စိတ္ကူးတည္ရာ ...
Friday, October 9, 2026
အမေရိကန် စစ်သည် ၁၃ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့သည့် တရားခံ၏ သေဒဏ်စီရင်မှုကို တိုက်ရိုက်ထုတ်လွှင့်မည်ဟု ပန်တဂွန်ဆို
9 Oct 2026 By PBS News
၂၀၀၉ ခုနှစ်က ဖော့တ်ဟူးဒ် (Fort Hood) စစ်စခန်းအတွင်း လူ ၁၃ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့သည့် တပ်မတော် စိတ်ကျန်းမာရေး ဆရာဝန်ဟောင်း နီဒါးလ် မားလစ်ခ် ဟာဆန် (Nidal Malik Hasan) အား သေနတ်ဖြင့် ပစ်သတ် ကွပ်မျက်မည့် ဖြစ်စဉ်ကို အများပြည်သူ ကြည့်ရှုနိုင်ရန် တိုက်ရိုက်ထုတ်လွှင့် (Livestream) သွားမည်ဖြစ်ကြောင်း ပန်တဂွန် စစ်ဌာနချုပ်က အောက်တိုဘာ ၈ ရက်တွင် အတည်ပြု ပြောကြားလိုက်သည်။
ကာကွယ်ရေးဝန်ကြီး ပိတ် ဟက်ဂ်ဆက်သ် (Pete Hegseth) က အဆိုပါ သေဒဏ်ပေးမှုကို အများပြည်သူ ရှေ့မှောက်တွင် ပြုလုပ်သွားမည်ဟု ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ပန်တဂွန်ဘက်က ယခုကဲ့သို့ အသေးစိတ် ထပ်မံ ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။
အမေရိကန် ရေတပ်၏ USS Abraham Lincoln လေယာဉ်တင်သင်္ဘောပေါ်မှနေ၍ Real America's Voice News သတင်းဌာနနှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ကာကွယ်ရေးဝန်ကြီး ဟက်ဂ်ဆက်သ် က ဟာဆန်၏ ကွပ်မျက်မှုကို လာမည့် ဒီဇင်ဘာ ၃ ရက်နေ့တွင် ဖော့တ်ဟူးဒ် စစ်စခန်း၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဟာဆန်ဘက်က အယူခံဝင်ခြင်း သို့မဟုတ် ထရမ့် အစိုးရအဖွဲ့ထံ နောက်ဆုံး မေတ္တာရပ်ခံ တောင်းဆိုထားခြင်း ရှိပါသလားဟု မေးမြန်းရာတွင် ဟက်ဂ်ဆက်သ် က "စိတ်မဝင်စားပါဘူး။ ဒီဇင်ဘာ ၃ ရက်ကျရင် တွေ့ကြတာပေါ့" ဟု ပြန်လည် တုံ့ပြန်ခဲ့သည်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် က ဟာဆန်၏ သေဒဏ်စီရင်မှုကို အတည်ပြု လက်မှတ်ရေးထိုးပေးခဲ့ပြီးဖြစ်ကြောင်း ပန်တဂွန် ပြောရေးဆိုခွင့်ရှိသူရှောင် ပါနဲလ် (Sean Parnell) က အစောပိုင်းတွင် အတည်ပြုထားသည်။
အမေရိကန် စစ်တပ်အနေဖြင့် ဒုတိယကမ္ဘာစစ် အပြီးမှစ၍ စစ်သည်တစ်ဦးကို သေနတ်ဖြင့် ပစ်သတ် သေဒဏ်ပေးခဲ့ခြင်း မရှိတော့ပေ။
အမေရိကန် စစ်တပ်၏ နောက်ဆုံး သေဒဏ်စီရင်မှုမှာ ၁၉၆၁ ခုနှစ် ဧပြီ ၁၃ ရက်က ကြိုးပေးကွပ်မျက်ခဲ့သည့် တပ်သား ဂျွန် ဘမ်းနက်သ် (John Bennett) ဖြစ်သဖြင့် ယခု သေဒဏ်စီရင်မှုသည် နှစ်ပေါင်း ၆၅ နှစ်အတွင်း ပထမဆုံး စစ်တပ် သေဒဏ်စီရင်မှု ဖြစ်လာမည် ဖြစ်သည်။
သို့သော်လည်း စစ်ဘက်ဆိုင်ရာ ဥပဒေကျွမ်းကျင်သူများကမူ ဟာဆန်အနေဖြင့် ၎င်း၏ သေဒဏ်စီရင်မှုကို ရပ်ဆိုင်းပေးရန် အရပ်ဘက် တရားရုံးများတွင် အသနားခံ လျှောက်ထား၍ တရားရင်ဆိုင်နိုင်ခြေ ရှိနေသဖြင့် ယခု ကွပ်မျက်မည့် အစီအစဉ်သည် လက်ရှိ အစိုးရအဖွဲ့ သက်တမ်းထက်ပင် ပိုမို ကြန့်ကြာသွားနိုင်ကြောင်း သုံးသပ်ထားကြသည်။
တပ်ကြပ်ကြီး အဆင့်ရှိခဲ့သူ ဟာဆန်သည် ၂၀၀၉ ခုနှစ်က ကာကွယ်ဆေးထိုးရန်နှင့် အာဖဂန်နစ္စတန်သို့ စေလွှတ်ရန် တန်းစီစောင့်ဆိုင်းနေကြသည့် စစ်သည်များရှိရာ ဆေးဘက်ဆိုင်ရာ အဆောက်အအုံအတွင်းသို့ ဝင်ရောက်ကာ "အလ္လာဟ်အက္ကဘာရ်" ဟု ကြွေးကြော်၍ လေဆာပါသည့် ပစ္စတိုသေနတ်ဖြင့် အနီးကပ် စတင် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ပစ်ခတ်မှုကြောင့် စစ်သည် ၁၃ ဦး သေဆုံးခဲ့ပြီး ၃၂ ဦး ဒဏ်ရာရရှိခဲ့သည်။
ဟာဆန်သည် ပစ်ခတ်မှု မပြု လုပ်မီ သီတင်းပတ်ပေါင်းများစွာ ကြိုတင် ပြင်ဆင်ခဲ့ပြီး၊ သေနတ် ကျည်ကတ် အမြန်လဲလှယ်ပုံကို လေ့ကျင့်ကာ ကျည်ဆန် ၁၄၆ တောင့်အထိ ပစ်ခတ်ခဲ့ကြောင်း စုံစမ်းစစ်ဆေးမှုများအရ သိရသည်။
၎င်းက အာဖဂန်နစ္စတန်သို့ သွားရောက်မည့် စစ်သည်များအား ၎င်း၏ မွတ်ဆလင် ညီနောင်များကို မသတ်ဖြတ်နိုင်စေရန် တားဆီးခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့ပြီး၊ တရားရုံးတွင် ၎င်းကိုယ်တိုင် ခုခံချေပခြင်း မပြုဘဲ ရန်သူ့ဘက်သို့ ကူးပြောင်းသွားသည့် စစ်သည်တစ်ဦးအဖြစ် ရပ်တည်ခဲ့သည်။
ဓာတ်ပုံ - AP
#အမေရိကန် #သေဒဏ်စီရင်မှု #MPA
လွမ်းမိ တောက်ပခဲ့နေ့ရက်တွေဆီ...
တချို့က တောခိုသွားကြတယ်။ တချို့ကပြည်ပရောက်ကုန်ကြတယ်။ တချို့ကျတော့လည်း ရပ်ဝေးမြေခြားကနေပြီး ဇာတိမြေကလက်ဖက်ရည်ဆိုင်လေးတွေနဲ့ အရင်အချိန်တွေကို လွမ်းဆွတ်နေကြဆဲပေါ့။ နိုင်ငံရေး လေပြင်းမုန်တိုင်းကြောင့် ကွဲကွာခဲ့ကြရပြီပေါ့။
---------------------------
အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/81667/
လူတွေဝေဖန်နေတဲ့ “လှောင်အိမ်ကုတင်” ဖြင့် ထားရခြင်း အကြောင်းရင်းကို ပိုင်ရှင်သားကိုယ်တိုင် ရှင်းပြလာ
လူမှုကွန်ရက်ပေါ်မှာ ဝေဖန်မှုတွေ ထွက်ပေါ်နေတဲ့ “လှောင်အိမ်ကုတင်” နောက်ကွယ်က အကြောင်းအရင်းကို ထိုင်းမီဒီယာတွေကတဆင့် ဂေဟာပိုင်ရှင်ရဲ့သားကိုယ်တိုင် ရှင်းပြလာပါတယ်။
ထိုင်းနိုင်ငံ ကန်ချနဘူရီက သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာမှာ လူနာကုတင်တွေကို သံဘောင်နဲ့ လှောင်အိမ်ပုံစံ ပြုလုပ်ထားတဲ့အပေါ် လူမှုကွန်ရက်မှာ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့တာပါ။အခုတော့ ဂေဟာပိုင်ရှင်ရဲ့သားဖြစ်သူ Teerapop Rangsisukanon က အဲဒီကုတင်ဒီဇိုင်းကို သူကိုယ်တိုင် စဉ်းစားဒီဇိုင်းဆွဲခဲ့တာဖြစ်ကြောင်း ဝန်ခံရှင်းပြလာပါတယ်။
နယူးဇီလန်နိုင်ငံ University of Auckland မှာ Health Sciences ပညာသင်ယူခဲ့သူဖြစ်ပြီး လူနာတွေ ကုတင်ပေါ်ကနေ ပြုတ်ကျပြီး ထိခိုက်ဒဏ်ရာရနိုင်တဲ့ အခြေအနေတွေကို လေ့လာပြီးနောက် အခုလို ဒီဇိုင်းကို ဖန်တီးခဲ့တာလို့ သူ့ဘက်က ရှင်းပြထားပါတယ်။
ဒါပေမယ့် လူနာတစ်ဦးချင်းစီရဲ့ အခြေအနေကို သုံးသပ်ရာမှာ လိုအပ်ချက်တွေ ရှိခဲ့နိုင်တာကိုလည်း လက်ခံထားပြီး ဝေဖန်အကြံပြုချက်တွေကို ထည့်သွင်းစဉ်းစားသွားမယ်လို့ ဆိုပါတယ်။
Thursday, October 8, 2026
𝐁𝐑𝐄𝐀𝐊𝐈𝐍𝐆: 𝐂𝐑𝐈𝐒𝐓𝐈𝐀𝐍𝐎 𝐃𝐎𝐄𝐒 𝐍𝐎𝐓 𝐑𝐄𝐓𝐈𝐑𝐄 𝐅𝐑𝐎𝐌 𝐏𝐎𝐑𝐓𝐔𝐆𝐀𝐋: "𝐀𝐅𝐓𝐄𝐑 𝐒𝐄𝐑𝐕𝐈𝐍𝐆 𝐌𝐘 𝐒𝐔𝐒𝐏𝐄𝐍𝐒𝐈𝐎𝐍, 𝐈'𝐋𝐋 𝐁𝐄 𝐀𝐕𝐀𝐈𝐋𝐀𝐁𝐋𝐄 𝐀𝐆𝐀𝐈𝐍."
Cristiano has now explained in detail what happened between him and the Portugal coach, saying that a broken promise was ultimately the reason he decided to leave the national team camp.
He admits he made a mistake by not greeting the fans after the game and apologizes to the Portuguese people and his teammates.
However, he insists that he has NEVER interfered with a coach's decisions and says that, if he is fit and playing after serving his suspension, he will once again make himself available for Portugal. 
"I'll be available, as I always have been, to compete and win for our national team." 
𝗖𝗥𝗜𝗦𝗧𝗜𝗔𝗡𝗢 𝗥𝗢𝗡𝗔𝗟𝗗𝗢 & 𝗣𝗢𝗥𝗧𝗨𝗚𝗔𝗟: 𝗧𝗢 𝗕𝗘 𝗖𝗢𝗡𝗧𝗜𝗡𝗨𝗘𝗗.
Wednesday, June 17, 2026
အမှတ်မရှိမြန်မာ အရှက်မရှိတပ်မတော် အတွက် ၂၀၂၁ ပြန်လည်သွားကြည့်ခြင်း . . . —-----------------
၂၀၂၀ ခုနှစ်ရွေးကောက်ပွဲတွေလုပ်တော့
လူတွေပျော်ကြတယ်ကျွန်တော်လည်း အဲဒီအထဲမှာပါတယ် . .
သန်းခေါင်ယံသန်းဌေးဆိုပြီး
memes ပုံတွေလုပ်
ထိုင်ရှယ်ပြီး
သခင်လတ်ပုံတွေနဲ့ပါ
ထိုင်ထရိုးနေတာ
သတင်းစာ၊ ဂျာနယ်တွေထဲမှာလည်း
တပ်ချုပ်ကြီးပုံနဲ့ ရေးထားတဲ့သတင်းခေါင်းစဉ်တွေက
တော်တော်လေး hot ဖြစ်ခဲ့တယ်လို့ ပြောရမဲ့သဘော . .
ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပါတယ် . .
အာဏာသိမ်းရန် လုံး၀အစီအစဉ်မရှိပါ . .
ပြည်သူ့ရွေးချယ်မှုကို အလေးထားပါတယ်ဆိုတဲ့
တပ်ချုပ်ကြီးကိုယ်တိုင်
ကတိပေးစကားပြောထားတဲ့ စကားလုံးတွေဟာ
သတင်းစာခေါင်းကြီးပိုင်းမှာ
နေရာယူထားတယ်ဆိုတော့
လာမယ့်နောက်ငါးနှစ်
ငါတို့ထိုင်းကိုရင်ကော့ခေါင်းမော့သွားလို့ရပြီပေါ့
၂၀၂၁ အာဏာမသိမ်းခင်ကတောင်
ထိုင်းသွားတဲ့အခါ မျက်နှာငယ်စရာ
မလိုတော့တာကိုး . .
လူတွေကလည် ကိုဗစ်ကာလမှာတောင်
စီပွားရေးတွေ အဆင်ပြေလာတော့
နှစ်ကုန်ရင် ပြည်တွင်းခရီးတွေ လျှောက်သွားမယ်မပြောနဲ့
ပြည်ပခရီးစဉ်တွေကိုပါ စိတ်ဝင်စားလာကြပြီ . .
ဖုန်း Sim Card တွေကလဲ
အခုလို Googel Code မကျတော့တဲ့
ပြသနာမျိုး ဝေလာဝေး . .
Telenor Sim Card ထဲ ဖုန်းဘေရှိယုံနဲ့တင်
Google Play Store ထဲ
APP တွေဝယ်လို့ရနေပြီ
ဒါပေမယ့် သောက်ရမ်းကတိတည်လွန်းတဲ့
စစ်သားကြီးက
မလုပ်ရဲတာ ဘာမှမရှိဘူးကွ ဆိုပြီး
February ၁ ရက်နေ့မှာ အာဏာထသိမ်းလိုက်တော့
ထိုင်း နဲ့ တောင် ပုခုံးချင်းယှဉ်လာနေတဲ့ မြန်မာနိုင်ငံဟာ
တပ်ချုပ်ကြီး ၁ နှစ်ပဲအာဏာထိန်းတာပါ . . ဆိုပြီး ကတိထပ်ပေးပြီး
၄ နှစ်ကျော် ၅ နှစ်ကျော်လာတဲ့နောက်ပိုင်း
အရှေ့တောင်အာရှမှာ
လာအို မပြောနဲ့ တီမောအောက်တောင်
ရောက်ခဲ့ရပြီမလား . .
ဒီလို ကတိတွေတည်လွန်းလှတဲ့
တပ်ချုပ်ကြီးလက်ထပ်
တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး ဆိုပြီး . .
သူကြီးပဲ သွေးထိုးသွေးခွဲစကားတွေ လှိမ့်ပြောတော့
တပ်မတော်လူမျိုးကလွဲပြီး ကျန်တဲ့တိုင်းရင်းသားအချင်းချင်း
ပိုညီညွတ်သွားကြပြီ
ဒီနေရာ တပ်မတော်လူမျိုး လို့ပြောရတာ အကြောင်းရှိတယ် . .
တပ်မတော်ထဲမှာ ဗမာလူမျိုး ကရင်လူမျိုး ချင်းလူမျိုး ဆိုပြီးမရှိသလို
ဗုဒ္ဓဘာသာ ခရစ်ယာန်ဘာသာ ဆိုပြီးတော့လည်း ရှိမနေပြန်ဘူး . .
တကယ်တော့ တပ်မတော်မှာ လူမျိုး၊ ဘာသာ၊ နိုင်ငံ ဆိုတာအပေါ်ယံ
အရောင်ပြသာရှိပြီး . .
နိုင်ငံထဲမှာ နိင်ငံတစ်ခုဖြစ်နေတဲ့
ဒီတပ်မတော်ဟာ
တပ်မတော်သည်သာအမိ၊ တပ်မတော်သည်သာအဖ ဆိုတဲ့
စိတ်နဲ့ပဲသွားတယ် . .
ဒါကြောင့် သူတို့မှာ လူမျိုးမရှိဘူး . . ဘာသာမရှိဘူး . . နိုင်ငံမရှိဘူး
အားလုံးဟာ အရောင်ပြတွေကြီးပဲ . .
တစ်နည်းပြောရရင် တပ်မတော်သည်လူမျိုး တပ်မတော်သည်ဘာသာပဲ
ဟိုးအရင်က သန့်ရွှေခေတ်ဆိုတာ
လူဦးရေအများဆုံးဖြစ်တဲ့ ဗမာလူမျိုးနဲ့
တပ်မတော်ကို ကာဗာလုပ်ခဲ့တယ် . .
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးပြီးတဲ့နောက်ပိုင်း
လူမျိုးစုတစ်ခုတည်းနဲ့ ကာဗာလုပ်လို့မရမှန်း
တပ်မတော်ကသိသွားတဲ့နောက်
ဘာသာရေးနဲ့ပါ ကာဗာယူဖို့
ပိုပြီး ကြိုးစားလုပ်ဆောင်လာခဲ့တယ်
၂၀၁၀ နှောင်းပိုင်းမှာ
မဘသ ဆိုတဲ့အဖွဲ့တွေ
စတင်ပေါ်ပေါက်လာတယ်
လူမျိုးရေးသာမက . . ဘာသာရေးကိုပါ
အဓိကရုဏ်းမဖြစ်ဖြစ်အောင်
လုပ်ဆောင်လာခဲ့ကြတယ် . .
မွတ်စလင်ဘာသာဝင်တို့ အထွတ်အမြတ်ထားရာ အစ်နေ့မှာတောင်
ဝိရသူ၊ သခင်လတ်တို့ မဘသအဖွဲ့ဝင်တွေပေါင်းပြီး
ဝက်သားစာပွဲတော် ရန်ကုန်မှာကျင်းပခဲ့သေးတယ်မလား
ဒါပေမယ့် ၂၀၂၁ အာဏာသိမ်းပြီးတဲ့
နောက်ပိုင်း ဗမာလူမျိုးအများစုနဲ့
ကာဗာယူထားတဲ့ တပ်မတော်ရဲ့ plan က
ပျက်ဆီးသွားခဲ့တယ်. . .
ဘာသာရေး ကာဗာတစ်ခုပဲရှိတော့တယ် . .
လူငယ်အများစုကတော့ ဒါကိုမြင်ပေမယ့် . .
သင်္ကန်းဝတ်ပြီး . . သူ့သမီးမုဒိန်းကျင့်နေရင်တောင်
သင်္ကန်းဝတ်ကြီးနဲ့ ငါကိုယ့်ထိလက်ရောက်
ပြန်တိုက်ခိုက်လို့မရဘူး ဆိုတဲ့
သောက်တောသားတစ်အုပ်ကတော့
ဒုနဲ့ဒေး ကိုရှိနေတုန်းဆိုတော့
ဘာသာရေးကာဗာက အလုပ်ဖြစ်နေသေးတယ် . . . . .
မယုံရင် သီတဂူ Live လွှင့်တဲ့အောက်
သွားကြည့်ကြည့်ပါလား . . .
လက်အုပ်ကလေးတွေချီလို့ ..
၂၀၂၁ တုန်းက
ပြည်သူမရှိလဲရတယ်
ဆိုတဲ့ အထာနဲ့ ခင်းခဲ့တဲ့ တပ်မတော်ဟာ
ရန်ကုန်မြို့လည် မန္တလေးမြို့လည်ခေါင်မှာတောင်
ဘာတွေလုပ်ခဲ့လဲ သိကြမှာပေါ့ .
ဪမေ့လို့
မြန်မာလူမျိုးဆိုတာ
သောက်အမှတ်မှ မရှိတာ
ပြန်နွေးပေးရမှာပေါ့ . .
၂၀၂၁ တုန်းက
ရန်ကုန်မြို့လည် မန္တလေးမြို့လည်ခေါင်မှာ
ဘာလက်နက်မှမရှိတဲ့ ပြည်သူလူထုကို
လေးဘက်ထောက်လျှောက်ခိုင်းပြီး
အနောက်ကနေ စောက်ကန်တယ် . .
သေနတ်ဒင်နဲ့ရိုက်သတ်တယ်
မီးစက်ကြီးထဲ အလောင်းထည့်ထားခဲ့ပြီး
ကိုယ့်သားသမီးကိုယ်ထိမ်း ဆိုပြီး ရေးထားခဲ့တယ်
ကားတွေနဲ့ လူအုပ်တွေကြားထဲ ဝင်တိုက်တယ် . .
ကားမှန်တွေ အကြောင်းမယ့် ရိုက်ခွဲတယ်
တာမွေ ၁၆၇ လမ်းမှာဆို လမ်းဘေးရပ်ထားတဲ့
ကားတွေကို ဘာအကြောင်းပြချက်မှ မရှိပဲ
ဘူဒိုဇာနဲ့ ဖျက်ဆီးတယ် . .
ကျွန်တော်ပြောခဲ့တဲ့ ကြောင်းအရာတွေ အကုန်လုံးဟာ
Video မှတ်တမ်းတွေနဲ့ တကွရှိတယ်
ဒီ Video တွေအကုန်လုံးကို Youtube ပေါ်မှာတင်ချင်ပေမယ့်
Community နဲ့ ငြိတော့ ကျွန်တော်ဒီအတိုင်းသိမ်းထားလိုက်ရတယ်
ဘယ်သူတွေက မခံချင်စိတ်ဖြစ်ရလောက်အောင်
အကြမ်းဖက်ခဲ့ကြသလဲ
ဒီလို ပြည်သူတွေအပေါ်
ရက်ရက်စက်စက်လုပ်ခဲ့တဲ့ စစ်တပ်က
တစ်ခုမှ ပြန်မတောင်းပန်ခဲ့တဲ့အပြင် . .
ရှက်ကြောပြတ်ကာ . .
နောင်ချိုမှာ ပြည်သူတွေနဲ့
ပြန်တွေ့ပြီး မျက်ရည်ကျပြရတာနဲ့
စမ်းချောင်းက ဒံပေါက်အိုးလိုက်မသွားတဲ့
ပလာတာတောင် ခိုးစားတဲ့သူခိုးတပ်မတော်က
ဒံပေါက် ပြန်လှူပြရတာနဲ့
သောက်အလုပ်တွေရှုပ်လို့
ခင်ဗျားတို့ကို
ပြည်သူတွေက
ဘယ်လောက်တောင် လိုလားတောင်းတသလဲ
သိချင်သဗျဆိုရင် . .
ရန်ကုန်မှာ
အကြမ်းမဖက်ပဲ စိတ်ကြိုက်ဆန္ဒထုတ်ဖော်ခွင့်
ရှိသည် အရေးမယူပါဆိုတဲ့ အမိန့်လေးသာထုတ်လိုက်
အိုး . .
ပြောမယ့်သာပြောရတာပါ . .
ဒီလိုအမိန့်ထုတ်ပြီး . .
သူတို့ မဘသတွေကို ၂၀၂၁ တုန်းကလို
ကားတွေနဲ့ခေါ်လာပြီး လာသောင်းကြမ်းခိုင်းဦးမှာ
သိတယ်မဟုတ်လား တပ်မတော်က
ကတိအရမ်းတည်ပြီး
အကျင့်မှ မယုတ်တတ်တာကိုး . .
ပြည်သူတောင်းဆိုတာက ရှင်းရှင်းလင်းပဲ
ကိုယ့်လုပ်ခဲ့သမျှ ကျူးလွန်ခဲ့သမျှ
အရာတွေကို အပစ်ဝန်ခံပြီး
တရားစီရင်ခံရမယ် . .
ခင်ဗျားတို့စစ်သားခင်ဗျာမှာလည်း
ယောကျာ်းကောင်းတွေမှာ ရှိကိုရှိရမယ့်
ကိုယ့်အပစ်ကိုယ်ဝန်ခံချင်းတောင်
မလုပ်နိုင်ပဲ လိလိလားလား သိပ်မလုပ်ပြနေပါနဲ့ဗျာ . .
မိုက်စရာရှိတာ မိုက်လိုက် အေးငါလုပ်တာကွာ
ဆိုပြီး ပြောပလိုက် . . .
ဘယ်ပြည်သူမှ သောက်သဲပေါက်မှာမဟုတ်ဘူး
အခုများကြတော့ သေနတ်ကြီးတွေကိုင်ပြီး
ကိုယ်လုပ်ခဲ့သမျှ မတရားမှုတွေကို ဝန်မခံတဲ့အပြင်
သူများကိုကြီးပဲ လက်ညိုးထိုး အပစ်လိုက်ဖို့နေတော့
ဒီတပ်မတော်ကို ဘယ်ပြည်သူကမှ အမြင်မကြည်
မယုံကြည်ကြတာ မဆန်းကျယ်ဘူးလေလို့ပဲ
ပြောရမယ့်သဘော
အခု ကျွန်တော်ပြောတဲ့အရာတွေဟာ
စစ်တပ် ကျူးလွန်ခဲ့တဲ့ ပစ်မှုတွေထဲ
အသေးစားပစ်မှုတွေလို့ပဲ ဆိုရမယ်
ဒီကျူးလွန်ခဲ့တဲ့
သေးသေးလေးတွေကိုယ်တောင်
၄ နှစ်ကျော် ၅ နှစ်ထဲဝင်လာတဲ့အထိ
တစ်ခုမှ ဝန်မခံသေးပဲ
အရှက်မရှိ သမ္မတတက်လုပ်နေတဲ့
သောက်ကတိမတည် စစ်သားကြီးကိုတောင်
ဒီအတိုင်းထိုင်ကြည့်နေတဲ့ တပ်မတော်မလား .. . .
လူသေတွေကို လှည်းပေါ် အပုံလိုက်တင်သွားတာ
တရွတ်တိုက်ဆွဲသွားတာ
ကားနဲ့တိုက်-တ်ပြီး ကားပေါ်ပြန်တင်သွားတာ
သေနတ်ဒင်တွေနဲ့ ရိုက်-တ်တာ
စတဲ့ Video တွေကိုတော့ တင်လို့မရပေမယ့်
Facebook ပေါ်ပြန်ရှာကြည့်ရင်
Video တွေနဲ့ တကွသက်သေတွေ ဗလဗွတွေ့ရမှာပါ
မျက်နှာပြောင်တိုက်
ပြည်သူနဲ့ တသားထဲတို့
ဒံပေါက်လှုတာတို့
ပြည်သူတွေ သောင်းသောင်းဖျဖျကြိုဆိုတယ်
ဆိုတာတို့
ကလေးအကွက်တွေ
မလုပ်ပြပါနဲ့ဗျာ . .
ပြည်သူတွေက သောက်ရူးမဟုတ်ဘူးဗျ . .
ဒါကြောင့် နောက်ဆုံးအနေနဲ့ပြောရရင်
မိုက်စရာရှိတာမိုက်ပါ
ဗုံးကြဲစရာရှိတာ ဗုံးကြဲပါ
မု-ိန်းကျင့်စရာ ရှိတာကျင့်ပါ
ထမင်းအိုးထဲ ချီးပါစရာရှိတာ ပါပါ
ငါတို့တပ်မတော် လုပ်တာကွဆိုတဲ့
ဝန်ခံတတ်မှုလေးပဲ ရှိပါစေလို့ . .
ပြောဆိုလိုက်ပါရစေ . . . .
ရေးသားသူ - Mi Wyne (Meanwhile In Myanmar)
မူရင်း Youtube ချယ်နယ်လင့်ခ် - https://www.youtube.com/@meanwhileinmyanmar2
Subscribe to:
Posts (Atom)




