Friday, January 10, 2014

Myanmar Youth Media Club 08 Jan 2014

MYMC - MYMHOT



Posted: 08 Jan 2014 06:38 PM PST
Stephen Hawkingwheelchair ပေါ်က လူသား တစ်ယောက်၊ စက်အကူ မပါဘဲ ဆက်သွယ်မှု မလုပ်နိုင် ပေမယ့် အားမလျော့ဘဲ စကြဝဠာ ကြီးကို လေ့လာနေတဲ့ Stephen Hawking က ၈ရက်နေ့မှာ အသက် ၇၂နှစ် ပြည့်ခဲ့ပါပြီ။ 
Stephen Hawking ကို၁၉၄၂ခုနှစ် ဇန်န၀ါရီလ ၈ရက်နေ့မှာ အင်္ဂလန် နိုင်ငံ Oxford မှာမွေးဖွားခဲ့ ပါတယ်။ အသက် ငယ်ငယ်လေး ကတည်းက သူက သိပ္ပံပညာနဲ့ မိုးကောင်းကင် အကြောင်း လေ့လာရတာ တော်တော်ကို စိတ်ဝင်စား ခဲ့သူပါ။ အသက် ၂၁နှစ် အရွယ်မှာ စကြဝဠာ ဗေဒ (cosmology) ကို University of Cambridge မှာသင်ကြား နေရင်းနဲ့ သူ့မှာ Amyotrophic Lateral Sclerosis ရောဂါ ရှိတယ် ဆိုတာ တွေ့ရှိခဲ့ ပါတယ်။ ALS ဆိုတာ ရှင်းရှင်း ပြောရရင် ခန္ဓာကိုယ်က ကြွက်သား တွေကို ထိန်းချုပ်တဲ့ နာဗ့်ကြော တွေပာာ တဖြေးဖြေးနဲ့ အလုပ် မလုပ် တော့တဲ့ ရောဂါပါ။ ဆရာဝန်က သူ့ကို နောက်၂နှစ်ခွဲ လောက်ပဲ အသက် ဆက်ရှင်မယ် လို့ခန့်မှန်း ခဲ့ပါတယ်။ ဒါပေမယ့် ခုထိ ဘ၀ဆက် နေဆဲ ဖြစ်ပြီး ဒီနေ့မှာ ဆိုရင် အသက် ၇၂နှစ် ပြည့်ခဲ့ပြီး နောင်နှစ် ရာချီတိုင်အောင် လူတွေ သူ့ကို အမြဲသတိ တရ ရှိစေမယ့် ရှာဖွေ တွေ့ရှိချက်တွေ ပြုလုပ် ခဲ့ပါတယ်။


ှStephen Hawking ကို Frank နဲ့ Isobel Hawking တို့က ဖွားမြင်ခဲ့ပြီး မွေးချင်း ညီမ၂ယောက်နဲ့ မွေးစားအစ်ကို တစ်ယောက် ရှိပါတယ်။ မိ ဘ၂ပါး လုံးက University of Oxford ကျောင်းထွက်တွေ ဖြစ်ပြီး ဖခင်က medicine နဲ့မိခင်က Philosophy, Politics and Economics ကို လေ့လာ ခဲ့သူတွေပါ။ သူ့ကို မွေးတဲ့ အချိန်တုန်းက ဒုတိယ ကမ္ဘာစစ် ဖြစ်နေတဲ့ အချိန် ဖြစ်တာကြောင့် စိတ်မချ ရတဲ့ လန်ဒန်မြို့ ကနေ Oxford ကိုပြောင်းပြီး အဲ့မှာသူ့ကို မွေးဖွား ခဲ့ပါတယ်။ Byron House School မှာပညာ သင်ကြားခဲ့ပြီး သူ့ကို စာမလိုက် နိုင်တာကြောင့် ၀ိုင်းလှောင် တာ ခံခဲ့ ရပါသေးတယ်။ သူ့ရဲ့ မိသားစုက တကယ့်ကို ဥာဏ်ကောင်းတဲ့ မိသားစုလို့ သတ်မှတ် ခံခဲ့ရပြီး ထမင်းစား ချိန်တွေ မှာတောင် စာအုပ်နဲ့ မျက်နှာ ခွာတဲ့သူတွေ မဟုတ်ပါဘူး။ သူ့အဖေက သားကို ပိုတဆင့်မြင့်တဲ့ ကျောင်းတက် စေချင်ခဲ့ ပေမယ့် ၀င်ခွင့်စာမေးပွဲ ဖြေတဲ့ နေ့မှာ ဖျား ခဲ့တာကြောင့် မူလကျောင်း မှာပဲ ဆက်တက် ခဲ့ရပါတယ်။ အဲ့ကျောင်းမှာ သူက အရမ်းခင်တဲ့ သူငယ်ချင်း အုပ်စု တစ်စု ရခဲ့ပြီး အုပ်စုလိုက် Che ss ကစားတာ၊ မီးပန်းတွေ လုပ်တာ၊ လေယာဉ်နဲ့ သဘောင်္တွေ ဆောက်တာနဲ့ပဲ အချိန်ကုန် ခဲ့ပါတယ်။

Young Stephen Hawking

နောက်အသက် ၁၇နှစ်မှာ  Oxford University ကိုတက်ရောက် ခဲ့ပါတယ်။ သချာင်္ဘာသာ ကိုယူချင် ပေမယ့် ရူပဗေဒ ကိုယူခဲ့ပါတယ်။ အစ ပိုင်းမှာ သူအတွက် ကျောင်းက တော်တော်ကို ပျင်းစရာ ကောင်းနေခဲ့ တာပါ။ ၃နှစ် တက်ပြီးတော့ Natural Science မှာ first  class honours degree ချီးမြှင့်ခံ ခဲ့ရပါတယ်။ Cosmology နဲ့ပတ်သက်ပြီး research လုပ်ဖို့အတွက် Cambridge ကိုပြောင်းခဲ့ ပါတယ်။ နောက်ဘွဲ့ တစ်ခု အတွက် လုပ်ဆောင် နေရင်း သူ့မှာ ALS ရောဂါ ရှိတယ် စစ်ဆေး တွေ့ရှိခဲ့ ပါတယ်။ ဒီရောဂါ ဖြစ်ပြီးမှ သူ့ဘ၀နဲ့ ပတ်သက်ပြီး လေးလေး နက်နက် တွေးမိပြီး ပိုပြီး ကြိုးစားလာ ခဲ့ပါတယ်။ ပြောရရင် သူ့ဒီနေ့ ဒီလို အောင်မြင်လာ ခဲ့တာ ရောဂါကြောင့် ပါပဲ။ ၂နှစ်ခွဲ အတွင်းမှာ Ph.D ဘွဲ့မရ နိုင်မှန်း သိတဲ့အခါ သူက သုတေသန ဘက်ကိုပဲ အားစိုက် ခဲ့ပါတယ်။ ပထမ အိမ်ထောင် Jane Wilde နဲ့လက်ထပ် ခဲ့ပြီး ကလေး ၂ ယောက် ထွန်းကားခဲ့ ပါတယ်။ သူ့ခန္ဓာကိုယ်က လှုပ်ရှားမှုတွေ လုံးဝ မလုပ်ဆောင် နိုင်တဲ့အခါ သူ့ရောဂါ အရှိန် ကလည်း နှေးသွား ပါတယ်။ သူ့ ရဲ့ ပထမဆုံး စာအုပ် The Large Scale Structure of Space-Time (1975) ကိုထုတ်ခဲ့ပြီး အောင်မြင် ကျော်ကြား လာခဲ့ပါတယ်။ Hawking Radiation သီအိုရီက သိပ္ပံလောကကို တုန်လှုပ် သွားစေခဲ့ပြီး ဂုဏ်သိက္ခာ ကြီးမားလွန်းတဲ့ Albert Einstein Award ကိုပါ ရခဲ့ပါတယ်။

Stephen Hawking and his wife, Jane

နောက်ပိုင်းမှာ သူ့ကျန်းမာရေးက တော်တော် ဆိုးဝါးလာ ပါတယ်။ အရာရာ တိုင်းကို အကူ မပါဘဲ လုပ်ဆောင်ဖို့ ခက်ခဲ့ လာပါတယ်။ စကား ပြောတာလည်း ၀ူးဝူးဝါးဝါး ဖြစ်လာပြီး သူနဲ့ အနီးကပ် နေသူတွေ လောက်ပဲ သူပြောတာ နားလည် ပါတယ်။ ၁၉၈၅မှာတော့ စကားမပြောနိုင် တော့ဘဲ ၂၄နာရီလုံး သူနာပြု အကူ ထားဖို့ လိုလာပါတယ်။ သူ့ရဲ့ အလုပ်တွေ ဆက်လုပ်ဖို့ ခက်လာ ပါတယ်။ မလှုပ်ရှား နိုင်တဲ့ ဘ၀ဖြစ် ပေမယ့် သူက အလုပ်က သင့်ကို ရှင်သန် ရတာ အဓိပ္ပါယ် ရှိအောင်၊ ရည်ရွယ်ချက် ရှိအောင် လုပ်ပေး ပါတယ်။ ဒါမရှိရင် ဘ၀က အလကား ပါပဲလို့ ဆိုခဲ့ပြီး အလုပ်တွေ ဆက်လုပ် ခဲ့ပါတယ်။ သူ့အခက်အခဲကို ကယ်တင်လိုက်တာ computer programmer တစ်ယောက်ပါ။ သူက ခေါင်း ဒါမှမဟုတ် မျက်စိ လှုပ်ရှားမှု ကနေ စကားပြော ပေးမယ့် ပရိုဂရမ် တစ်ခုကို ဆွဲပေးပါတယ်။ အစကတော့ စကားလုံး တွေကို handheld clicker ကနေတဆင့် ရွေးချယ် ရတာ ဖြစ်ပေမယ့် ဒီနေ့မှာတော့ သူ့ရဲ့ ပါးကြွက်သားမှာ တပ်ဆင်ထားတဲ့ sensor ကနေ တဆင့် ထိန်းချုပ် အ လုပ်လုပ် ပါတယ်။

Stephen Hawking

၁၉၉၀ မှာတော့ သူ့ရဲ့ သူနာပြု Elaine Mason အတွက် ပထမဇနီး Jane နဲ့ကွာရှင်းပြီး ၁၉၉၅မှာ Elaine နဲ့လက်ထပ် ပါတယ်။ ၂၀၀၆မှာတော့ ကွာရှင်း ခဲ့ပြီး Jane နဲ့ပြန်ဆက် ပါတယ်။ ၂၀၀၉မှာ သူ့ရဲ့ ကျန်းမာရေး အခြေအနေက ဆိုးဝါးခဲ့ပြီး ဆေးရုံ တက်ခဲ့ရ ပေမယ့် ကျော်လွန်နိုင် ခဲ့ပြီး တီဗီ ဖန်သားပြင်မှာ သူ့ကို ဆက်တိုက် မြင်ခဲ့ ရပါတယ်။ သူ့ဘ၀ အကြောင်း ရုပ်ရှင်တွေလည်း ဆက်တိုက် ထွက်ရှိ လာပြီး ဘွဲ့ပေါင်းစုံနဲ့ ဂုဏ် ပြုခြင်း ခံခဲ့ ရပါတယ်။ wheelchair နဲ့သွားလာ ရတာ၊ စက်အကူ ပစ္စည်း အပေါ် မှီခို နေရပေမယ့် အားမလျော့ဘဲ ရူပဗေဒနဲ့ ပတ်သက်တဲ့ သီ အိုရီတွေ ဆက်ဖော်ထုတ် နေတာ ဒီနေ့မှာဆို အသက် ၇၂နှစ် ပြည့်ခဲ့ပါပြီ။ တစ်နေ့မှာ အာကာသထဲ အထိ ရောက်အောင် သွားနိုင်မယ် လို့လဲ မျှော်လင့် ထားနေ ပါတယ်။

Stephen Hawking

Images from vice, futurecapitals, kayfabenews, dailymail. Source: en.wikipedia.org,biography.com


Author

Arr Luu

No comments:

Post a Comment