ဒီစာက လူကြီးတွေ အထူးသဖြင့် အသက် ၅၀ နဲ့အထက် ၅၀ လောက်တွေကို ပိုပြီးတော့
ရည်ရွယ်ပါတယ် ။
လူကြီးတွေဟာ ကျွန်တော်တို့ လူငယ်တွေကို သူတို့ရဲ့အတိတ် သူတို့ရဲ့
ဘဝတွေနဲ့ တိုင်းတာတတ်ကြတယ် ။
သူတို့တုန်းက အမှန် သူတို့တုန်းက သင်ခဲ့ဖူးတာတွေ နဲ့
ဆုံးမကြတယ်၊ ပြောကြတယ် ။
ဥပမာ-ဒီလမ်းကြီးမသွားနဲ့ဆို
သူတ်ို့ကအဲ့နည်းအတ်ိုင်းလူငယ်တွေကိုလည်း ဒီလမ်းကြီးမသွားနဲ့ ဆ်ိုပြီး ချုပ်ချယ်တယ်
။
တကယ်တော့ လူငယ်တွေက စူးစမ်းလိုစိတ်ရှိကြတယ် သူတို့တုန်းကမဖြစ်နိုင်ဘူးဆိုတာကို
ဖြစ်အောင် လုပ်ကြည့်ချင်ကြတယ် ။
လူကြီးတွေဟာ ပုံစံအတိုင်းပဲသွားတယ် ဒီ
တော်လှန်ရေးကြီးမဖြစ်ခင်တုန်းကလည်း လူငယ်တွေကို အမျိုးမျိုးချုပ်ချယ်ကြတယ် ။
ဖုန်းလေးကိုင်ပြီဆိုရင်လည်း "နင်ကဒီဖုန်းပဲကိုင်နေတာ ဘာအလုပ်မှမလုပ်ဘူး "
ဆိုပြီးပြောတယ် ။
ဒါမဲ့ တချို့တွေဟာ အဲ့ဒိဖုန်း/laptopကနေ You tube ကနေ စာသင်နေမယ်
! Fic ရေးတဲ့သူ ၊ ကဗျာ ၊ Story ရေးတဲ့သူ တွေလည်းရှိကောင်းရှိမယ် ။
သူတို့အချိန်ဖြုန်းနေတာမဟုတ်ပါဘူး အဲ့ဒါကိုလူကြီးတွေရဲ့အမြင်မှာတော့
"နင်ကလက်ကျောမတင်းဘူး ၊ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုပြီး " ပဲပြောတယ် ။
အခုဒီလို
အခြေအနေတွေ ဖြစ်လာပြန်တော့လည်း !! "ဦးလေးတို့ ၊ ဒေါ်လေးတ်ို့ ၈၈ တုန်းကခံခဲ့ပြီးပြီ
" ဘာညာနဲ့ ရှေ့က လူငယ်တွေအားပျက်စေမှာတွေကိုပဲ တချို့တွေကပြောတယ် ။
သူတို့ ၈၈
တုန်းကအတိတ်ဆိုးကြီးကိုပဲ ၂၁ မှာ ကြိုးစားနေတဲ့ လူငယ်တွေကို ချပြနေတာကိုတွေ့ရတယ် ။
"ရှေ့မတက်နဲ့နော် ရှေ့တက်ရင်ပစ်မှာ " မတက်ပါဘူး ဒါမဲ့ပစ်သွားတာကျတော့ရော !!
"မင်းတို့က အရင်စရင်တော့ ဟိုကချမှာ " အရင်မစပါဘူး သူတို့က စည်းကျော်လာတာရော !!
"အကြမ်းမဖက်နဲ့ သူတို့ အကွက်ထဲဝင်သွားမယ် "
အဲ့မှာ ကြွေသွားတဲ့ကြယ်တွေက
အကြမ်းဖက်ခဲ့လို့လား ???
ကိုယ်တိုင်ကလဲ မပါဝင်ဘဲနဲ့ ကိုယ့်ဘေးနားကလူငယ် တွေကို ၈၈
တုန်းကကြုံခဲ့ရတယ်ဆိုပြီး အမျိုးမျိုးဆရာမလုပ်ပါနဲ့ !!
(လုံးဝ
ခေတ်ကြီးကမတူတော့လို့ပါ ) နောက်ပြီး ကိုယ့်သားသမီးကို အပြင်မထွက်ခိုင်းဘဲ
ကြောက်စိတ်တွေ ရိုက်သွင်းပေးနေတာတွေ မလုပ်လိုက်ပါနဲ့ !!
သူတို့ကိုအခုချိန်ကြောက်စိတ်ပဲထည့်ပေးလိုက်တာနောင်တစ်ချိန်မှာ
တော်လှန်ရေးမှာငါမပါခဲ့ရပါ့လားဆိုပြီး သိမ်ငယ်စိတ်တွေပါဝင်သွားရင် လူကြီးတွေရဲ့
အပစ်ပါပဲ ။
အဲ့ဒီတော့ဗျာ ကျွန်တော်လူကြီးတွေကို အများကြီး မတောင်းဆိုပါဘူး !!
လူကြီးတွေမို့ လမ်းပေါ်မထွက်နဲ့ ရတယ် ဒါမဲ့ ပြေးလွှားပြီးလာရတဲ့ လူငယ်တွေ
ကိုယ့်သား၊သမီး အရွယ်တွေက်ို အိမ်တံခါးလေးဖွင့်ပေးခြင်းနဲ့ ကူညီပေးပါ ။
နောက်ပြီးတော့ ဒီအာဏာရူးတွေဟာ လူကြီးတွေကိုပဲ ပိုပြီးကြောက်စိတ်သွင်းတယ်
လူကြီးတွေကတစ်ဆင့် သူတို့သားသမီးကို ချုပ်ချယ်မယ်ဆိုပြီး အကွက်ဆင်ထားတာ !!
ဥပမာ-
ဟိုနေ့က A4 တွေနဲ့ စာတင်တဲ့သူ သတင်းတင်တဲ့ လူငယ်တွေ Print ထုတ်ပြီး
ဝရမ်းထုတ်တယ်ဆိုတာမျိုး !!
အမှန်တော့ လူငယ်တွေက သိပြီးသား အဲ့ဒါကိုလူကြီးတွေက
အကြောက်လွန် ကိုယ့်သားသမီးကို Post တွေပြန်ဖျက်ခိုင်း ဘာလုပ်ခိုင်းနဲ့
အကြောက်တရားကို ရိုက်သွင်းနေတာပါ ။
နောက်ဆုံးအနေနဲ့ ပြောချင်တာ အရမ်းကြီး
မကြောက်ကြပါနဲ့ ခင်ဗျာ !! ကြောက်ရင် ကျွန်တော်တို့ရှုံးမှာ ။
လူကြီးတွေက ကြောက်လို့
လမ်းပေါ်မထွက်ဘူးပဲထား !! လမ်းပေါ်မှာရှိတဲ့ လူငယ်တွေကို ကြောက်အောင်ပြောတာ ဘေးကနေ
အပြစ်တင်နေတာတွေ မလုပ်ပါနဲ့ ။
လူကြီး မိဘ များခင်ဗျာ !!!
ကျွန်တော်တို့လူငယ်တွေကို
ကြောက်စိတ်တွေဝင်အောင်ပြောခြင်း ၊ ဘေးထိုင်ပြီး အပြစ်ပြောခြင်းများမလုပ်ဘဲ
လူငယ်တွေပြေးလာရင် အိမ်တံခါးဖွင့်ပေးခြင်း အားပေးစကားများပြောခြင်းများဖြင့်
ကူညီပေးစေလိုပါတယ် ခင်ဗျာ ။ @𝐕𝐄𝐑𝐒𝐄 𝐃𝐨 𝐧𝐨𝐭 𝐫𝐞𝐩𝐨𝐬𝐭 𝐰𝐢𝐭𝐡𝐨𝐮𝐭 𝐜𝐫𝐝.
(ထိုစာသည်လူကြီးသူမများအား အပြစ်တင်ခြင်းမဟုတ်ပါ )