လူမှုကွန်ရက်ပေါ်မှာ ဝေဖန်မှုတွေ ထွက်ပေါ်နေတဲ့ “လှောင်အိမ်ကုတင်” နောက်ကွယ်က အကြောင်းအရင်းကို ထိုင်းမီဒီယာတွေကတဆင့် ဂေဟာပိုင်ရှင်ရဲ့သားကိုယ်တိုင် ရှင်းပြလာပါတယ်။
ထိုင်းနိုင်ငံ ကန်ချနဘူရီက သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာမှာ လူနာကုတင်တွေကို သံဘောင်နဲ့ လှောင်အိမ်ပုံစံ ပြုလုပ်ထားတဲ့အပေါ် လူမှုကွန်ရက်မှာ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့တာပါ။အခုတော့ ဂေဟာပိုင်ရှင်ရဲ့သားဖြစ်သူ Teerapop Rangsisukanon က အဲဒီကုတင်ဒီဇိုင်းကို သူကိုယ်တိုင် စဉ်းစားဒီဇိုင်းဆွဲခဲ့တာဖြစ်ကြောင်း ဝန်ခံရှင်းပြလာပါတယ်။
နယူးဇီလန်နိုင်ငံ University of Auckland မှာ Health Sciences ပညာသင်ယူခဲ့သူဖြစ်ပြီး လူနာတွေ ကုတင်ပေါ်ကနေ ပြုတ်ကျပြီး ထိခိုက်ဒဏ်ရာရနိုင်တဲ့ အခြေအနေတွေကို လေ့လာပြီးနောက် အခုလို ဒီဇိုင်းကို ဖန်တီးခဲ့တာလို့ သူ့ဘက်က ရှင်းပြထားပါတယ်။
ဒါပေမယ့် လူနာတစ်ဦးချင်းစီရဲ့ အခြေအနေကို သုံးသပ်ရာမှာ လိုအပ်ချက်တွေ ရှိခဲ့နိုင်တာကိုလည်း လက်ခံထားပြီး ဝေဖန်အကြံပြုချက်တွေကို ထည့်သွင်းစဉ်းစားသွားမယ်လို့ ဆိုပါတယ်။

No comments:
Post a Comment