Hi ဆိုတဲ့
စကားလေးတစ်လုံးကနေ BFF ဆိုတာတွေထိ ဖြစ်ခဲ့တာတွေလဲရှိတယ် ။
Hi ဆိုတဲ့
စကားလေးတစ်ခွန်းကနေပဲ Block ဆိုပြီး ဖြစ်သွားတာတွေရှိကြတယ် ။
အပြင်မှာ
မမြင်ဖူးပေမယ့် သူဘယ်မှာနေတာ ဘာလုပ်တာ သူ့အကြောင်းတွေကိုလဲပြောပြ !
ကိုယ့်အကြောင်းတွေကိုလဲ ပြန်ပြောပြရင်း တချို့အရာတွေမှာ အကြိုက်ချင်းတူပြီး
အရမ်းခင်ကြတဲ့သူတွေဖြစ်လာတယ် ။
တစ်ခါတစ်လေ သူ့ရဲ့ အဆင်မပြေတာတွေ
လာပြီးတော့ရင်ဖွင့်ပြတယ် ။
ပေါတောတောတွေကိုလည်း အတူတူဖုန်းထဲမှာ ပေါက်ကရတွေ လုပ်တယ်။
အပြင်မှာတော့ မတွေ့ဖူးပါဘူး ဒီဖုန်းလေးထဲမှာတော့ သူကသူငယ်ချင်းကောင်းတစ်ယောက်ပါ ။
အမြဲတမ်းလိုလို စကားပြောဖြစ်ကြတယ် သူ့နေတဲ့နေရာမှာ ဘယ်လို ကိုယ်နေတဲ့နေရာမှာ ဘယ်လို
အသေးမွှားလေးတွေကအစပြောရင်း တဖြည်းဖြည်းနဲ့ အရမ်းခင်မင်လာတယ် ။
နောက်ဆုံး
သူ့မြို့ကို အလည်လာဖို့ ကိုယ့်မြို့က်ို အလည်လာရင် ဝင်ခဲ့ဖို့အထိပါ ဖြူစင်တဲ့
သူငယ်ချင်းတွေဖြစ်လာတယ် ။
တကယ်တော့ ချစ်ခြင်းမေတ္တာမှာ ဝေးကွာခြင်း
နီးခြင်းတွေမဆိုင်ပါဘူး ! တစ်ယောက်ရဲ့ ရင်ထဲကို မြင်အောင်ကြည့်နိုင်တယ် ။
တစ်ယောက်နဲ့တစ်ယောက်အမြင်တူတယ် တစ်ယောက်ကိုတစ်ယောက်ရိုးသားတယ်ဆို ဖြူစင်တဲ့
သူငယ်ချင်းဆိုတာ Online ပေါ်ကနေ ခင်လာတာတွေလဲရှိပါတယ် ။