Wednesday, June 17, 2026

အမှတ်မရှိမြန်မာ အရှက်မရှိတပ်မတော် အတွက် ၂၀၂၁ ပြန်လည်သွားကြည့်ခြင်း . . . —-----------------

 ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲတွေလုပ်တော့

လူတွေပျော်ကြတယ်
ကျွန်တော်လည်း အဲဒီအထဲမှာပါတယ် . .

သန်းခေါင်ယံသန်းဌေးဆိုပြီး
memes ပုံတွေလုပ်
ထိုင်ရှယ်ပြီး
သခင်လတ်ပုံတွေနဲ့ပါ
ထိုင်ထရိုးနေတာ

သတင်းစာ၊ ဂျာနယ်တွေထဲမှာလည်း
တပ်ချုပ်ကြီးပုံနဲ့ ရေးထားတဲ့သတင်းခေါင်းစဉ်တွေက
တော်တော်လေး hot ဖြစ်ခဲ့တယ်လို့ ပြောရမဲ့သဘော . .
ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပါတယ် . .
အာဏာသိမ်းရန် လုံး၀အစီအစဉ်မရှိပါ . .
ပြည်သူ့ရွေးချယ်မှုကို အလေးထားပါတယ်ဆိုတဲ့
တပ်ချုပ်ကြီးကိုယ်တိုင်
ကတိပေးစကားပြောထားတဲ့ စကားလုံးတွေဟာ
သတင်းစာခေါင်းကြီးပိုင်းမှာ
နေရာယူထားတယ်ဆိုတော့

လာမယ့်နောက်ငါးနှစ်
ငါတို့ထိုင်းကိုရင်ကော့ခေါင်းမော့သွားလို့ရပြီပေါ့
၂၀၂၁ အာဏာမသိမ်းခင်ကတောင်
ထိုင်းသွားတဲ့အခါ မျက်နှာငယ်စရာ
မလိုတော့တာကိုး . .

လူတွေကလည် ကိုဗစ်ကာလမှာတောင်
စီပွားရေးတွေ အဆင်ပြေလာတော့
နှစ်ကုန်ရင် ပြည်တွင်းခရီးတွေ လျှောက်သွားမယ်မပြောနဲ့
ပြည်ပခရီးစဉ်တွေကိုပါ စိတ်ဝင်စားလာကြပြီ . .

ဖုန်း Sim Card တွေကလဲ
အခုလို Googel Code မကျတော့တဲ့
ပြသနာမျိုး ဝေလာဝေး . .
Telenor Sim Card ထဲ ဖုန်းဘေရှိယုံနဲ့တင်
Google Play Store ထဲ
APP တွေဝယ်လို့ရနေပြီ

ဒါပေမယ့် သောက်ရမ်းကတိတည်လွန်းတဲ့
စစ်သားကြီးက
မလုပ်ရဲတာ ဘာမှမရှိဘူးကွ ဆိုပြီး
February ၁ ရက်နေ့မှာ အာဏာထသိမ်းလိုက်တော့
ထိုင်း နဲ့ တောင် ပုခုံးချင်းယှဉ်လာနေတဲ့ မြန်မာနိုင်ငံဟာ
တပ်ချုပ်ကြီး ၁ နှစ်ပဲအာဏာထိန်းတာပါ . . ဆိုပြီး ကတိထပ်ပေးပြီး
၄ နှစ်ကျော် ၅ နှစ်ကျော်လာတဲ့နောက်ပိုင်း
အရှေ့တောင်အာရှမှာ
လာအို မပြောနဲ့ တီမောအောက်တောင်
ရောက်ခဲ့ရပြီမလား . .

ဒီလို ကတိတွေတည်လွန်းလှတဲ့
တပ်ချုပ်ကြီးလက်ထပ်
တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး ဆိုပြီး . .
သူကြီးပဲ သွေးထိုးသွေးခွဲစကားတွေ လှိမ့်ပြောတော့
တပ်မတော်လူမျိုးကလွဲပြီး ကျန်တဲ့တိုင်းရင်းသားအချင်းချင်း
ပိုညီညွတ်သွားကြပြီ

ဒီနေရာ တပ်မတော်လူမျိုး လို့ပြောရတာ အကြောင်းရှိတယ် . .
တပ်မတော်ထဲမှာ ဗမာလူမျိုး ကရင်လူမျိုး ချင်းလူမျိုး ဆိုပြီးမရှိသလို
ဗုဒ္ဓဘာသာ ခရစ်ယာန်ဘာသာ ဆိုပြီးတော့လည်း ရှိမနေပြန်ဘူး . .

တကယ်တော့ တပ်မတော်မှာ လူမျိုး၊ ဘာသာ၊ နိုင်ငံ ဆိုတာအပေါ်ယံ
အရောင်ပြသာရှိပြီး . .
နိုင်ငံထဲမှာ နိင်ငံတစ်ခုဖြစ်နေတဲ့
ဒီတပ်မတော်ဟာ
တပ်မတော်သည်သာအမိ၊ တပ်မတော်သည်သာအဖ ဆိုတဲ့
စိတ်နဲ့ပဲသွားတယ် . .
ဒါကြောင့် သူတို့မှာ လူမျိုးမရှိဘူး . . ဘာသာမရှိဘူး . . နိုင်ငံမရှိဘူး
အားလုံးဟာ အရောင်ပြတွေကြီးပဲ . .

တစ်နည်းပြောရရင် တပ်မတော်သည်လူမျိုး တပ်မတော်သည်ဘာသာပဲ

ဟိုးအရင်က သန့်ရွှေခေတ်ဆိုတာ
လူဦးရေအများဆုံးဖြစ်တဲ့ ဗမာလူမျိုးနဲ့
တပ်မတော်ကို ကာဗာလုပ်ခဲ့တယ် . .

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးပြီးတဲ့နောက်ပိုင်း
လူမျိုးစုတစ်ခုတည်းနဲ့ ကာဗာလုပ်လို့မရမှန်း
တပ်မတော်ကသိသွားတဲ့နောက်
ဘာသာရေးနဲ့ပါ ကာဗာယူဖို့
ပိုပြီး ကြိုးစားလုပ်ဆောင်လာခဲ့တယ်

၂၀၁၀ နှောင်းပိုင်းမှာ
မဘသ ဆိုတဲ့အဖွဲ့တွေ
စတင်ပေါ်ပေါက်လာတယ်

လူမျိုးရေးသာမက . . ဘာသာရေးကိုပါ
အဓိကရုဏ်းမဖြစ်ဖြစ်အောင်
လုပ်ဆောင်လာခဲ့ကြတယ် . .

မွတ်စလင်ဘာသာဝင်တို့ အထွတ်အမြတ်ထားရာ အစ်နေ့မှာတောင်
ဝိရသူ၊ သခင်လတ်တို့ မဘသအဖွဲ့ဝင်တွေပေါင်းပြီး
ဝက်သားစာပွဲတော် ရန်ကုန်မှာကျင်းပခဲ့သေးတယ်မလား

ဒါပေမယ့် ၂၀၂၁ အာဏာသိမ်းပြီးတဲ့
နောက်ပိုင်း ဗမာလူမျိုးအများစုနဲ့
ကာဗာယူထားတဲ့ တပ်မတော်ရဲ့ plan က
ပျက်ဆီးသွားခဲ့တယ်. . .

ဘာသာရေး ကာဗာတစ်ခုပဲရှိတော့တယ် . .
လူငယ်အများစုကတော့ ဒါကိုမြင်ပေမယ့် . .
သင်္ကန်းဝတ်ပြီး . . သူ့သမီးမုဒိန်းကျင့်နေရင်တောင်
သင်္ကန်းဝတ်ကြီးနဲ့ ငါကိုယ့်ထိလက်ရောက်
ပြန်တိုက်ခိုက်လို့မရဘူး ဆိုတဲ့
သောက်တောသားတစ်အုပ်ကတော့
ဒုနဲ့ဒေး ကိုရှိနေတုန်းဆိုတော့
ဘာသာရေးကာဗာက အလုပ်ဖြစ်နေသေးတယ် . . . . .

မယုံရင် သီတဂူ Live လွှင့်တဲ့အောက်
သွားကြည့်ကြည့်ပါလား . . .
လက်အုပ်ကလေးတွေချီလို့ ..

၂၀၂၁ တုန်းက
ပြည်သူမရှိလဲရတယ်
ဆိုတဲ့ အထာနဲ့ ခင်းခဲ့တဲ့ တပ်မတော်ဟာ
ရန်ကုန်မြို့လည် မန္တလေးမြို့လည်ခေါင်မှာတောင်
ဘာတွေလုပ်ခဲ့လဲ သိကြမှာပေါ့ .

ဪမေ့လို့
မြန်မာလူမျိုးဆိုတာ
သောက်အမှတ်မှ မရှိတာ
ပြန်နွေးပေးရမှာပေါ့ . .

၂၀၂၁ တုန်းက
ရန်ကုန်မြို့လည် မန္တလေးမြို့လည်ခေါင်မှာ
ဘာလက်နက်မှမရှိတဲ့ ပြည်သူလူထုကို
လေးဘက်ထောက်လျှောက်ခိုင်းပြီး
အနောက်ကနေ စောက်ကန်တယ် . .
သေနတ်ဒင်နဲ့ရိုက်သတ်တယ်
မီးစက်ကြီးထဲ အလောင်းထည့်ထားခဲ့ပြီး
ကိုယ့်သားသမီးကိုယ်ထိမ်း ဆိုပြီး ရေးထားခဲ့တယ်
ကားတွေနဲ့ လူအုပ်တွေကြားထဲ ဝင်တိုက်တယ် . .
ကားမှန်တွေ အကြောင်းမယ့် ရိုက်ခွဲတယ်
တာမွေ ၁၆၇ လမ်းမှာဆို လမ်းဘေးရပ်ထားတဲ့
ကားတွေကို ဘာအကြောင်းပြချက်မှ မရှိပဲ
ဘူဒိုဇာနဲ့ ဖျက်ဆီးတယ် . .

ကျွန်တော်ပြောခဲ့တဲ့ ကြောင်းအရာတွေ အကုန်လုံးဟာ
Video မှတ်တမ်းတွေနဲ့ တကွရှိတယ်
ဒီ Video တွေအကုန်လုံးကို Youtube ပေါ်မှာတင်ချင်ပေမယ့်
Community နဲ့ ငြိတော့ ကျွန်တော်ဒီအတိုင်းသိမ်းထားလိုက်ရတယ်

ဘယ်သူတွေက မခံချင်စိတ်ဖြစ်ရလောက်အောင်
အကြမ်းဖက်ခဲ့ကြသလဲ

ဒီလို ပြည်သူတွေအပေါ်
ရက်ရက်စက်စက်လုပ်ခဲ့တဲ့ စစ်တပ်က
တစ်ခုမှ ပြန်မတောင်းပန်ခဲ့တဲ့အပြင် . .

ရှက်ကြောပြတ်ကာ . .
နောင်ချိုမှာ ပြည်သူတွေနဲ့
ပြန်တွေ့ပြီး မျက်ရည်ကျပြရတာနဲ့

စမ်းချောင်းက ဒံပေါက်အိုးလိုက်မသွားတဲ့
ပလာတာတောင် ခိုးစားတဲ့သူခိုးတပ်မတော်က
ဒံပေါက် ပြန်လှူပြရတာနဲ့
သောက်အလုပ်တွေရှုပ်လို့

ခင်ဗျားတို့ကို
ပြည်သူတွေက
ဘယ်လောက်တောင် လိုလားတောင်းတသလဲ
သိချင်သဗျဆိုရင် . .

ရန်ကုန်မှာ
အကြမ်းမဖက်ပဲ စိတ်ကြိုက်ဆန္ဒထုတ်ဖော်ခွင့်
ရှိသည် အရေးမယူပါဆိုတဲ့ အမိန့်လေးသာထုတ်လိုက်

အိုး . .
ပြောမယ့်သာပြောရတာပါ . .
ဒီလိုအမိန့်ထုတ်ပြီး . .
သူတို့ မဘသတွေကို ၂၀၂၁ တုန်းကလို
ကားတွေနဲ့ခေါ်လာပြီး လာသောင်းကြမ်းခိုင်းဦးမှာ

သိတယ်မဟုတ်လား တပ်မတော်က
ကတိအရမ်းတည်ပြီး
အကျင့်မှ မယုတ်တတ်တာကိုး . .

ပြည်သူတောင်းဆိုတာက ရှင်းရှင်းလင်းပဲ
ကိုယ့်လုပ်ခဲ့သမျှ ကျူးလွန်ခဲ့သမျှ
အရာတွေကို အပစ်ဝန်ခံပြီး
တရားစီရင်ခံရမယ် . .

ခင်ဗျားတို့စစ်သားခင်ဗျာမှာလည်း
ယောကျာ်းကောင်းတွေမှာ ရှိကိုရှိရမယ့်
ကိုယ့်အပစ်ကိုယ်ဝန်ခံချင်းတောင်
မလုပ်နိုင်ပဲ လိလိလားလား သိပ်မလုပ်ပြနေပါနဲ့ဗျာ . .

မိုက်စရာရှိတာ မိုက်လိုက် အေးငါလုပ်တာကွာ
ဆိုပြီး ပြောပလိုက် . . .
ဘယ်ပြည်သူမှ သောက်သဲပေါက်မှာမဟုတ်ဘူး

အခုများကြတော့ သေနတ်ကြီးတွေကိုင်ပြီး
ကိုယ်လုပ်ခဲ့သမျှ မတရားမှုတွေကို ဝန်မခံတဲ့အပြင်
သူများကိုကြီးပဲ လက်ညိုးထိုး အပစ်လိုက်ဖို့နေတော့
ဒီတပ်မတော်ကို ဘယ်ပြည်သူကမှ အမြင်မကြည်
မယုံကြည်ကြတာ မဆန်းကျယ်ဘူးလေလို့ပဲ
ပြောရမယ့်သဘော

အခု ကျွန်တော်ပြောတဲ့အရာတွေဟာ
စစ်တပ် ကျူးလွန်ခဲ့တဲ့ ပစ်မှုတွေထဲ
အသေးစားပစ်မှုတွေလို့ပဲ ဆိုရမယ်

ဒီကျူးလွန်ခဲ့တဲ့
သေးသေးလေးတွေကိုယ်တောင်
၄ နှစ်ကျော် ၅ နှစ်ထဲဝင်လာတဲ့အထိ
တစ်ခုမှ ဝန်မခံသေးပဲ
အရှက်မရှိ သမ္မတတက်လုပ်နေတဲ့
သောက်ကတိမတည် စစ်သားကြီးကိုတောင်
ဒီအတိုင်းထိုင်ကြည့်နေတဲ့ တပ်မတော်မလား .. . .

လူသေတွေကို လှည်းပေါ် အပုံလိုက်တင်သွားတာ
တရွတ်တိုက်ဆွဲသွားတာ
ကားနဲ့တိုက်-တ်ပြီး ကားပေါ်ပြန်တင်သွားတာ
သေနတ်ဒင်တွေနဲ့ ရိုက်-တ်တာ
စတဲ့ Video တွေကိုတော့ တင်လို့မရပေမယ့်
Facebook ပေါ်ပြန်ရှာကြည့်ရင်
Video တွေနဲ့ တကွသက်သေတွေ ဗလဗွတွေ့ရမှာပါ

မျက်နှာပြောင်တိုက်
ပြည်သူနဲ့ တသားထဲတို့
ဒံပေါက်လှုတာတို့
ပြည်သူတွေ သောင်းသောင်းဖျဖျကြိုဆိုတယ်
ဆိုတာတို့
ကလေးအကွက်တွေ
မလုပ်ပြပါနဲ့ဗျာ . .
ပြည်သူတွေက သောက်ရူးမဟုတ်ဘူးဗျ . .

ဒါကြောင့် နောက်ဆုံးအနေနဲ့ပြောရရင်
မိုက်စရာရှိတာမိုက်ပါ
ဗုံးကြဲစရာရှိတာ ဗုံးကြဲပါ
မု-ိန်းကျင့်စရာ ရှိတာကျင့်ပါ
ထမင်းအိုးထဲ ချီးပါစရာရှိတာ ပါပါ
ငါတို့တပ်မတော် လုပ်တာကွဆိုတဲ့
ဝန်ခံတတ်မှုလေးပဲ ရှိပါစေလို့ . .
ပြောဆိုလိုက်ပါရစေ . . . .

ရေးသားသူ - Mi Wyne (Meanwhile In Myanmar)
မူရင်း Youtube ချယ်နယ်လင့်ခ် - https://www.youtube.com/@meanwhileinmyanmar2


No comments:

Post a Comment