Wednesday, December 11, 2013

မြန်မာဆီးဂိမ်းဖွင့်ပွဲ 27th SEA Games: Opening Ceremony

ကိုယ်ချင်းစာနိုင်ကြပါစေ

01-12-2013

မိဘဆင်းရဲ လို့ သာသမီးဆင်းရဲတာအပြစ်မှ မဟုတ်တာ
ပလပ်စတစ်ကောက်ပြီ သူဝမ်းစာအတွက်သူရှာ
စားတာပါ အထင်သေးတဲ့ မျက်လုံးတွေ နဲ့ မကြည့်ပ့ါနဲ့ -------

ကလေးတွေမှာ အဲဒီစိတ်ဓာတ်ရှိရင် တိုင်းပြည်ရဲ့အနာဂတ်လှပပြီ

 ဘတ်စ် ကားစောင့်နေတုန်း ဘေးနားက
အသံကြားလို့ လှည့်ကြည့်လိုက်မိတယ်။
*ရေခဲမုန့် ဘယ်လောက်လဲ။
*500
*ဒီထက် ဈေးပေါတာမရှိဘူးလား
*ရှိတယ်။ 300 တန် ရှိတယ်။

အလွတ်ကျက်မှတ်ခြင်းနှင့် spaced repetition ကိုအသုံးချခြင်း

ဘာသာစကားလေ့လာရာမှာ communicative approach စသည့် နည်းနာတွေ ခေတ်စားလာ သည့်အချိန်မှစ၍ အင်္ဂလိပ်စာဆရာများ၊ ဆောင်းပါးရေးသူများနှင့် အသိပညာရှင်များသည် ယခင်နည်းဟောင်းကြီးဖြစ်သော rote learning အလွတ်ကျက်မှတ်ခြင်းကိုအားမပေး၊ မိမိတို့၏သင်ကြားမှုပုံစံတွင် အသုံးမပြုတော့သလို မိမိတို့၏တပည့်များအားလည်း အလားတူ အလွတ်ကျက်မှတ်ခြင်းအားရှောင်ကျဉ်ရန်သွန်သင်ခြင်း၊ ဆောင်းပါးများရေးသားခြင်းတို့ဖြင့် ပညာပေးလာကြသည်။ 

ဘယ်အချိန်ဟာ အိမ်ထောင်ပြုဖို့ အသင့်တော်ဆုံးလဲ။ ။ ။




တစ်ယောက်နဲ့ တစ်ယောက် မေတ္တာမျှတဲ့ အဆင့်ကနေ ဇနီးနဲ့ခင်ပွန်း အဖြစ်ပြောင်းလဲပစ်ဖို့ ဘယ်အချိန်ဟာ အသင့်တော် ဆုံးပါလဲ။ ချစ်သူတွေ တစ်စုံတွဲနဲ့ တစ်စုံတွဲတော့ တူကြမှာမဟုတ်ပါဘူး။ သင့်တို့အတွက် အချိန်တန်ပြီ လို့ ခံစားမိလိုက်တဲ့ အချိန်မှာ အိမ်ထောင်ပြုသင့်ပါတယ်။ အရေးကြီးတာက လူမှုပတ်ဝန်းကျင် လည်းမဟုတ်သလို၊ သင့်မိသားစုလည်း မဟုတ်ပါဘူး။

ကြက်ဖသုံးကောင်

December 6, 2013 at 1:52am
ဒီနေ့ သောကြာနေ့ ရန်ကုန်တိုင်း (မ) သတင်းစာမှာပါတဲ့ ကျွန်တော့်ရဲ့အတွေးအခေါ်ပုံပြင်လေးတစ်ပုဒ်ဖြစ်တဲ့ ကြက်ဖသုံးကောင် ပုံပြင်လေးကို အားလုံးဖတ်ရအောင် မျှဝေလိုက်ပါတယ်။ တွေးနိုင်သလောက် တွေးကြည့်ကြပါ။

ဝက်ကြေးအိုး


ဝက်ကြေးအိုး လုပ်ရန်အတွက် အူမကြီး၊ အူချို၊ အူပိတ်၊ အသည်း၊ကျောက်ကပ်၊နှလုံး အားလုံးတို့ကို ရှာလကာရည်(သို့) မကျည်းသီးမှည့် အနည်းငယ်ဖြင့် ရေအထပ်ထပ်ဆေးထားပါ။ ဒေါ်ပုက ကြေးအိုး လုပ်စားရင်လည်း ဝက်အူပိတ်ပါထည့်စားပါတယ်။ ဝက်အူပိတ်က စားရတာအရသာရှိပြီး လုပ်နည်းက အနည်းငယ်လက်ဝင်ပါတယ်။

အိမ်တွင်းဖြစ် ခြင်ဖမ်းကိရိယာလေး လုပ်ကြမယ်။

အိမ်တွင်းဖြစ် ခြင်ဖမ်းကိရိယာလေး လုပ်ကြမယ်။


အိမ်တွေမှာ ခြင်တွေ ထွက်လာတာသတိထားမိရဲ့လား...။သင်နှင့် ကလေးငယ်တွေ ခြင်ကိုက်မခံရအောင် အိမ်တွင်းဖြစ် ခြင်ဖမ်းကိရိယာလေး အကြောင်း M-Media Knowledge ကဏ္ဍ ကပြောပြချင်သည်။ 

အိမ်တွင် အလွယ်တကူပြုလုပ်နိုင်သည့်ခြင်ဖမ်းကိရိယာအတွက် လိုအပ်သောပစ္စည်းများ
(၁) ရေတဖန်ခွက်
(၂) သကြားညို ရေဖန်ခွက်ဖြင့်လေးပုံတစ်ပုံ
(၃) တဆေး တစ်ဂရမ် (တစေး =အချဉ်ဖောက်ရာ၌ သုံးသည့်ပစ္စည်း)
(၄) ၂ လီတာဝင်ရေဗူးတစ်ဗူး

ပြုလုပ်ပုံအဆင့်ဆင့် 
(၁) ပလတ်စတစ်ဗူးကို တစ်ဝက်ဖြတ်ပါ။
(၂) သကြားကို ရေနွေးနှင့်ရောပြီး အအေးခံပါ။
သကြားရည်အေးလျှင် ရေဗူးပိုင်းထဲကိုတစ်ဝက်ခန့်ထည့်ပါ။
(၃) တဆေးကို ထဲ့လိုက်ပါ မွှေစရာမလိုပါ။
ကာဗွန်းဒိုင်အောက်ဆိုဒ်ထွက်လာပြီး ခြင်တွေကို ဆွဲဆောင်ပါလိမ့်မည်။
(၄) ရေဗူး၏ ထိပ်ကတော့အချွန်ဖက်ကို ပြောင်းပြန်လှန်ပြီး ကျန်ရေဗူးပိုင်းဘက်တွင် ပြောင်းပြန်ထည့်ပါ။ လိုအပ်လျှင် တိပ်နှင့်ကတ်ပါ။
(၅) ရေဗူးကို အနက်ရောင် တစ်ခုခုနှင့်ပတ်ပြီး အဝကို ဖွင့်ထားပါ။ (အနက်ရောင်က ခြင်တွေကို ပိုဆွဲဆောင်နိုင်သည်) ပြီး အိမ်ပြင် သို့မဟုတ် မိမိတို့ စုဝေးနေထိုင်ရာနှင့် အနည်းငယ်လှမ်းသောနေရာတွင်ထားပါ။

အမြဲတမ်းခြင်ပြေးစေရန် အရည်ကို နှစ်ပါတ်တစ်ကြိမ်လဲပေးပါ။ 

(မိုးကြယ်ဖြူ)

Ref: Adam Anthony FB

အိမ်တွေမှာ ခြင်တွေ ထွက်လာတာသတိထားမိရဲ့လား...။သင်နှင့် ကလေးငယ်တွေ ခြင်ကိုက်မခံရအောင် အိမ်တွင်းဖြစ် ခြင်ဖမ်းကိရိယာလေး အကြောင်း M-Media Knowledge ကဏ္ဍ ကပြောပြချင်သည်။
အိမ်တွင် အလွယ်တကူပြုလုပ်နိုင်သည့်ခြင်ဖမ်းကိရိယာအတွက် လိုအပ်သောပစ္စည်းများ
(၁) ရေတဖန်ခွက်
(၂) သကြားညို ရေဖန်ခွက်ဖြင့်လေးပုံတစ်ပုံ

Sea Games ဖွင့်ပွဲ မကြည့်လိုက်ရသူများအတွက် ( မြန်မာပြည်လိုင်းကတော့မဟုတ်ပါ)

Wednesday, November 27, 2013

နှစ်ဦးသဘောတူ

 
မောင်ကြိုက်တဲ့ သနပ်ခါးလေးကို
ကျွန်မ ပါးပြင်မှာအမြဲ ချယ်သပါ့မရ်....
မောင်လည်း ရောင်စုံချယ်တဲ့အလှတွေကို
မတပ်မက်မိပါစေနဲ့မောင်ရယ်.....

တိမ်မြှုပ်နေတဲ့ စွမ်းရည်တွေ

 
(၁၉၆ဝ) ခုနှစ်က ဟားဗတ်တက္ကသိုလ်ပါမောက္ခ Rosenthalဟာ ကယ်ရီဖိုးယားပြည်နယ်မှာရှိတဲ့ ကျောင်းတစ်ကျောင်းမှာ ကျော်ကြားတဲ့ စမ်းသပ်မှုတစ်ခုကို ပြုလုပ်ခဲ့တယ်။ ကျောင်းစဖွင့်ချိန်မှာ Rosenthalဟာ ကျောင်းအုပ်ဆရာကြီးထံခွင့်ပန်ပြီး ဆရာ/ဆရာမသုံးဦးကို ရုံးခန်းထဲ စေလွှတ်စေခဲ့တယ်။

ပြသနာတွေကို ဘယ်လိုကျော်လွှားမလဲ Learning English From an Inspirational Story

တစ်ခါတုန်းက စိတ်မချမ်းမမြေ့ဖြစ်နေရှာတဲ့ လူငယ်တစ်ဦးဟာ ပညာရှိကြီးတစ်ဦး ထံရောက်လာပြီး သူ့ရဲ့စိတ်ဆင်းရဲမှုတွေကို ဖြေရှင်းပေးနိုင်မဲ့နည်းလမ်းကိုလာရောက်
တောင်းခံ ပါသတဲ့။ အဲဒီအခါ ပညာရှိကြီးက သောက်ရေဖန်ခွက်တစ်ခွက်ထဲကို ဆားလက်တစ်ဆုပ်စာလောက် ထည့်လိုက်ပြီး လူငယ်ကိုသောက်ခိုင်းပါတယ်။
''အရသာ ဘယ်လိုနေသလဲ" လို့ ပညာရှိကြီးကမေးပါတယ်။ "အတော်ဆိုးပါတယ် ခင်ဗျာ" လို့ လူငယ်ကဖြေလိုက်ပြီး သောက်ပြီးသား ရေကိုထွေးထုတ်လိုက်ပါတယ်။
ပညာရှိကြီးက ခပ်တိုးတိုး ရယ်မောလိုက်ပါတယ်။ အဲဒီနောက် လူငယ်လေးကို နောက်ထပ်ဆားတစ်ဆုပ်လောက် ယူခိုင်းပြီး အနီးအနားမှာ ရှိတဲ့ ကြည်လင်တဲ့ရေကန် ကြီး တစ်ကန်ဆီသို့  ခေါ်လာပါတယ်။

Tuesday, November 26, 2013

မိန်းမ” တို့ ရဲ့ အလှနှင့်တန်ဖိုး

မြန်မာပြည်မှမြန်မာလူမျိုး

မိန်းကလေးတစ်ယောက်ဟာ မွေးရာပါ ရုပ်မလှချင်နေ ဒါပေမဲ့ ဘ၀မှာ လှလှပပတော့ ရှင်သန်သင့်ပါတယ်။
ဘယ်အချိန်အခါပဲဖြစ်ဖြစ် ပြည့်စုံတဲ့အသိပညာ၊ ကောင်းမွန်တဲ့စရိတ္တ၊ 
ထက်မြက်တဲ့ အပြုအမူ၊ သိမ်မွေ့တဲ့အပြောအဆို၊ ကြီးမြတ်တဲ့ စိတ်သဘောထားနဲ့ မေတ္တာနဲ့ပြည့်တဲ့ နှလုံးသားတစ်စုံရှိတဲ့ မိန်းကလေးတစ်ယောက်ဟာ ရုပ်ရည်မလှသည့်တိုင် ဘ၀ကို အမှန်တကယ် လှပစေနိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် - မသီတာ (စမ်းချောင်း )

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် - မသီတာ(စမ်းချောင်း )
--------------------------------------------------------------------------

စာအုပ်ကောင်း တစ်အုပ်ပါ။


ကျွန်တော်တို့ဖတ်သင့်သောစာအုပ်များအနက်

ဤစာအုပ်လည်းအပါအ၀င်ဖြစ်ကြောင်းယူဆမိပါသည်။

စာဖတ်ပျင်းသူများအနေဖြင့်အခြားစာအုပ်များမဖတ်ချင်နေပါ

သည်စာအုပ်လေးကိုတော့ဖြင့် ဖတ်ကြည့်ပါရန်တိုက်တွန်းလိုပါသည်။



ကျေးဇူးတင်စွာဖြင့်
Admin
မြန်မာ စာအုပ်များ

http://hngetngaimrokhimisistory.blogspot.com/2013/11/blog-post_6313.html 
စာအုပ်ကောင်း တစ်အုပ်ပါ။
ကျွန်တော်တို့ဖတ်သင့်သောစာအုပ်များအနက်
ဤစာအုပ်လည်းအပါအ၀င်ဖြစ်ကြောင်းယူဆမိပါသည်။
စာဖတ်ပျင်းသူများအနေဖြင့်အခြားစာအုပ်များမဖတ်ချင်နေပါ
သည်စာအုပ်လေးကိုတော့ဖြင့် ဖတ်ကြည့်ပါရန် တိုက်တွန်းလိုပါသည်။

ကျေးဇူးတင်စွာဖြင့်
Admin
မြန်မာ စာအုပ်များ

http://hngetngaimrokhimisistory.blogspot.com/2013/11/blog-post_6313.html

ခေတ်လူငယ်



သမီး နင့်ကောင်လေးနဲ့  ချိန်းတွေ့ မလို့ လား
ဟုတ်အမေ
ဘယ်သွားကြမှာလဲ
ပြည်သူ့ ရင်ပြင်မှာ live show ရှိတယ်။

မိသားစုဆိုတာ


28-09-2013

- ရန်ပွဲတွေ နေ့စဉ်ဖြစ်ကောင်းဖြစ်နေလိမ့်မယ် ဒါပေမယ့် အိမ်အတွင်းမှာ နေသမျှ လုံခြုံမှုရှိတယ်
- စီးပွားရေးတွေပြေလည်ချင်မှပြေလည်လိမ့်မယ် ။ တစ်ယောက်တစ်လုပ်စီ ဝေမျှ စားခြင်းက နွေးထွေးခြင်းကိုဖြစ်စေတယ်။

သို့ အယ်ဒီနှင့် သံလုံး...မှ ဘုရားသခင်

Khaing Lay April 30, 2010
“ဘုရားသခင်မှာ အီးမေးလ် ရှိသလား”

လက်ဖက်ရည်ဆိုင်ထဲ ရောက်ရောက်ချင်း စည်သူ မေးလိုက်တဲ့ မေးခွန်းကြောင့် ကျွန်တော် မျက်လုံးပြူးသွားသည်။ ကျွန်တော့်ကို ပြုံးစစကြည့်ပြီး စည်သူက သူဖတ်ဖူးတဲ့ ဆရာဒေါက်တာ ခင်မောင်ညိုရဲ့ “ဘုရားသခင်သို့ အီးမေးလ်ပို့ခြင်း” ဆောင်းပါး အကြောင်းကို ပြောပြတယ်။

Save လုပ်ပြီး သိမ်းထားရမဲ့ စာအုပ်အစုံပါတဲ့ Links


စာအုပ် ၀ါသနာအိုးတွေ အတွက် .. အရမ်းကို တန်ဖိုးရှိတဲ့ Link တွေပါ။ FB ပေါ်က တွေ့လို့ သိမ်းထားဖြစ် တာပါ။ မူရင်း share တဲ့သူကို မမှတ်မိတော့ဘူး။ စာဖတ်ဝါသနာပါတဲ့သူတွေ သဘောကျမယ် လို့ထင် ပါတယ်။ မာတိကာ သို့မဟုတ် ရှာဖွေရန် (အပေါ်ပိုင်း တွင် အမျိုးအစားလိုက်ရှာနိုင်ပြီး အောက်ပိုင်းတွင် အမည်အတိုင်း ကမှ အ အထိ ရှာနိုင်ပါသည်။)

Antibiotics not for running noses နှာစေးနေတာ ပဋိဇီဝဆေး မပေးသင့်


(၁) 19-11-2011 “Taking Antibiotics for Viral infections can do More harm than good (ဗိုင်းရပ်စ်) တမျိုးမျိုး ကူးစက်ခံရတာကို ပဋိဇီဝဆေး သောက်တာဟာ ကောင်းကျိုးထက် ဆိုးကျိုး ကို ဖြစ်စေ” အမေရိကန် ရောဂါထိန်းချုပ်ရေး နဲ့ ကာကွယ်ရေးဌာနကနေ သတိပေးထားတာဖြစ်ပါတယ်။

အင်ဂျလီနာ ဂျိုလီ ရဲ့ ဘဝ (မေပုပ္ပား ရေးသည်)

Seaman Nayminthu and Ko Soe shared Aye Chan Mon's photo.
အင်ဂျလီနာ ဂျိုလီ ရဲ့ ဘဝ (မေပုပ္ပား ရေးသည်)
---------------------------------------------
• အလှအပမှာ သရဖူဆောင်းသူ
• ပထမဆုံး ဇာတ်ကားမှာပင် ရင်သားအစုံကို လှစ်ဟဖော်ပြခဲ့သူ
• အမျိုးသမီး အနုပညာရှင်တွေထဲမှာသရုပ်ဆောင်ကြေး အမြင့်ဆုံးရတဲ့သူ
• ခပ်ပေါ့ပေါ့ မိန်းကလေးတစ်ယောက် အဖြစ်သရုပ်ဆောင်ပြီး အော်စကာရခဲ့သူ
• နိုင်ငံတကာ က ဒုက္ခသည်တွေ အတွက် ရှေ့ဆုံးက ဆောင်ရွက်နေသူ
• လူသားချင်းစာနာရာမှာ ထိပ်ဆုံးမှာရှိသူ
• အိမ်ထောင်နှစ်ဆက်ကို လေးနှစ်စီသာ ပေါင်းသင်းခဲ့ပြီး ကလေးမယူခဲ့သူ
• ချစ်ရတဲ့လက်တွဲဖော်နဲ့ကျမှ လက်မထပ်ဘဲ သားသမီးတွေ ဆက်တိုက်မွေးခဲ့သူ
• ပန်းလှိုင်တို့ ပင်လုံတို့မှာ ကလေးမွေးပြီး မီဒီယာမှာ ကြွားလုံးမထုတ်တတ်သူ
• ဟောလီးဝုဒ်ကို ရှောင်ရှားရင်း နမီးဘီးယားက ဒုက္ခသည်တွေ အနားမှာ သမီးဦးလေးမွေးခဲ့သူ
• အာဖရိကမှ ဒုက္ခသည်များကို ကူညီရင်း အာရှမှ မိဘမဲ့ကလေးတွေကို သွေးသားအရင်းနှင့် ထပ်တူမွေးခဲ့သူ
• ဖခင်နဲ့ တသက်လုံးအဆင်မပြေခဲ့ဘဲ ကိုယ်တိုင်မိဘဖြစ်မှ နားလည်ခဲ့သူ
• မိခင်ရဲ့ သားအိမ်ကင်ဆာကြောင့် လူ့ဘဝစွန့်ခွါသွားခြင်းကို ယူကြုံးမရဖြစ်ခဲ့သူ
• ၈၇ရာနှုန်း ရင်သားကင်ဆာ ၅၀ရာနှုန်း သားအိမ်ကင်ဆာ ဖြစ်နိုင်ခြေရှိတဲ့ မျိုးရိုးဗီဇ BRCA1 ကို ရှိနေသူ
• သားသမီး ခြောက်ယောက် လူလားမ မြောက်ခင် ကင်ဆာကြောင့်လောကကိုမစွန့်ခွါချင်သူ
• မိခင်လို အဖြစ်မျိုး ဖြစ်သွားမှာကို ဘယ်လိုဖြစ်ဖြစ် ကြိုတင်ကာကွယ်လိုသူ
• ဓာတ်ပုံအရိုက်ခံရင်ကို ဒေါ်လာသန်းချီရနိုင်နဲ့ ရင်သားအစုံကို ခွဲစိတ်စွန့်ပစ်ခဲ့သူ
• အမျိုးသမီးတွေရဲ့ အမွန်မြတ်ဆုံးဖြစ်တဲ့ သားအိမ်ကို တောင် လိုအပ်ရင် စွန့်မည့်သူ
• ဒုက္ခအရောက်ဆုံး နေရာတွေကို အသက်အန္တရာယ်မမှုဘဲ ကူညီပြီး မျိုးရိုးဗီဇလေးတစ်ခုကြောင့် သေမှာကြောက်သူ
• လူသားတွေအတွက်ရော မိခင်တစ်ယောက်အနေနဲ့ ကမ္ဘာမှာ စံပြုထိုက်သူ
• ကိုယ်အဆင်းလှရုံသာမက ဦးနှောက်ကကောင်းပြီး နှလုံးသားက လှလွန်းသူ
• သူ့ရဲ့ဘဝကဘယ်လို ဖြစ်နေပါစေ ကျမ အလေးစားဆုံး အမျိုးသမီးတွေထဲက တစ်ယောက်ပါ

မေပုပ္ပား
၂၀၁၃ မေလ ၁၆ရက်

အေးချမ်းမွန် Credit & Copy From > May Popa <Thank
သက်ဆိုင်ရာသတင်းဌာန၏ မူရင်းရေးသားချက် သာဖြစ်သည်

• အလှအပမှာ သရဖူဆောင်းသူ
• ပထမဆုံး ဇာတ်ကားမှာပင် ရင်သားအစုံကို လှစ်ဟဖော်ပြခဲ့သူ
• အမျိုးသမီး အနုပညာရှင်တွေထဲမှာသရုပ်ဆောင်ကြေး အမြင့်ဆုံးရတဲ့သူ
• ခပ်ပေါ့ပေါ့ မိန်းကလေးတစ်ယောက် အဖြစ်သရုပ်ဆောင်ပြီး အော်စကာရခဲ့သူ

လက်ခုပ်တီးမယ်ဟေ့ Sea Game နှင့် ရဲလေး

Flash Song အသစ်များ

မွန်လေး FLASH သီချင်းများ

အင်တာနက်ချစ်သူ   ပြန်လာမဲ့အချိန်   "မ" အတွက်သီချင်း      ပြန်လာပါ  ကော်ရုပ်လေး   လွမ်းဆွတ်ခွင့်   ချစ်သူ-ရိန်မိုး  အပြည်ပြည်ဆိုင်ရာအသဲကွဲသောနေ့   ပထမအနမ်း   ချစ်သူသိပါစေ   နင်မသွားခင်    နှမြောတယ်   အလွမ်းဝင်္ကပါ    မ မရှိတဲ့နေ့ရက်များ  ကဗျာမမှီတဲ့အချစ် မိုးသည်းချိန်မှာ   နောက်ဆုံးပေါ့   မုန်းဖို့လွယ်တယ်မေ့ဖို့ခက်တယ်    သံစဉ်နဲ့ချော့သိပ်ခွင့်   သူလေး  သိမ်းထားခွင့်  အမုန်းတော်   ရိုးမြေကျ   မင်းရှိရင်   ဆု....ထံသို့     နှုတ်ဆက်သီချင်း  ကောင်းကင်ကအချစ်ငှက်   ပြုံးလိုက်ပါ    ကမ္ဘာပျက်နေ့   ဖက်ထားမယ် တစ်ချိန်က”မ”   မမ ကောင်လေး-ရိုးရာ    တမ်းတခြင်း-Oakkar   ဆုံစည်းခွင့်-ရိုးရာ+ Mc ဟိန်းထက်   လမင်းသစ်ပင်-ရိန်းမိုး  တစ်ကယ့်ပုံပြင်-ရိုးရာ   မိုး-ရိုးရာ+Rဖြိုး+ဥာဏ်ထက်    အမြဲရှိနေပါ   ကောင်မလေး..သို့    အချစ်ရူးလေး  

ဆေးစက်တစက်စီ တို့ပေးပါ

 သူတို့လေးတွေ
သဲသောင်လွလွ
စိမ်းပြာမြမြ
ပင်လယ်ဝမှာ
ရောင်စုံခရုလှလှလေးတွေ
ကောက်နေကြတာမဟုတ်ပါ။

ဆရာမနှင့် သူ၏တပည့်များ


ဆရာမ မရှိတော့ ပွတ်လောရိုက်နေကြ၏။ 

မကြာခင်မှာတစ်ကျောင်းလုံးကကြောက်သော မျက်နှာထားတင်းတင်း ဆရာမ အတန်းထဲဝင်လာ၏။ မီးကိုရေနဲ့ ငြိမ်းလိုက်သလို ချက်ချင်း တိတ်ဆိတ်ငြိမ်ကျသွား၏။ "ဂွတ်မောနင်း တီချာ"
' ဘာလဲ၊ မင်းတို့က ဒါပဲတက်သလား၊ နေ့ခင်း ညနေခင်း တစ်နေ့လုံးအတွက်ပါသွားအောင် မပြောတက် ကြတော့ဘူးလား'
ထိုအခါ တပည့်လေးများက
"ဂွတ်မောနင်း၊ အားဖတားနွန်း၊ အီးဗီးနင်း "ဟု ညီညီညာညာ ရွတ်ပြလိုက်ကြ၏။
'မကောင်းဘူးရှည်တယ်၊ တစ်နေ့လုံးပါသွားအောင် အကောင်းဆုံး စဉ်းစားကြ'
ခဏကြာတော့ တပည့်လေးများက
"ဂွတ်ဟိုးလ်ဒေး တီချာ"
အေး၊ အဲဒါမှန်တယ်၊ ကဲ စာသင်မယ်၊ ငါက စကားတစ်လုံး၊ ဒါမှမဟုတ် ၀ါကျတစ်ကြောင်း ရွတ်ပြလိုက်မယ်၊ မင်းတို့က ဆန့်ကျင်ဘက် ၀ါကျကို ပြန်ပြောရမယ်၊ ကဲ စပြီ ၊ လိမ်မာသော...
တပည့်လေးများက မဆိုင်းမတွပင် မိုက်သော ဟု ညီညီညာညာ ပြောလိုက်ကြသည်။
ဆရာမက' မြင့်သော'
တပည့်လေးများက "နိမ့်သော"
'ကျဉ်းသော'
"ကျယ်သော"
'၀သော'
"ပိန်သော"
'ပေါ်ပျူလာဖြစ်သော'
"ပေါ်ပျူလာမဖြစ်သော"
'မဟုတ်ဘူး၊ မှားတယ်'
"ဟုတ်တယ်၊ မှန်တယ်"
'ဟာ၊ အမိုက်အမဲလေးတွေ"
"ဟာ၊ အလိမ်မာကြီးတွေ"
'အို၊ ဘုရားသခင်'
"အို၊ ကျေးကျွန်"
'ဟဲ့၊ ငါမေးနေတာ မဟုတ်ဘူး'
"ဟဲ့၊ ငါဖြေနေတာ မဟုတ်ဘူး"
'အမလေး၊ သေတော့မှာပဲ'
"အမလေး၊ ရှင်တော့မှာပဲ"
'ဟေ့ ရပ်တော့'
"ဟေ့ စတော့"
'တော်ပြီ၊ သင်တန်းပြီးပြီ'
"တော်သေးဘူး၊ သင်တန်းစပြီ"
'နင်တို့ဟာ နင်တို့ စစ မစစ ငါသွားပြီ'
တပည့်များ ဆန့်ကျင်ဘက်ဝါကျ စဉ်းစားမရခင်မှာ ဆရာမ အတန်းအပြင်ဘက် ရောက်သွားတော့သည် ။။

Credit: ပေါ့ပေါ့ပါးပါးဟာသများ
ဆရာမ မရှိတော့ ပွတ်လောရိုက်နေကြ၏။
မကြာခင်မှာတစ်ကျောင်းလုံးကကြောက်သော မျက်နှာထားတင်းတင်း ဆရာမ အတန်းထဲဝင်လာ၏။ မီးကိုရေနဲ့ ငြိမ်းလိုက်သလို ချက်ချင်း တိတ်ဆိတ်ငြိမ်ကျသွား၏။ "ဂွတ်မောနင်း တီချာ"

စက်ရုပ်ဆင်

လူ့သက်တမ်း

တစ်ခါတုန်းက လူတွေရဲ့  သက်တမ်းဟာ အနှစ်သုံးဆယ်လောက်ပဲ ရှိတယ်။ ဒီတော့ လူက တန်ခိုးရှင်ဆီ သွားပြီး ပညာတွေ သင်ချင်ပါသေးတယ်၊ သက်တမ်းတိုးပေးပါ လို့ တောင်းခံတယ် ။
သူ အဲဒီလို တောင်းခံနေတဲ့ အချိန်မှာ တန်ခိုးရှင်ရဲ့ ဘေးမှာ နွား၊ခွေး၊ မျောက် ဆိုတဲ့ တိရစ္ဆာန် သုံးကောင် ရှိနေတယ်။

*** ဂျပန်လူမျိုးများရဲ့ ဘ၀နေထိုင်မှုအကြောင်း တစေ့တစောင်း ***

 ၂၀၁၃ ခုနှစ် အောက်တိုဘာ ၁၃ ရက်နေ့ က Health Digest (ခေါ်) အင်တာနက် သတင်းလွှာ မှာ ဖော်ပြသွားတဲ့ LET'S LEARN FROM JAPAN လို့ အမည်ရတဲ့ သတင်းဆောင်းပါး တစ်ပုဒ် နဲ့ ပြန်လည်မျှဝေလိုက်ပါရစေ။ 

(၁) ဂျပန်နိုင်ငံမှာ မျိုးဆက်သစ်လူငယ်တွေ လူမှုရေးလုပ်ငန်းတွေမှာ စိတ်အား ထက်သန်မှု ရှိစေရန် နဲ့ ကျန်းမာသန့် ရှင်းစွာနေထိုင်မှု ဓလေ့ကောင်းများ မွေးမြူတတ်စေရန်ရည်ရွယ်ပြီး၊ ဆရာ/ဆရာမများနဲ့ ကျောင်းသား/ကျောင်းသူများ စုပေါင်းကာ နေ့ စဉ် ကျောင်းအိမ်သာသန့် ရှင်းရေးကို ၁၅-မိနစ် လုပ်ဆောင်ကြရပါတယ်တဲ့။ 

Sunday, October 20, 2013

"သမီးတစ်ကောင် နွားတစ်ထောင်"

ကျုပ်မှာ သမီးလေးတစ်ယောက်ရှိတယ်။
မိတဆိုးလေးဆိုတော့ အစစအလိုလိုက်ထားရတာ
အရွယ်ငယ်တုန်းကတော့ လိမ္မာရေးခြားရှိရှာပါတယ်
ဒါပေမယ့်...
အသက်လေးက ၁၈နှစ်ပြည့်ပြီးသွားတဲ့ နောက်ပိုင်းတော့ ပြောလို့ဆိုလို့ တယ်မရချင်ဘူး။

ခုလည်းကြည့်လေ သူ့ရည်းစားကောင်လေးနဲ့ လျှောက်လည်မယ်ဆိုပြီး ထွက်သွားလိုက်တာ မိုးတော်တော်ချုပ်နေပြီ ပြန်မလာသေးဘူး။
ကျုပ်မှာ စိတ်ပူလို့ သေတော့မယ်။ ဟော...အိမ်ရှေ့က ဆိုင်ကယ်သံကြားတယ်၊ ပြန်လာကြပြီ ထင်ပါရဲ့...

"ကလေးတွေရဲ့ အသိဉာဏ်ကို ဘယ်သူထိန်းချုပ်နေသလဲ"

ဘယ်လောက်ပဲဆင်းရဲပါစေ.. အကောင်းဘက်ချည်းတွေးတတ်တဲ့ မိခင်တစ်ယောက်ရဲ့အပြုအမူက သားသမီးတွေရဲ့ ကိုယ်ကိုယ့်ကိုယုံကြည်မှု (Confidence) နဲ့ ယုံကြည်ခြင်း (Trust) ကို အများကြီး အထောက်အကူပြုစေပါတယ်။

“ဆိုက်ပရပ်စ်က နတ်သမီးအကြောင်း”

Ann Lee shared နမ်းမဝ(အဖြူရောင်နတ်သမီး)'s photo.

ဟိုး.......ရှေးရှေးတုန်းက...“ဆိုက်ပရပ်စ်”လို့ခေါ်တဲ့ ကျွန်းကလေးတစ်ခုမှာ “အက်ဖရိုဒိုက်”(Aphrodite) လို့ခေါ်တဲ့ အချစ်နတ်သမီးလေး(Goddess of Love) တစ်ပါးရှိတယ်။
အဲဒီမင်းသမီးလေးကို ဖန်ဆင်းရှင် အဖိုးဖြစ်သူက..ပင်လယ်ရေမျက်နှာပြင်ကို သူ့ရဲ့လက်နဲ့ရိုက်ပြီး လှိုင်းများထစေကာ ဖြစ်ပေါ်လာတဲ့ ရေမြှုတ်တွေကနေတဆင့် “အက်ဖရိုဒိုက်” မင်းသမီးလေး ကို မွေးဖွားခဲ့တယ်။

Friday, August 16, 2013

သေချင်ပေမယ့် အချိန်မကျသေး၍ မသေ...........


















ABSDF cartoon


The Bathers (Cézanne)


Funny Video 2013 HD - Razi de mori - Te caci pe tine de ras !

ရင်ဝေးကြယ်


စာရေးဆရာ၊ သတင်းစာဆရာ ဦးစိုးသိမ်း (မောင်ဝံသ) ကွယ်လွန်၏ ကိုယ်ရေးမှတ်တမ်း

Nyo Htet shared Tun Wai's photo.
အမည်ရင်း ဦးစိုးသိမ်း။ ၁၉၄၅ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် ပဲခူးတိုင်း၊ ဝေါမြို့နယ်၊
မြစ်ကျိုးရွာတွင် အဖ ဦးမောင်ခင်၊ အမိ ဒေါ်မြစိန်တို့မှ ဖွားမြင်သည်။ မြစ်ကျိုးရွာတွင် မူလတန်း၊ ပဲခူးမြို့ အမျိုးသားတန်းမြင့် ကျောင်း (ယခု အ.ထ.က ၃) တွင် ဆယ်တန်းအထိ၊ ရန်ကုန်တက္ကသိုလ်မှ ၀ိဇ္ဇာဘွဲ့ (မြန်မာ၊ အင်္ဂလိပ်၊ ဘောဂဗေဒ၊ အနောက်တိုင်းသမိုင်း၊ ဒဿနိကဗေဒ ဘာသာတွဲဖြင့်) ၁၉၆၇ ၌ အောင်မြင်သည်။

၁၉၆၇ တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းစာပညာသင်တန်း ကျောင်း၊ ပထမပတ် သင်တန်းမှ သင်တန်းဆင်းခဲ့သည်။ အသက်မွေး ၀မ်းကျောင်း သတင်းစာပညာ ဖဲလိုးရှစ် (Professional Journalism Fellowship)၊ မစ်ရှီဂန်တက္ကသိုလ်၊ အမေရိကန်နိုင်ငံ (၁၉၇၇)၊ ရေဂင်-ဖာ့ဆဲလ် (Reagan-Fascell Democracy Fellowship) ဒီမိုကရေစီ ဖဲလိုးရှစ်၊ ၀ါရှင်တန်ဒီစီ၊ အမေရိကန်နိုင်ငံ (၂၀၁၀-၂၀၁၁) တို့ ရရှိခဲ့သည်။

ကာရံညီသော ကြေကွဲခြင်းများ




ကျမဘ၀မှာ ချစ်ခြင်းထက် သာယာမှူနောက်ကို လိုက်ချင်ကြတဲ့ ယောင်္ကျားတချို.နဲ. တွေ.ဆုံကြုံတွေ. ခဲ့ရဖူးတယ်။ ကျမအချစ်ကိုရယူဖို.ထက် ကျမဘ၀ကို ပိုင်ဆိုင်ဖို. ကြိုးစားကြသူတွေကို မုန်းတီးမိတဲ့နောက် 

Evanescence ရဲ့ အထူးဆန်းဆုံး သီချင်းတစ်ပုဒ် (သို့မဟုတ်) ‪#‎MyImmortal‬


၁၉၉၅ လောက်မှာ အမေရိကန် တေးဂီတ လောကထဲကို ‪#‎Evanescene‬ ဆိုတဲ့ အဖွဲ့တစ်ခု ရောက်ရှိလို့ လာခဲ့ပါတယ်။ အဖွဲ့ကို စတင်တည်ထောင်ခဲ့တဲ့ နေရာက အာကန်ဆက်စ် ပြည်နယ်မှာရှိတဲ့ 

လူမှုရေးလုပ်ငန်းတွေ လုပ်ဦးမည့် ဂစ်တာသမား


မြန်မာနိုင်ငံ၏ အအောင်မြင်ဆုံး တေးဂီတဝိုင်း တစ်ဝိုင်းဖြစ်သည့် Iron Cross တီးဝိုင်း၏ Lead ဂစ်တာသမားတစ်ဦးအဖြစ် နှစ်ပေါင်းများစွာ အောင်မြင်မှု ရရှိထားသူ၊ လူမှုရေးလုပ်ငန်းများလည်း လုပ်ဆောင် သွားဦးမည့်သူမှာ ချစ်စမ်းမောင်ဖြစ်သည်။

Thursday, August 15, 2013

~မျက်စိ အားစိုက်ရခြင်း~


~မျက်စိ အားစိုက်ရခြင်း~

ကွန်ပျူတာ စကရင်ကို နေ့စဉ် နှစ်နာရီလောက်သာ ကြည့်ရှုသူတွေမှာတောင် ကွန်ပျူတာ အမြင်လက္ခဏာစု (Computer Vision Syndrome) ကို ခံစားဖူးကြ ရပါတယ်။

မျက်စိအားစိုက်ရတာ၊ အမြင်ဝေဝါးတာ၊ ခေါင်းကိုက်တာနဲ့ မျက်စိခြောက်သွေ့တဲ့ လက္ခဏာတွေပါ။ သင်ဟာ သင့်မွေးနေ့ Card ကိုဖတ်ဖို့ မျက်စိအားစိုက်ရရင် ဒါမှမဟုတ် ကွန်ပျူတာ စကရင်ပေါ်က စာတွေဖတ်ဖို့ အမြင်ဝါးေ
နရင် အောက်ပါတို့ကို ပြုလုပ်ကြည့်ပါ။

(၁) သင့်မျက်စိကို အနားပေးပါ...
မျက်စိ အားစိုက်ရတာ သက်သာဖို့ အကောင်းဆုံး နည်းလမ်းဟာ မျက်စိကို အနားပေးတာပါ။ သင်ဖုန်းပြော နေစဉ် အတွင်းမှာ ပြုလုပ်နိုင်တဲ့ အလွယ်ဆုံး နည်းလမ်းပါ။ သင်ဟာ စာရေးဖို့ ဒါမှမဟုတ် စာဖတ်ဖို့ မလိုအပ်တဲ့အတွက် ဖုန်းနဲ့ စကားပြောနေစဉ်မှာ မျက်စိပိတ်ထား လိုက်ရုံပါပဲ။ သင်နေ့စဉ် ဖုန်းနဲ့ စကားပြောချိန် ဘယ်လောက် ကြာတယ် ပေါ်မူတည်ပြီး သင့်မျက်လုံးဟာ နေ့စဉ်တစ်နာရီ ဒါမှမဟုတ် နှစ်နာရီလောက် အနားရနေပြီး ကွန်ပျူတာအမြင် လက္ခဏာစုတွေ သက်သာသွားကာ မျက်စိ အားစိုက်ရတာလည်း သက်သာ သွားနိုင်ပါတယ်။

(၂) အလင်းရောင်ကို ဂရုစိုက်ပါ...
အလင်း အားနည်းတဲ့နေရာမှာ စာဖတ်လို့ မျက်စိကို မထိခိုက်ပေမယ့် သင့်မျက်စိ ပိုမို အားစိုက်ရတတ် ပါတယ်။ ဒါကြောင့် စာဖတ်တဲ့အချိန်မှာ ဖယောင်းတိုင်မီး ဒါမှမဟုတ် ဓာတ်မီးတိုင်မှ လမ်းမီးလိုမျိုး မီးမှိန်မှိန်တွေ ဒါမှမဟုတ် မီးလုံး မီးလိုမျိုး မီးစူးစူးရှရှတွေ အသုံးမပြုဘဲ သင့်မျက်လုံးအတွက် အလင်းရောင် လုံလောက်စွာ ရရှိမယ့် မီးမျိုးကိုသာ အသုံးပြုပါ။ သင်ရဲ့ မျက်လုံးကို တိုက်ရိုက် ရောက်စေမယ့် မျက်စိတည့်တည့်က မီးအလင်းရောင်ကိုလည်း အသုံးမပြုမိဖို့ သတိထားပါ။

(၃) စာကြည့်မျက်မှန် သုံးပါ...
သင့်မျက်စိ နှစ်ဖက်စလုံးကအဝေးမှအရာတွေကို ကောင်းကောင်း မြင်နေရပြီး စာဖတ်ရာမှာသာ ခက်ခဲနေရင် စာကြည့်မျက်မှန် အသုံးပြုပါ။

(၄) သင့်အတွက် မှန်ကန်မယ့်ပါဝါကို ရွေးပါ...
ဘယ်စာကြည့် မျက်မှန်က သင်နဲ့ သင့်တော်မလဲ ဆိုတာကို ရွေးဝယ်ပါ။ သင်လိုချင်တဲ့ အကွာအဝေးကနေ စာဖတ်ရင် ကောင်းကောင်း မြင်နိုင်တဲ့ မျက်မှန်ပါဝါကို ရွေးပါ။ သင်ရွေးတဲ့ ပါဝါဟာ သင့်အတွက် သိပ်များနေရင် သင်နဲ့ အနီးကပ်နေရာက အရာတွေကို မြင်နေရပေမယ့် အဲဒီအကွာအဝေး ထက်ကျော်သွားရင် အမြင်ဝါးသွား နိုင်ပါတယ်။

(၅) အလုပ်ချိန်အတွင်းမှာ မကြာခဏ နားပေးပါ...
သင်ဟာ ကွန်ပျူတာကို ခြောက်နာရီလောက် အသုံးပြုနေသူဆိုရင် နှစ်နာရီမှ သုံးနာရီခြားတိုင်း ခေတ္တနားပါ။ ၁၀ မိနစ်၊ ၁၅ မိနစ်လောက် ထမင်းစားတာ၊ လက်ဖက်ရည် သောက်တာ၊ အိမ်သာ သွားတာလိုမျိုး ပြုလုပ်ပြီး မျက်စိကို အနားပေးပါ။ ကွန်ပျူတာ စကရင်ကို ကြည့်နေမယ့်အစား စာရွက်တွေကို ပရင့်ထုတ်ပါ။

(၆) စကရင်ကို အလင်းမှိန်ထားပါ...
ကွန်ပျူတာ စကရင် အတွင်းမှာရှိတဲ့ မီးသီးတွေက အလင်းရောင်စာ သင့်မျက်စိကို တိုက်ရိုက် ရောက်ရှိနိုင်ပါတယ်။ ဒါကြောင့် ကွန်ပျူတာ စကရင်က brightness ကို လျှော့ထားပါ။

(၇) ကွန်ပျူတာကိုအမှောင်ထဲမှာထားပါ...
ကွန်ပျူတာ စကရင်ကို အမည်းရောင်ဘူး (Black Box) ထဲမှာထားပြီး brightness အဆင့်ကို အနိမ့်ဆုံးမှာထားပါ။ ဒါမှမဟုတ် ကွန်ပျူတာ စကရင်အပေါ်မှာ စကရင် cover ခံထားပါ။

(၈) ရေနွေးကြမ်း အုပ်ပေးပါ...
ရေနွေးကြမ်းကိုနည်းနည်းအအေးခံပါ။ နွေးနွေးလေး ဖြစ်နေတဲ့ ရေနွေးကြမ်းထဲကိုမျက်နှာသုတ်ပဝါ သေးသေးလေးထည့်စိမ်ပြီးမျက်နှာသုတ်ပဝါကို ရေညှစ်ပါ။ လဲလျောင်းပြီး အဲဒီ မျက်နှာသုတ်ပဝါကို သင့်မျက်စိပေါ် ၁၀ မိနစ်မှ ၁၅မိနစ်ထိ အုပ်ထားပေးပါ။

(၉) မျက်စိအတွက် ယောဂကျင့်ပါ...
သင့်လက်ဖဝါး နှစ်ဖက်ကို ပူနွေးလာအောင် အတူတူ ပွတ်တိုက်ပေးပါ။ မျက်စိ မှိတ်ထားပြီး လက်ဖဝါးကို မျက်လုံးပေါ် ဖုံးအုပ်ထားပါ။ ဖြည်းဖြည်းနဲ့ နက်နက်နဲနဲ အသက်ရှူပြီး မျက်စိမှာ အမည်းရောင် မြင်လာတဲ့အထိ မြင်ယောင်ကြည့်ပါ။ နေ့စဉ်မိနစ် ၂၀ ခန့်ပြုလုပ်ပါ။

(၁၀) မျက်တောင်ခတ်ပါ...
နေ့စဉ် အကြိမ် ၃၀၀ ခန့် မျက်တောင် ခတ်ပေးပါ။ မျက်တောင် တစ်ခါခတ်တိုင်း မျက်လုံးကို သန့်စင် ပေးနေပါတယ်။

(၁၁) ဆရာဝန်နဲ့ ဘယ်အချိန်ပြမလဲ...
သင် အသက် ၄၀ ကျော်နေပြီး မျက်စိအားစိုက် နေရရင် သင့်မျက်လုံး တစ်ဖက် အတွင်းဝင်တာ ဒါမှမဟုတ် အပြင် ထွက်တာလိုမျိုး Misalignment ဖြစ်သွားလို့ပါ။ မျက်စိ အထူးကု ဆရာဝန်နဲ့ ပြသရမှာဖြစ်ပြီး သင့်ကို မျက်စိ လေ့ကျင့်ခန်း လုပ်ခိုင်းတာ၊ Prism မျက်မှန် တပ်ခိုင်းတာ ဒါမှမဟုတ် လိုအပ်ရင် မျက်စိ ကြွက်သားတွေကို ခွဲစိတ်ပြီး ပြုပြင်ပေးတာတွေ လုပ်ပေးနိုင် ပါတယ်။ သင့်မျက်စိထဲမှာ နာကျင်တာ ဒါမှမဟုတ် အလင်းရောင်ကို အကြည့်မခံနိုင်တာ ဖြစ်ရင်လည်း မျက်စိ အထူးကု ဆရာဝန်နဲ့ ပြသပါ။

post by နှင်းဆီဖူးလေးများ-Love BUDS
https://www.facebook.com/loveBUDS.6
note by doctor khinmoemoe(healtharticles)
(copy via nainghtwe)
note&photo credit to original uploader
photo from google



ကွန်ပျူတာ စကရင်ကို နေ့စဉ် နှစ်နာရီလောက်သာ ကြည့်ရှုသူတွေမှာတောင် ကွန်ပျူတာ အမြင်လက္ခဏာစု (Computer Vision Syndrome) ကို ခံစားဖူးကြ ရပါတယ်။

kind of elephant

The Best of Mr.Bean

Myanmar 2013 - Press Conference with Daw Aung San Suu Kyi

FORGET ME NOT MOVIE


myanmar funny cartoon

စိတ်ရှည်စွာဖြင့် ပညာသင်ပါ


▬▬▬▬▬▬▬▬▬▬▬
စိတ်ရှည်စွာဖြင့် ပညာသင်ပါ
▬▬▬▬▬▬▬▬▬▬▬
ကျနော်က ပုံပြင်လေးတွေ နှစ်သက်သူမလို့ ..ပုံပြင်တစ်ပုဒ်ပြောပြပါအုံးမယ်........ပုံပြင်ထဲ က အသိသညာဗဟုသုတတိုးပွားပါစေ...........

တစ်ခါတုန်းက မြို့ကြီးတစ်မြို့မှာ ကျောက်မျက်ပညာကို တစ်ဖက်ကမ်းခပ်အောင် တက်မြောက်ကျွမ်းကျင်တဲ့ ဆရာကြီးရှိပါသတဲ့။ တစ်နေ့တော့ ထိုဆရာကြီးဆီကို လူငယ်လေးတစ်ယောက်ကလာပြီးတော့ ပညာသင်ခွင့်တောင်ခံပါသတဲ့။ ဆရာကြီးက သူငယ်ကလေးကို ကြည့်ပြီးတော့ မဖြစ်နိုင်ပါဘူးကွယ် ဒီပညာသင်ဖို့ရာ စိတ်ရှည်ဖို့လိုတယ်ကွဲ့။ သူငယ်လေးကလည်း လေးလေးနက်နက်ကို စိတ်ရှည်စွာနဲ့ ပညာသင်ယူဖို့ ကတိပြုပါသတဲ့။ ကောင်းပြီး ဒါဆိုရင်တော့ မနက်ဖြန်လာခဲ့ပါ။

နောက်နေ့မနက် လူငယ်လေး ရောက်လာတော့ ဆရာကြီးက လူငယ်လေးလက်ထဲကို ကျောက်စိမ်း အရိုင်းတစ်တုံးထဲ့ပေးပြီးတော့ သူငယ် မင်းဒါလေးကို ကိုင်ထားလို့ပြောပြီး သူလုပ်စရာရှိတဲ့ ကျောက်ဖြတ်ခြင်း၊ ကျောက်အလေးချိန် ချိန်တွယ်ခြင်း၊ ကျောက်များကို စီခြင်း စတာတွေကို လုပ်ကိုင်နေပါသတဲ့။ လူငယ်လေးလဲ ငြိမ်သက်စွာနဲ့ပဲ ထိုင်နေပြီး ကျောက်စိမ်းအရိုင်းတုံးကလေးကို ကိုင်ထားပါသတဲ့။

နောက်တစ်နေ့ လူငယ်လေးရောက်လာပြန်တော့လဲ ဆရာကြီးက ကျောက်စိမ်းအရိုင်းတုံးကလေးကို လူငယ်လေးလက်ထဲကို ထည့်ပြီး ကိုင်ထားစေပြန်ပါသတဲ့။ ဒီလိုနဲ့ တတိယနေ့၊ စတုတ္ထနေ့၊ ပဉ္စမနေ့၊ တွေမှာလည်း ကျောက်စိမ်းအရိုင်းတုန်းကလေးတွေ ပေးပေးပြီးတော့ ထိုနည်းတူ ကိုင်ထားခိုင်းပါသတဲ့။
ခြောက်ရက်မြောက်နေ့ကျတော့ ကျောက်စိမ်းအရိုင်းတုံးကိုလေးကို ကိုင်ထားရင်းနဲ့ လူငယ်ကလေးက သည်းမခံနိုင်တော့ဘဲ “ဆရာကြီးရယ်၊ ကျွန်တော့်ကို ဘယ်တော့များ ကျောက်မျက်ပညာသင်ပေးမှာလဲ ဆရာကြီး” လို့မေးပါတဲ့။ ဆရာကြီးက “မင်း မကြာခင်သင်ရမှာပါ” လို့ ပြန်ပြောပြီး သူ့အလုပ်ကိုသာ သူဆက်ပြီးလုပ်နေပါသတဲ့။


ဒီလိုနဲ့ ရက်ပေါင်းများစွာ ကြာမြင့်လာသည့်တိုင်အောင် သူငယ်လေးဟာ မနက်တိုင်း ကျောက်စိမ်း အရိုင်းတုံးလေးတွေကိုသာ ကိုင်ရင်းနဲ့ ကုန်လွန်လာခဲ့ပါသတဲ့။ တစ်နေ့တော့ ဆရာကြီးဟာ သူငယ်လေးဆီကိုလာပြီးတော့ သူ့ကို တစ်ခုခုကို ကိုင်ခိုင်းဖို့ လက်ယက်ခေါ်ပါသတဲ့။ သူငယ်လေးဟာ စိတ်မပါတစ်ပါနဲ့ဘဲ ဆရာကြီးဆီကို လာပါသတဲ့။ ဆရာကြီးဟာ ကျောက်အရိုင်းတစ်တုံးကို သူငယ်လေးလက်ထဲကို ထည့်ပေးလိုက်ပါသတဲ့။

အဲ့ဒီမှာ လူငယ်လေးက “ဆရာကြီး ဒါက ကျောက်စိမ်းတုံးနဲ့ မတူဘူး”။


ဆရာကြီးက ပြန်ဖြေသတဲ့ “အင်း မင်းပညာသင်နေပြီလေ”


Ref: Inspirational Stories
စာကြည့်တိုက်(ရွှေအိမ်စည်စာပေဒါနပြုပါသည်)



တစ်ခါတုန်းက မြို့ကြီးတစ်မြို့မှာ ကျောက်မျက်ပညာကို တစ်ဖက်ကမ်းခပ်အောင် တက်မြောက် ကျွမ်းကျင်တဲ့ ဆရာကြီးရှိပါသတဲ့။ တစ်နေ့တော့ ထိုဆရာကြီးဆီကို လူငယ်လေးတစ်ယောက်က လာပြီးတော့ 

ငွေနဲ့ ပညာ ဘယ်ဟာ အရင်ရှာမလဲ



Photo: ငွေနဲ့ ပညာ ဘယ်ဟာ အရင်ရှာမလဲ


သူငယ်ချင်း တစ်ယောက်ကပြောတယ်။ ပညာရှာဖို့အတွက် ပိုက်ဆံဆိုတာ အရင်လိုအပ်တယ်ကွ တဲ့။ စာဖတ်သူတို့ လက်ခံပါသလား။ လက်ခံတယ်ဆိုရင် မှားနိုင်ပါတယ်။ ဘာကြောင့်ပါလဲ....

ပညာရှာဖို့အတွက် အချို့ က မွေးရာပါ မချမ်းသာလာပါဘူး။ ဒါကြောင့် ပဲ ငွေမတတ်နိုင်လို့ ပညာရေးမှာအားမပေးလို့ ဘဝရှုံးတာတွေ လက်တွေ့ မှာလည်း မြင်ရ သိရပါတယ်။ နောက်ဆုံး ထားလိုက်တဲ့ ခံယူချက်ကတော့ ငွေမရှိလို့ ပညာမရှာနိုင်ဘူး ဆိုတာလေးပေါ့။  

ခရီးတစ်ခုကို သွားတဲ့အခါ--

ပန်းခင်းထားတဲ့လမ်းပေါ်ရောက်ရင် ဖိနပ်ချွတ်လို့ လျှောက် ချင် လျှောက်နိုင်မယ်။

ဂုံးအဆင်းမှာ လမ်းလျောလို့ ဒရွတ်တိုက်ဆင်းချင်ဆင်းနိုင်တယ်။ ဆင်းလို့ရတယ်။ 

မက်ဆောက်လွန်းလို့ အပင်တက်ရသလို ဆွဲတတ်ချင် တတ်ရမယ်။ 

ရေပြည့်နေလို့ လက်ပစ်ကူးရချင် ကူးရမယ်။ 

မြွေပေါလို့ ဘွတ်ဖိနပ်စီးချင်စီးရမယ်။ 

ကျားပေါလို့ ခါးတောင်းကြိုက် ပြေးချင်ပြေးရမယ်။ 

ဆိုလိုရင်းက ဒီလိုပါ။ ပညာတစ်ခုကို ရှာဖို့ ကြိုးစားတိုင်း ငွေမရှိတဲ့ အခက်နဲ့ ကြုံတဲ့အခါ ဒါကို ဘယ်လိုဖြေရှင်းရမလဲဆိုတာကို အဖြေရှာတတ်ဖို့ပါ။ 

ခရီးတစ်ခုကို တည့်တည့်သွားလို့ မရရင် သွယ်ဝိုက်ပြီးသွားရတာမျိုးတွေ ရှိပါတယ်။ ရေကြီးနေလို့ ရေကျတဲ့အချိန်ကို စောင့်ရတာမျိုးတွေ ရှိပါတယ်။ 

ဒီလိုပါပဲ သင်တန်းကြေး၊ ကျောင်းကြေးမရှိလို့ လက်လျော့ အရှုံးပေးမယ့် အစား ငါဒီပညာ၊ အရည်အချင်းရဖို့၊ လက်မှတ်ရဖို့၊ တကယ်လည်း သိဖို့တတ်ဖို့ ဘယ်လိုကြိုးစားယူရမယ်ဆိုတာကို ထွက်ပေါက် စဉ်းစားတတ် ဖို့ပါ။ 

ဘဝမှာ မွေးလာကတည်းက ကိုယ်ဒါဆိုဒါပဲ လျှောက်ရမယ်၊ လုပ်ရမယ်လို့ စည်းကမ်း မချထားပါဘူး။ အမြဲတမ်း ထွက်ပေါက်၊ ရှောင်လွဲပေါက်၊ ဖြေရှင်းပေါက်၊ ဖြတ်လမ်း အစရှိသဖြင့် တို့ကို စောင့်စိုင်းကြည့်ရှုရမယ်။ တကယ်လည်း လျှောက်ရမယ်။ 

အောင်မြင်တဲ့သူတွေ အများစုက အဲ့လိုနည်းလမ်းတွေ အရမ်းသုံး တယ်။ ကျောင်းမတတ်နိုင်ဘူး။ ကျောင်းပညာမှာ စိတ်မပါဘူး။ သို့ပေမယ့် တစ်ဖက်ဖက်မှာ ထူးချွန်သွားတယ်။ သို့တည်းမဟုတ် ယင်းပညာကိုပဲ သွယ်ဝိုက်သောနည်းနဲ့ ရယူ ကြိုးစားတာကြောင့် လက်တွေ့ ဖြစ်လာတာမျိုးတွေလည်း သာဓကတွေ အများကြီးပါ။ သိချင်ရင် ဘယ်သူတွေဆိုတာကို တစ်ယောက်ချင်းစီညွန်ပြပါ့မယ်။ 

ဒီလောက်ဆိုရင် ငွေနဲ့ ပညာ ဘယ်ဟာကို အရင်ရှာရမလဲဆိုတာ ရှင်းနေပြီလေ။ ဘယ်သူမှ ငွေလေး ကျလာပါစေလို့ မစောင့်ဘူး။ ငွေကို ရအောင် သမာအာဇီဝနည်းနဲ့ ကြိုးစားရင်ကြိုးစားပေါ့။ မဖြစ်နိုင်သေးဘူး ဆိုရင် ငါရေကျတဲ့အချိန်ကိုပဲ စောင့်မလား၊ တစ်ခြားလမ်းကနေ သွားရမလား၊ ခုန်ဆွခုန်ဆွသွားရမလား ဥာဏ်ရှိသလိုသုံးသပ်ပေါ့။ ငွေမရှိလို့ ပညာမရှိသည့် ဘဝအခက်အခဲအား ကြော်ဖြတ်နိုင်ရန် စာရေးသူမှ တိုက်တွန်း ရေးသားလိုက်ရ ပါတယ်။
--
အောင်ခမ်း (ရိုးရာလေး)

http://www.yoyarlay.com/book/article/37073-money-and-knowledge-what-is-your-choice

.

သူငယ်ချင်း တစ်ယောက်ကပြောတယ်။ ပညာရှာဖို့အတွက် ပိုက်ဆံဆိုတာ အရင်လိုအပ်တယ်ကွ တဲ့။ စာဖတ်သူတို့ လက်ခံပါသလား။ လက်ခံတယ်ဆိုရင် မှားနိုင်ပါတယ်။ ဘာကြောင့်ပါလဲ....