး တဖက်လူအတောင်းကို စောင့်နေသတဲ့”

“ဟီး……သားက လောဘသမားလားမသိဘူးနော်”

“တဖက်က မိစ္ဆာရိယသမားကလည်း သူကအရင်တောင်းလိုက်ရင် နောက်လူက နှစ်ဆရသွားမှာကို မနာလိုသတဲ့၊ ဒါနဲ့ပဲ ဆုမတောင်းပဲ စောင့်နေပြန်သတဲ့”

“ဟာ…..ရှင်ဘုရင်တော့တိုင်ပတ်ပြီပေါ့” “ဒီလိုနဲ့ ဟိုလူတောင်းနိုး၊ ဒီလိုတောင်းနိုးနဲ့ တစ်ယောက်ကိုတစ်ယောက်စောင့်နေသတဲ့၊ ဒါနဲ့ပဲ မစ္ဆာရိယသမားကတွေးသတဲ့၊

ဟိုကောင်ကလောဘကြီးတယ် ဆုတောင်းမှာမဟုတ်ဘူး၊ ငါကအရင်တောင်းပြန်ရင်လည်း ဒီကောင်က နှစ်ဆရသွားမှာ၊ ငါကနာတာပေါ့၊ ဒီကောင်ကလည်း ငါမတောင်းမချင်း ပေကတ်နေမယ့်ကောင်၊ မထူးပါဘူး ငါပဲအရင်တောင်းလိုက်တော့မယ်ဆိုပြီး”-

“အရှင်ဘုရား….ကျွန်တော်မျိုးရဲ့ မျက်လုံးတစ်လုံးကို ဖောက်ထုတ်ပေးပါဘုရား လို့တောင်းသတဲ့”

“ဟာ……..ဒါဆို ဟိုလောဘသမားကြီးက မျက်လုံးနှစ်ဖက်လုံးကန်းပြီပေါ့ ဟုတ်လားအဖေ”

“အဲ့ဒါပြောတာပေါ့သားရဲ့…..နောက်ဆုံးမှာ လောဘသမားကြီးဟာ မျက်လုံးနှစ်ဖက်လုံး ဆုံးရှုံးသွားရတာပေါ့”

“ဟိုလူကြီးကလည်း သူလည်းအကျိုးမရှိပဲနဲ့များဗျာ အံ့သြပါ့”

“မစ္ဆာရိယသမားဆိုတာ တဖက်လူဒုက္ခရောက်ဖို့ဆိုရင် ကိုယ့်ကိုယ်ကို ရင်းပြစ်ဖို့တောင် ဝန်မလေးဘူးငါသား”

“ကြောက်စရာကြီးနော် အဖေ” “အဲ့ဒါကြောင့် ကြောက်စရာအကောင်းဆုံးဖြစ်တဲ့ မစ္ဆာရိယစိတ်ကြီးတဲ့လူမျိုးကိုဘယ်တော့မှယှဉ်မတုနဲ့ ဝေးဝေးကရှောင်ငါ့သား”

yan naing

ပြန်လည်မျှဝေပေးပါ


























yan naing

ပြန်လည်မျှဝေပေးပါ

     

😥😥

Friday, November 16, 2018

ရိုဟင်ဂျာအရေး မြန်မာအားထုတ်မှုကို တရုတ်ထောက်ခံ အပါအဝင် နိုဝင်ဘာ ၁၆ ရက် မနက်ခင်း သိသင့်တဲ့ သတင်းများ

တရုတ်ဝန်ကြီးချုပ် လီကွတ်ချောင်က နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် (၁) ရိုဟင်ဂျာအရေး မြန်မာအားထုတ်မှုကို တရုတ်ထောက်ခံ ပြည်တွင်း ငြိမ်းချမ်းရေးအပြင် ရိုဟင်ဂျာအရေး ချဉ်းကပ်လုပ်ဆောင်နေတဲ့ မြန်မာအစိုးရရဲ့ အားထုတ်မှုကို တရုတ်နိုင်ငံက ထောက်ခံလိုက်ပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အကြား ဆွေးနွေးညှိနှိုင်းမှုတွေကတဆင့် ရခိုင်ပြည်နယ်အရေး ဖြေရှင်းတာကို တရုတ်နိုင်ငံက ထောက်ခံသလို ပြည်တွင်း ငြိမ်ချမ်းရေး လုပ်ဆောင်နေတဲ့ မြန်မာအစိုးရရဲ့အားထုတ်မှုတွေ ကိုလည်း ထောက်ခံတယ်ဆိုပြီး တရုတ်ဝန်ကြီးချုပ် လီကွတ်ချောင်က နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံချိန်မှာ ပြောကြားခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဌာနက သတင်းထုတ် ပြန်ပါတယ်။ ဝန်ကြီးချုပ်လီနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ စင်ကာပူမှာပြုလုပ်တဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲ အတွင်း စက်တင်ဘာလ ၁၅ ရက်နေ့က သီးခြားတွေ့ဆုံခဲ့တာပါ။ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ဘက်က အကြမ်းဖက်နှိမ်နင်းခဲ့မှုတွေနဲ့ပတ်သက်လို့ အမေရိကန် ဒုတိယ သမ္မတ မိုက်ပန့်စ်က ဝေဖန်ပြောဆိုခဲ့ပြီးနောက်မှာ တရုတ်ရပ်တည်ချက် ထွက်ပေါ်လာတာပါ။ မြန်မာအစိုးရရဲ့ ဆောင်ရွက်ချက်တွေကို နိုင်ငံတကာ မျက်နှာစာကနေပါ ဆက်လက်ပံ့ပိုး ကူညီမယ်လို့လည်း ပြောပါတယ်။ အလားတူပဲ အာဆီယံကလည်း မြန်မာအစိုးရ ဆောင်ရွက်နေတဲ့ နေရပ်စွန့်ခွာသွားတဲ့ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး လုပ်ငန်းအစီအစဉ်ကို ဆက်လက် ကူညီထောက်ပံ့မယ်လို့ ၃၃ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး သဘောထားကြေညာချက်မှာ ဖော်ပြထားပါတယ်။ ရခိုင်ပြည်နယ်က လူမှုအသိုင်းအဝိုင်းတွေအကြား သဟဇာတဖြစ်ရေးကို မြှင့်တင်ဖို့ ၊ လုံခြုံရေး၊ ငြိမ်းချမ်းတည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေးအတွက် ဆောင်ရွက်နေတာတွေကိုလည်း ဆက်လက်ကူညီ မယ်လို့ အဲဒီသတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ (၂) နေရပ်ပြန်နေထိုင်ကြတဲ့ ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည်တချို့ မြေယာအခက်အခဲကြုံနေရ နေရပ်ကို ပြန်လည်နေထိုင်ကြတဲ့ ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည်တချို့ဟာ သူတို့ နေထိုင်ဖို့နဲ့ လုပ်ကိုင်စားသောက်ဖို့ မြေယာ အခက်အခဲတွေ ရှိနေတယ်လို့ ဒုက္ခသည်တွေကို ကူညီထောက်ပံ့နေတဲ့ အဖွဲ့တဖွဲ့ဖြစ်တဲ့ ထိုင်း-မြန်မာ နယ်စပ်ညွှန့်ပေါင်းအဖွဲ့ TBC က ထုတ်ပြန်လိုက်ပါတယ်။ သူတို့တွေဟာ ငြိမ်းချမ်းရေးနဲ့ အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီး နောက်ပိုင်းမှာ မူလနေရပ်ကို ပြန်လည်နေထိုင်ကြသူတွေ ဖြစ်တယ်လို့ TBC က ပြောပါတယ်။ မြန်မာနိုင်ငံ အရှေ့တောင်ဘက်ခြမ်းက ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းနဲ့ ပဲခူးတိုင်းက နေရပ်တွေဆီ ပြန်သွားတဲ့ ဒေသခံ ဒုက္ခသည်တွေဆီကို လူမှုအဖွဲ့အစည်းတွေက ကွင်းဆင်း လေ့လာမှုအရ လုပ်ကိုင်စားသောက်ကြဖို့ အတွက် မြေယာ အခက်အခဲတွေ အဓိက ကြုံနေတာကို တွေ့ရတယ်လို့ ထိုင်း-မြန်မာနယ်စပ်ညွှန့်ပေါင်းအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒန်ကန်မက်အာသာက ပြောပါတယ်။ " သူတို့တွေဟာ လယ်သမား မိသားစုတွေ ဖြစ်တယ်။ သူတို့ အသက်မွေးဝမ်းကျောင်း ပြန်စဖို့နဲ့ ရေရှည်ဖွံ့ဖြိုးဖို့ လယ်ယာစိုက်ပျိုးရေးမြေတွေ ပြန်လုပ်ခွင့်မရတာဟာ အဓိကပြဿနာပါ။ သူတို့ နေရပ်စွန့် ထွက်ပြေးတဲ့ ကာလမှာ တခြားလူတွေက သူတို့မြေယာကိုလာပြီး လုပ်ကိုင်ကြတယ်။ ဒီပြဿနာကို ဖြေရှင်းမယ့်သူလည်း မရှိဘူး။ အစိုးရကလည်း တရားဝင် စီစဉ်ဆောင်ရွက်ပေးတာ မရှိဘူး" လို့ မက်အာသာ က ပြောပါတယ်။ ဒါ့အပြင် ဒုက္ခသည်တွေ နေရပ်နဲ့ မနီးမဝေးမှာ တပ်စခန်းတွေ ရှိနေသေးတဲ့အတွက် သူတို့တွေက စိုးရိမ်နေကြတယ်လို့ TBC ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
(၃) သတင်းမီဒီကောင်စီက တိုင်းအစိုးရအဖွဲ့ကိုယ်စားလှယ် အလဲဗင်းဂျာနယ်တို့နဲ့ ထပ်မံတွေ့ဆုံ Eleven Media သတင်းသမားတွေ ကိစ္စနဲ့ ပတ်သတ်ပြီး သတင်းမီဒီယာကောင်စီက တိုင်းအစိုးရအဖွဲ့ ကိုယ်စားလှယ် အပါအဝင် အလဲဗင်းဂျာနယ် တာဝန်ရှိသူတွေနဲ့ နိုဝင်ဘာ ၁၅ ရက်က သီးခြားစီ ထပ်မံ တွေ့ဆုံခဲ့ပါတယ်။ ဒီလို သီးခြားစီတွေ့ဆုံရာမှာ အလဲဗင်းဂျာနယ်ဘက်က အားလုံးကို ပြေလည်အောင် ဆောင်ရွက်မယ်လို့ ပြောဆိုခဲ့တဲ့ သဘောထားကို တိုင်းအစိုးရအဖွဲ့ကို စကားပါးနိုင်တဲ့အတွက် နှစ်ဖက်တွေ့ဆုံ ညှိနှိုင်းကြရင် ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းပြီးသွားလိမ့်မယ်လို့ သတင်း မီဒီယာ ကောင်စီဥက္ကဋ္ဌ ဦးအုန်းကြိုင်က ပြောပါတယ်။ " တိုင်းအစိုးရ ကိုယ်စားလှယ် ဦးအောင်ကျော်ခိုင်ကတော့ ဒါတွေကို ဆုံးဖြတ်ချက် ချပေးနိုင်မယ့်သူဆီ ပြန်တင်ပြပေးမယ်လို့ ပြောတယ်၊ သူက ညွှန်ကြားရေးမှုးအဆင့်ဆိုတော့ ချက်ချင်း အဖြေမပေးနိုင်ဘူးပေါ့။ နောက်တကြိမ် တွေ့ဆုံရင်တော့ ဆုံးဖြတ်ချက်ချနိုင်တဲ့သူ လာပါလိမ့်မယ်" လို့ ဦးအုန်းကြိုင်က ပြောပါတယ်။ ထပ်မံတွေ့ဆုံ ညှိနှိုင်းမှုကို လာမယ့်ဒီဇင်ဘာ လဆန်းမှ ပြန်စနိုင်မယ်လို့လည်း သူက ပြောပါတယ်။ အလဲဗင်းသတင်းသမား ၃ ဦး ကို အောက်တိုဘာ ၈ ရက် နေ့စွဲနဲ့ ထုတ်ခဲ့တဲ့ Weekly Eleven ဂျာနယ်ပါ " အမြဲရှုံးနေတဲ့ စက်သုံးဆီဆိုင်တွေ ပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်း မသိတဲ့ ကျောင်းကားနဲ့ လူနာမည်ပေါက် ပြည်သူ့ရှယ်ယာ" ခေါင်းစဉ်နဲ့ ဆောင်းပါးကြောင့် ရန်ကုန်တိုင်းအစိုးရက နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ နဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး သမ္မတဦးဝင်းမြင့်က သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၁ အရ နစ်နာတဲ့အဖွဲ့အစည်းဌာန၊ ပုဂ္ဂိုလ် ဟာ အရင်ဦးဆုံး သတင်းမီဒီယာကောင်စီကို တိုင်ကြားဖို့၊ မီဒီယာဥပဒေပုဒ် ၂၂ အရ သတင်းမီဒီယာကောင်စီက နှစ်ဘက်တွေ့ဆုံ ညှိနှိုင်းဖြေရှင်းဖို့ ညွှန်ကြားချက်ခဲ့လို့ အခုလို သတင်းမီဒီယာကောင်စီက တွေ့ဆုံဖြေရှင်း ပေးနေတာ ဖြစ်ပါတယ်။
(၃) ဗြိတိန် နုတ်ထွက်မှုဆိုင်ရာ သဘောတူညီချက် မူကြမ်းကို ပယ်ချရင် ပြန်ညှိနှိုင်းမှာမဟုတ် ဥရောပသမဂ္ဂ (အီးယူ)ကနေ ဗြိတိန်နုတ်ထွက်မှုဆိုင်ရာ သဘောတူညီချက် မူကြမ်းကို ဗြိတိန်လွှတ်တော် အမတ်တွေက ပယ်ချမယ်ဆိုရင် ပြန်ပြီးညှိနှိုင်းမှာ မဟုတ်ဘူးလို့ အီးယူခေါင်းဆောင်တွေက ပြောလိုက်ပါတယ်။ ဂျာမနီ အဓိပတိဖြစ်တဲ့ ဝန်ကြီးချုပ် အန်ခလာမာကယ်ကတော့ ဗြိတိန်နဲ့အီးယူကြား သဘောတူညီချက် တစ်ရပ် ထွက်လာပြီးပြီ ဖြစ်လို့ ဆွေးနွေးပွဲတွေ ပြန်လုပ်မလားဆိုတာတောင် မေးဖို့ မလိုတော့ဘူးလို့ ပြောထားပါတယ်။ ပြင်သစ်ဝန်ကြီးချုပ် အစ်ဒွါ့ဖီလစ်ကတော့ ဗြိတိန်နဲ့ အီးယူအကြား သဘောတူညီချက် မရနိုင်တဲ့ ခြေအနေအတွက် ပြင်ဆင်ထားဖို့လို့ပြီလို့ ပြောလိုက်ပါတယ်။ ဗြိတိန်အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ နှုတ်ထွက်တာနဲ့ ခေါင်းဆောင်မှုပိုင်းကို စိန်ခေါ်တာ ခံရနိုင်ချေရှိတဲ့ ဗြိတိန်ကြီးချုပ် ထရီဇာမေကတော့ သူ့ရဲ့ ဗြိတိန်နှုတ်ထွက်မှု အစီအစဉ်ကို ဆက်လုပ်ဖို့ ဆုံးဖြတ်ထားတယ်လို့ ပြောပါတယ်။ ကိုယ့်နိုင်ငံအရေး ဘယ်သူကမှ ပိုမသိနိုင် - ဒေါ်အောင်ဆန်းစုကြည် ဆက်စပ် အကြောင်းအရာများ

Monday, May 7, 2018

နွေ ပိ​တောက

❀◕ ‿ ◕❀❀◕ ‿ ◕❀
ရွှေအသွင်​ ​ပြောင်​​မြောက်​လှ
ဝင်း​တောက်​လို့ တရွှင်​ရွှင်
ကြည်​လဲ့ အစဉ်​။

နွေပင်​လယ်
ရင်​ဝယ်​ပိုက်​ ​လှော်​ခြင်း။
တို့"မြန်​"ပြည်​မှာက
အတာ​ခေါ် ခါ​တော်​နှစ်​ဦးနှင့်
အထူး အတူဆုံရ​အောင်
နွေဦးကြုံ ပူပုံလကို
ဖြတ်​လို့ ​ကျော်​နင်း။
မော်​ဒန်​(Modern)အံ့သုခ

Mother Day

                                                Mother Day

မိခင်များနေ့ တေးလက်ဆောင်
မိခင်ဆိုတာ လူတိုင်း ဦးထိပ်ထားတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ အဲ့လိုမြင့်မြတ်တဲ့ မိခင်တွေကို အထိမ်းအမှတ်ထား ဂုဏ်ပြုတာတွေကလည်း ဘာသာပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံတိုင်းမှာ တွေ့ရတာပါ။ လာမယ့် မေလ ၁၃ ရက်နေ့ တနင်္ဂနွေနေ့ကတော့ အမေရိကန်ပြည်ထောင်စုမှာ မိခင်မေတ္တာကို အထူးအောက်မေ့ ဂုဏ်ပြုတဲ့ မိခင်များနေ့ဖြစ်ပါတယ်။
အဲဒီ့မိခင်များနေ့မှာ ဗွီအိုအေ တေးချစ်ပရိသတ်တွေအနေနဲ့ ကိုယ်ရဲ့ကျေးဇူးရှင်မွေးသမိခင်အတွက် မေတ္တာတေးလေးတွေနဲ့ဂုဏ်ပြုချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Facebook မှတ်ချက်ရေးပြီး တေးလက်ဆောင် တောင်းဆိုနိုင်ပါတယ်။ ဗွီအိုအေကို အီးမေးလ်ပို့ပြီး တေးတောင်းမယ်ဆိုရင်လည်း အီးမေးလ်လိပ်စာက burmese@voanews.com ဖြစ်ပါတယ်။
ကိုယ်တေးလက်ဆောင်ပေးချင်တဲ့ မိခင်၊ ဒါမှမဟုတ် မိခင်လို ချစ်ခင်ရသူတွေရဲ့ နာမည် နေရပ် တို့ကို ထည့်ရေးပေးဖို့ မမေ့ကြပါနဲ့ဦး။ ဗွီအိုအေကို အားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။