Showing posts with label Tale. Show all posts
Showing posts with label Tale. Show all posts

Sunday, May 18, 2014

ကျွန်မလေးတစ်ယောက်အကြောင်း


★ ★ ★ အခန်း ( ၁ )
ဂလောင် …. ဂလောင် …ဂလွမ် …. ဂလုန် ဂလုန် …..
★ ဟူးးးး ….. ချမ်းလိုက်တာနော် …. ချမ်းလိုက်တာ အခုနေများ ယာဂုပူပူလေးတစ်ခွက် သောက် … အိပ်ယာထဲမှာများစောင်လေးခြုံ ….
အမလေး အမလေး … နောင်ဘဝ အတိတောင် မတွေးရဲတဲ့ဆန္ဒ ကိုငါတွေးနေပါပေါ့လားးး …. အမိုက်မ ညည်းတွေးနေတာတောင်လွန်လှပြီအေ ..။

Friday, January 10, 2014

ဝီရိယစိုက်ထုတ်ရန် နေရာကို ပြသောသူကို ________ဟုခေါ် သည်။


ဝီရိယစိုက်ထုတ်ရန် နေရာကို ပြသောသ
                        *********************

              ဝီရိယစိုက်ထုတ်ရန် နေရာကို ပြသောသူကို ________ဟုခေါ်
သည်။
              ……………………………………………………………………
              ……………………………………………………………………
              တစ်ခါတုန်းက မောင်မောင်နဲ့အောင်အောင်ဆိုတဲ့သူငယ်ချင်းနှစ်ယောက် ဒိသာပါမောက္ခ
ဆရာကြီးတစ်ဦးထံကို ပညာသင်ဖို့ အတူတူသွားကြတယ်။ဆရာကြီး
က သူ့ရဲ့ပညာတွေကို တပည့်နှစ်ဦးထံ ဆရာစားမချန် အိပ်သွန်ဖာမှောက်
ပေးတယ်။ပညာသင် သုံးနှစ်ပြည့်တော့ ဆရာကြီးက တပည့်
နှစ်ဦးကို ခေါ်ပြီး အလုပ်နှစ်ခုခိုင်းတယ်။ပထမအလုပ်က ရေတွင်း
တူးရတဲ့အလုပ်၊ ဒုတိယအလုပ်က မနက်မှာ နှင်းရည်တစ်အိုးရအောင် လုပ်ရမယ့်
အလုပ်ဖြစ်တယ်။သူငယ်ချင်းနှစ်ယောက် ပထမအလုပ်ဖြစ်တဲ့ ရေတွင်း
တူးတဲ့အလုပ် စလုပ်ကြတယ်။မောင်မောင်ရေတွင်းတူးတာ
လူတစ်ရပ်နီးပါးတွင်းအနက်ရှိနေပြီ။ဒါပေမယ့်ရေကထွက်မလာသေး
ဘူး။အောင်အောင်တူးတာ တွင်းအနက်က လက်တစ်တောင်ဆစ်လောက်
ပဲရှိသေးတယ်။ရေကထွက်နေပြီ။
                     ဒုတိယအလုပ်ကို နောက်နေ့မနက်မှာ နှစ်ဦးသားလုပ်
ဆောင်ကြပြန်တယ်။မောင်မောင်က နေထွက်တဲ့အထိ နှင်ရည်ခံတာ
အိုးတစ်ဝက်ပဲရတယ်။အောင်အောင်က နေမထွက်ခင်မှာပဲ နှင်း
ရည်အိုးအပြည့်ရနေပြီ။
                     ဆရာကြီးက အောင်အောင်ကို " တပည့်အောင်အောင်
...ရေတွင်းတူးတဲ့နေရာမှာ ရေကြောရှိမှန်း ဘယ်လိုသိခဲ့တာလဲကွဲ့ "ဟုမေးတယ်။
                     " မြက် ပေါများတဲ့မြေကြီးအောက်မှာ ရေကြောရှိ
မှန်းသိနိုင်ပါတယ် ဆရာ "လို့ အောင်အောင်ကဖြေတယ်။
                     " ဒါဆိုရင် နှင်းရည်ကိုတစ်အိုးရအောင် ဘယ်လိုစွမ်း
ဆောင်ခဲ့တာတုန်းကွဲ့ "
                     " ကျယ်ပြန့်တဲ့အဝတ်စနှစ်စကို နှင်းရည်စိုနေတဲ့
အပင်ငယ်လေးတွေပေါ်အုပ်မိုးပြီး နှင်းရည်ရွှဲစိုလာတဲ့အခါ
အိုးထဲကို ညှစ်၍ရယူခဲ့ပါတယ် ဆရာ "
                     " အိမ်း....ကောင်းပေစွ...ကောင်းပေစွ..."
              ........…………………………………………………………………
              …………………………………………………………………………
                ဆရာကြီး ပညာသင်ပေးတုန်းက အောင်အောင်တစ်
ဦးတည်းကို သင်ပေးခဲ့ခြင်းမဟုတ်ပါ။နှစ်ဦးလုံးကို သာတူညီမျှ
သင်ပေးခဲ့တာပါ။သို့သော်လည်း အောင်အောင်က ဦးနှောက်နှင့် နှလုံးသားအိတ်ကပ်ထဲအပြည့်ရယူနိုင်ခဲ့ပေမယ့်
အောင်အောင်ကမရယူနိုင်ခဲ့ဘူး။အောင်အောင်က ဆရာသင်ပေး
တဲ့ပညာကို လက်တွေ့ဘဝမှာအသုံးချနိုင်ခဲ့ပေမယ့် မောင်
မောင်က အသုံးမချနိုင်ခဲ့ဘူး။ဆရာက ပညာမိုးတွေ ဘယ်လောက်ပဲရွာချ
နေပါစေ တပည့်ဖြစ်သူက ပညာမိုးရေကို ခံယူတတ်မှ ပညာရတာပါလေ။
                  ………………………………………………………………
                  ………………………………………………………………
             ဝီရိယစိုက်ထုတ်ရန်နေရာကို ပြသောသူကို  " ဆရာ " ဟုခေါ်သည်။
              ငယ်စဉ်မှ ယနေ့အချိန်ထိ ထိတွေ့ဆက်ဆံနေရသော လောကီ၊လောကုတ္တရာ သင်ဆရာ၊မြင်ဆရာ၊ကြားဆရာအပေါင်းတို့အား
ဦးညွှန့်ရိုကျိုး လက်ဆယ်ဖြာထိပ်မှာမိုး၍
ရှိခိုးကန်တော့လိုက်ပါသည်။
         စာဖတ်သူအပေါင်း ကျန်းမာ ချမ်းသာ ဘေးရန်ကင်း
ကွာကြပါစေ။

                                             ဦးတိုးအောင်

တစ်ခါတုန်းက မောင်မောင်နဲ့အောင်အောင်ဆိုတဲ့သူငယ်ချင်းနှစ်ယောက် ဒိသာပါမောက္ခ
ဆရာကြီး တစ်ဦးထံကို ပညာသင်ဖို့ အတူတူသွားကြတယ်။ ဆရာကြီးက သူ့ရဲ့ပညာတွေကို တပည့်နှစ်ဦးထံ ဆရာစားမချန် အိပ်သွန်ဖာမှောက်ပေးတယ်။ ပညာသင် သုံးနှစ်ပြည့်တော့ ဆရာကြီးက တပည့်နှစ်ဦးကို ခေါ်ပြီး အလုပ်နှစ်ခုခိုင်းတယ်။

Thursday, January 2, 2014

နှစ်သစ်အတွက် ပုံပြင်လက်ဆောင်…


 တစ်ခါတုန်းက… သားဖနှစ်ယောက် ကားတစ်စီးနဲ့ ခရီးသွားကြသတဲ့… သားက ကားကိုမောင်းပြီး အဖေကဘေးကထိုင်လိုက်လာခဲ့ပါတယ်…။ အဲ့ဒီလိုနဲ့ ကားမောင်းလာရင်း မထင်မှတ်ဘဲ…ရာသီဥတုအခြေအနေပြောင်းလဲလာ

Wednesday, December 11, 2013

ကြက်ဖသုံးကောင်

December 6, 2013 at 1:52am
ဒီနေ့ သောကြာနေ့ ရန်ကုန်တိုင်း (မ) သတင်းစာမှာပါတဲ့ ကျွန်တော့်ရဲ့အတွေးအခေါ်ပုံပြင်လေးတစ်ပုဒ်ဖြစ်တဲ့ ကြက်ဖသုံးကောင် ပုံပြင်လေးကို အားလုံးဖတ်ရအောင် မျှဝေလိုက်ပါတယ်။ တွေးနိုင်သလောက် တွေးကြည့်ကြပါ။

Tuesday, November 26, 2013

လူ့သက်တမ်း

တစ်ခါတုန်းက လူတွေရဲ့  သက်တမ်းဟာ အနှစ်သုံးဆယ်လောက်ပဲ ရှိတယ်။ ဒီတော့ လူက တန်ခိုးရှင်ဆီ သွားပြီး ပညာတွေ သင်ချင်ပါသေးတယ်၊ သက်တမ်းတိုးပေးပါ လို့ တောင်းခံတယ် ။
သူ အဲဒီလို တောင်းခံနေတဲ့ အချိန်မှာ တန်ခိုးရှင်ရဲ့ ဘေးမှာ နွား၊ခွေး၊ မျောက် ဆိုတဲ့ တိရစ္ဆာန် သုံးကောင် ရှိနေတယ်။

Sunday, October 20, 2013

“ဆိုက်ပရပ်စ်က နတ်သမီးအကြောင်း”

Ann Lee shared နမ်းမဝ(အဖြူရောင်နတ်သမီး)'s photo.

ဟိုး.......ရှေးရှေးတုန်းက...“ဆိုက်ပရပ်စ်”လို့ခေါ်တဲ့ ကျွန်းကလေးတစ်ခုမှာ “အက်ဖရိုဒိုက်”(Aphrodite) လို့ခေါ်တဲ့ အချစ်နတ်သမီးလေး(Goddess of Love) တစ်ပါးရှိတယ်။
အဲဒီမင်းသမီးလေးကို ဖန်ဆင်းရှင် အဖိုးဖြစ်သူက..ပင်လယ်ရေမျက်နှာပြင်ကို သူ့ရဲ့လက်နဲ့ရိုက်ပြီး လှိုင်းများထစေကာ ဖြစ်ပေါ်လာတဲ့ ရေမြှုတ်တွေကနေတဆင့် “အက်ဖရိုဒိုက်” မင်းသမီးလေး ကို မွေးဖွားခဲ့တယ်။

Thursday, August 15, 2013

ငွေနဲ့ ပညာ ဘယ်ဟာ အရင်ရှာမလဲ



Photo: ငွေနဲ့ ပညာ ဘယ်ဟာ အရင်ရှာမလဲ


သူငယ်ချင်း တစ်ယောက်ကပြောတယ်။ ပညာရှာဖို့အတွက် ပိုက်ဆံဆိုတာ အရင်လိုအပ်တယ်ကွ တဲ့။ စာဖတ်သူတို့ လက်ခံပါသလား။ လက်ခံတယ်ဆိုရင် မှားနိုင်ပါတယ်။ ဘာကြောင့်ပါလဲ....

ပညာရှာဖို့အတွက် အချို့ က မွေးရာပါ မချမ်းသာလာပါဘူး။ ဒါကြောင့် ပဲ ငွေမတတ်နိုင်လို့ ပညာရေးမှာအားမပေးလို့ ဘဝရှုံးတာတွေ လက်တွေ့ မှာလည်း မြင်ရ သိရပါတယ်။ နောက်ဆုံး ထားလိုက်တဲ့ ခံယူချက်ကတော့ ငွေမရှိလို့ ပညာမရှာနိုင်ဘူး ဆိုတာလေးပေါ့။  

ခရီးတစ်ခုကို သွားတဲ့အခါ--

ပန်းခင်းထားတဲ့လမ်းပေါ်ရောက်ရင် ဖိနပ်ချွတ်လို့ လျှောက် ချင် လျှောက်နိုင်မယ်။

ဂုံးအဆင်းမှာ လမ်းလျောလို့ ဒရွတ်တိုက်ဆင်းချင်ဆင်းနိုင်တယ်။ ဆင်းလို့ရတယ်။ 

မက်ဆောက်လွန်းလို့ အပင်တက်ရသလို ဆွဲတတ်ချင် တတ်ရမယ်။ 

ရေပြည့်နေလို့ လက်ပစ်ကူးရချင် ကူးရမယ်။ 

မြွေပေါလို့ ဘွတ်ဖိနပ်စီးချင်စီးရမယ်။ 

ကျားပေါလို့ ခါးတောင်းကြိုက် ပြေးချင်ပြေးရမယ်။ 

ဆိုလိုရင်းက ဒီလိုပါ။ ပညာတစ်ခုကို ရှာဖို့ ကြိုးစားတိုင်း ငွေမရှိတဲ့ အခက်နဲ့ ကြုံတဲ့အခါ ဒါကို ဘယ်လိုဖြေရှင်းရမလဲဆိုတာကို အဖြေရှာတတ်ဖို့ပါ။ 

ခရီးတစ်ခုကို တည့်တည့်သွားလို့ မရရင် သွယ်ဝိုက်ပြီးသွားရတာမျိုးတွေ ရှိပါတယ်။ ရေကြီးနေလို့ ရေကျတဲ့အချိန်ကို စောင့်ရတာမျိုးတွေ ရှိပါတယ်။ 

ဒီလိုပါပဲ သင်တန်းကြေး၊ ကျောင်းကြေးမရှိလို့ လက်လျော့ အရှုံးပေးမယ့် အစား ငါဒီပညာ၊ အရည်အချင်းရဖို့၊ လက်မှတ်ရဖို့၊ တကယ်လည်း သိဖို့တတ်ဖို့ ဘယ်လိုကြိုးစားယူရမယ်ဆိုတာကို ထွက်ပေါက် စဉ်းစားတတ် ဖို့ပါ။ 

ဘဝမှာ မွေးလာကတည်းက ကိုယ်ဒါဆိုဒါပဲ လျှောက်ရမယ်၊ လုပ်ရမယ်လို့ စည်းကမ်း မချထားပါဘူး။ အမြဲတမ်း ထွက်ပေါက်၊ ရှောင်လွဲပေါက်၊ ဖြေရှင်းပေါက်၊ ဖြတ်လမ်း အစရှိသဖြင့် တို့ကို စောင့်စိုင်းကြည့်ရှုရမယ်။ တကယ်လည်း လျှောက်ရမယ်။ 

အောင်မြင်တဲ့သူတွေ အများစုက အဲ့လိုနည်းလမ်းတွေ အရမ်းသုံး တယ်။ ကျောင်းမတတ်နိုင်ဘူး။ ကျောင်းပညာမှာ စိတ်မပါဘူး။ သို့ပေမယ့် တစ်ဖက်ဖက်မှာ ထူးချွန်သွားတယ်။ သို့တည်းမဟုတ် ယင်းပညာကိုပဲ သွယ်ဝိုက်သောနည်းနဲ့ ရယူ ကြိုးစားတာကြောင့် လက်တွေ့ ဖြစ်လာတာမျိုးတွေလည်း သာဓကတွေ အများကြီးပါ။ သိချင်ရင် ဘယ်သူတွေဆိုတာကို တစ်ယောက်ချင်းစီညွန်ပြပါ့မယ်။ 

ဒီလောက်ဆိုရင် ငွေနဲ့ ပညာ ဘယ်ဟာကို အရင်ရှာရမလဲဆိုတာ ရှင်းနေပြီလေ။ ဘယ်သူမှ ငွေလေး ကျလာပါစေလို့ မစောင့်ဘူး။ ငွေကို ရအောင် သမာအာဇီဝနည်းနဲ့ ကြိုးစားရင်ကြိုးစားပေါ့။ မဖြစ်နိုင်သေးဘူး ဆိုရင် ငါရေကျတဲ့အချိန်ကိုပဲ စောင့်မလား၊ တစ်ခြားလမ်းကနေ သွားရမလား၊ ခုန်ဆွခုန်ဆွသွားရမလား ဥာဏ်ရှိသလိုသုံးသပ်ပေါ့။ ငွေမရှိလို့ ပညာမရှိသည့် ဘဝအခက်အခဲအား ကြော်ဖြတ်နိုင်ရန် စာရေးသူမှ တိုက်တွန်း ရေးသားလိုက်ရ ပါတယ်။
--
အောင်ခမ်း (ရိုးရာလေး)

http://www.yoyarlay.com/book/article/37073-money-and-knowledge-what-is-your-choice

.

သူငယ်ချင်း တစ်ယောက်ကပြောတယ်။ ပညာရှာဖို့အတွက် ပိုက်ဆံဆိုတာ အရင်လိုအပ်တယ်ကွ တဲ့။ စာဖတ်သူတို့ လက်ခံပါသလား။ လက်ခံတယ်ဆိုရင် မှားနိုင်ပါတယ်။ ဘာကြောင့်ပါလဲ....

Monday, August 5, 2013

ညီမလေးအတွက် စကားလက်ဆောင်(၂၂)



မိန်းကလေးဆိုတာ ပြင်ဆင်မှုအလှနဲ့ သဘာဝအလှဆိုပြီး နှစ်မျိုးရှိတယ်။

ပြင်ဆင်မှုအလှပာာ မိန်းကလေးတိုင်း ပိုင်ဆိုင်ခွင့်ရှိတယ်။ သဘာဝ အလှကတော့ မိန်းကလေးတိုင်း ပိုင်ဆိုင်ခွင့် မရနိုင်ပါဘူး။

ပြင်ဆင်မှုကတော့ ပြောစရာမလိုပါဘူး။ သဘာဝအလှကတော့ နည်းနည်း ပြောချင်ပါတယ်။

မိမိရဲ့ ခန္ဓာကိုယ်ကို အပျိုစင်အတိုင်း တည်ရှိနေခြင်းကသာ သဘာဝ အလှစစ်စစ်ပဲ ညီမလေး။ ခန္ဓာကိုယ် ဖွဲ့စည်းပုံပာာ တစ်ယောက်နှင့် တစ်ယောက် မတူကြပါဘူး။ တစ်ချို့မိန်းကလေးရဲ့ ဖွဲ့စည်းပုံပာာ ပိုပြီး စွဲမက်ဖို့ကောင်းပေမယ့် အဲ့ဒါက မြတ်နိုးထိုက်တဲ့ အလှမျိုး မပာုတ်သေးပါဘူး။



Sunday, August 4, 2013

လိင်စစ်

August 3, 2013 at 5:30am


ငါ့ ခန္ဓာကိုယ်ပေါ်က ရုန်းရင်းဆန်ခတ် ဖြစ်မှုဟာ သွေးကြောထဲက အက်တမ်ဗုံးတွေလိုပဲ
ဘယ် အစားအစာကို ရှောင်ရင် ဘယ်နှစ်ကီလို ကျဆင်းမယ် ဘာအ၀တ်တွေ ၀တ်လိုက်ရင်
ဘယ်လောက် Sexy ပိုကျမယ် အတွက်အချက်မှန်မှန်နဲ့
ကမ္ဘာကြီး အလှည့်ကျ စစ်ဖြစ်လိုက်ကြ

Saturday, August 3, 2013

နှလုံးသား ဒိုင်ယာရီ (၄)



ချိုမြိန်သော နေ့ရက်များနောက်တွင် ကံဆိုးမိုးမှောင်ကျစေမည့်နေ့ရက်များကလည်း ကြိုလင့်နေတတ်သည်။ သမီးလေး ဇာခြည် မွေးပြီး ၄၅ ရက်အကြာ ကရင်နီတပ်မတော်နှင့် နဝတ အစိုးရတို့ ချုပ်ဆိုခဲ့သော ငြိမ်းချမ်းရေး စာချုပ်ပျက်ပြယ် ခဲ့ရသည်။

" ကျမ အမေ့ကို မကြိုက်ပါဘူး "


အမေက ငယ်ငယ်တုန်းက အရမ်းချောပါတယ်။ရုပ်ရှင်မင်းသမီးဖြစ်ဖို့  ကြိုးစားနေတုန်းအဖေနဲ့ အိမ်ထောင်ကျပြီး အဖေတာဝန်ကျတဲ့နောက် လိုက် လာရလို့ သာ စိတ်လျှော့ လိုက်တာတဲ့ ။ ဒီစကားတွေက အမေ ကတတွတ်တွတ်ပြောနေတာအိပ်ယာဝင်ပုံပြင်လိုအမြဲကြားနေကျလေ။

Wednesday, June 5, 2013

မုန့်ဟင်းခါး ပုံပြင် . . .

နံနက်ဝေလီဝေလင်း နာမည်ကြီး မုန့်ဟင်းခါးဆိုင်မှာ လူတွေပြည့်ကျပ်လို့နေတယ်
“မုန့်ဟင်းခါးတစ်ပွဲ ပဲကပ်ကြော်နဲ့…” “ အသုပ်တစ်ပွဲ ချဉ်ငံစပ်….” “ ဟင်းရည်ပေးပါဦး”
စတဲ့အသံ မျိုးစုံနဲ့ နံနက်ခင်းဟာ အသက်ဝင်လို့နေပါတယ်..

Wednesday, January 9, 2013

အလှဆုံးမှ ဘ၀တုံးရသည့် ပုံပြင်တစ်ပုဒ်



January 1, 2013 ရက် ၊ 2:43 တွင် ချမ်းငြိမ်း ရေးသားခဲ့သော ဘလော့ဖြစ်ပါသည် ။

ဟိုး....... ရှေးရှေးတုန်းကပေါ့။ ငှက်တွေရဲ့ ဘုရင်ကြီးဖြစ်တဲ့ နတ်ငှက်ဟာ ငှက်တွေ ကျင်လည်ကျက်စားတဲ့ တောတောင် အနှံ့မှာ ကြေညာချက်တစ်ခုကို ထုတ်ပြန်ပါသတဲ့ ခင်ဗျာ။
" ဒီနှစ် နွေဦးရောက်ရင် ငှက်အလှပြိုင်ပွဲတစ်ခုကို ကြီးကြီးကျယ်ကျယ် ကျင်းပပေးမယ်။
အလှဆုံးငှက်ကို ငှက်တကာအလှဆုံးဆိုတဲ့ ဘွဲ့ထူးကို ပေးအပ်တော်မူမယ် "

Monday, December 10, 2012

အမေ





တစ်ခါတုန်းကပေါ့ . . .

နတ်ပြည်မှာ နတ်သားတစ်ပါး စုတေပြီး လူ့ပြည်မှာ လူကလေးအဖြစ်မွေးဖွားရတော့မယ့်အချိန် ရောက်လာသတဲ့။

နတ်သက်ကြွေတော့မယ့်နတ်သား နတ်မင်းကြီးကိုမေးတယ်။

``အကူအညီမဲ့တဲ့ ကလေးပေါက်စဘ၀နဲ့ လူ့ဘ၀မှာ ဘယ်လိုနေရမှာတုန်း``

Saturday, November 17, 2012

ကြက်ပုံပြင်


Moe Thu

အခန်း - ၁

ကြက်ဖက ကြက်မနောက်ကို အသည်းအသန်လိုက်သည်။
ကြက်ဖအတွေး – မိရင်လည်း မိ၊ မမိရင်လည်း သွေးပူလေ့ကျင့်ခန်း ပေါ့။
ကြက်မအတွေး – ငါပြေးတာ သိပ်များ မြန်နေလားမသိ။
ကံဆိုးစွာပင် ပြေးနေသော ကြက်မကို ကားတစ်စီးဖြတ်တိုက် သွားသည်။