Zay Yar shared Nyein Chan Win's photo.
တစ်ခါတုန်းက… သားဖနှစ်ယောက် ကားတစ်စီးနဲ့ ခရီးသွားကြသတဲ့… သားက ကားကိုမောင်းပြီး အဖေကဘေးကထိုင်လိုက်လာခဲ့ပါတယ်…။ အဲ့ဒီလိုနဲ့ ကားမောင်းလာရင်း မထင်မှတ်ဘဲ…ရာသီဥတုအခြေအနေပြောင်းလဲလာ
ပြီး မုန်တိုင်းအရိပ်အယောင်တွေ့လာရပါသတဲ့…။ ဒီတော့ သားဖြစ်သူက သူ့အဖေကိုပြောတယ်… “ အဖေ…မုန်တိုင်းကျတော့မယ်ထင်တယ်…ဘယ်လိုလုပ်ကြမလဲ…ပြန်လှည့်မလား…” ဆိုတော့ အဖေဖြစ်သူက… “ ဆက်မောင်း ငါ့သား… ပြန်လှည့်လို့လည်းမုန်တိုင်းကလွတ်မယ်ထင်လို့လား…ပြန်လှည့်လိုက်ရင် မုန်တိုင်းကမလွတ်တဲ့အပြင် ငါတို့ရောက်ခဲ့ပြီးတဲ့ ခရီးပါအလကားဖြစ်သွားမယ်…ဆက်သာမောင်း…” လို့ဆိုတယ်...။ ဒီလိုနဲ့မောင်းလာရင်း မုန်တိုင်းနဲ့ရင်ဆိုင်တိုးပါလေရော…။ သားဖြစ်သူကတထိတ်တလန့်လန့်နဲ့ ပြောပြန်တယ်…။ “ အဖေ…အကာကွယ်ရမယ့်တစ်နေရာရာမှာ ကားရပ်ပြီးနားမလား …သူများကားတွေတောင် လမ်းဘေးထိုးရပ်သွားကြကုန်ပြီ…” “ မရပ်နဲ့ သား…ဆက်မောင်း …” သားဖြစ်သူလည်း ဖခင်စကားနားထောင်ပြီး ကားကိုသတိထား ဆက်မောင်းနေခဲ့ပါတယ်…။ ကားရှေ့ ကိုရောက်လာတဲ့ သစ်ကိုင်းသစ်ခက်တွေ ချုံနွယ်တွေကိုသတိထားရှောင်တိမ်းရင်း…ခက်ခက်ခဲခဲမောင်းနှင်လာခဲ့ပါတယ်…။ ဒီလိုနဲ့ မောင်းလာရင်း.. မုန်တိုင်းကတဖြည်းဖြည်းငြိမ်လာကာ မကြာခင်ပဲ ကောင်းကင်တစ်ခွင်ကြည်လင်ပြီး သာယာတဲ့ပတ်ဝန်းကျင်ကိုမြင်တွေ့လိုက်ရတယ်…။ ဒီတော့မှ ဖခင်က သားဖြစ်သူကို ကားရပ်ခိုင်းပြီး သားကိုပြောတယ်… “ သား…နောက်ကိုပြန်လှည့်ကြည့်လိုက်စမ်း…သားသာ မုန်တိုင်းနဲ့ တွေ့တဲ့အချိန်မှာ ရပ်နားခဲ့မယ်ဆိုရင်…ခုချိန်ထိမင်းမုန်တိုင်းထဲမှာရှိနေဦးမှာ…ဒါပေမယ့် မုန်တိုင်းကို ရဲရဲရင်ဆိုင်ပြီးမရပ်မနားမောင်းနှင်လာခဲ့လို့ ခုလိုသာယာတဲ့ လောကကြီးနဲ့တွေ့ရတာပေါ့…ဒီလိုပဲသား…ဘဝမှာလည်း ဘယ်လိုအခက်အခဲတွေနဲ့ ကြုံလာပါစေ…ဘယ်တော့မှ မင်းရဲ့ ကြိုးစားအားထုတ်မှုကိုမရပ်လိုက်ပါနဲ့… ဘယ်လိုအခက်အခဲနဲ့ပဲတွေ့တွေ့ ရဲရဲရင်ဆိုင်ကျော်လွှားသွားပါ…အဲလိုသာရင်ဆိုင်လိုက်မယ်ဆိုရင် အခက်အခဲပြဿနာတွေဆိုတာလည်း မမြဲပါဘူး…သာယာလှပတဲ့အခြေအနေတွေနဲ့ မကြာခင်တွေ့ရပါလိမ့်မယ်…။ဒီလိုမဟုတ်ဘဲ…အခက်အခဲတစ်ခုကြုံလာတာနဲ့ မင်းရဲ့  ကြိုးစားအားထုတ်မှုကို ရပ်တန့်လိုက်မယ်ဆိုရင်တော့ မင်းဟာအဲ့ဒီအခက်အခဲကရုံးထွက်နိုင်ဖို့မလွယ်တော့ဘူး…” လို့ ဆုံးမလိုက်ပါတော့သတဲ့ကွယ်…။ ## ဒီလိုပါပဲ…သယ်ရင်း… ငါတို့တတွေ…နှစ်ဟောင်းကုန်လွန်လို့ နှစ်သစ်ကိုရောက်လာကြပြီ… 2014 ဆိုတဲ့နှစ်သစ်ဟာ အကောင်းတွေကြုံလာနိုင်သလို အဆိုးတွေလည်းကြုံရဦးမှာမလွဲပါပဲ… ဘာလို့လဲဆိုတော့ ငါတို့တည်ရှိနေတဲ့ လောကကြီးကိုက အဆိုးရောအကောင်းပါတည်ရှိနေလို့ပဲ…။ ငါတို့ဟာ အကောင်းတွေကိုသာရွေးချယ်ပြီးအဆိုးတွေကို လက်မခံလို့မရဘူးလေ…။ ဒါပေမယ့် ငါတို့လုပ်နိုင်တာတစ်ခုတော့ရှိတယ်…။ အဲ့ဒါက ကြုံလာသမျှကို အကောင်းဘက်ကတွေးနိုင်တယ်လေ…။ တကယ်လို့ အဆိုးတွေနဲ့ကြုံလာခဲ့ရင်တောင် မင်းရဲ့ ကြိုးစားအားထုတ်မှုကို မလျှော့လိုက်ပါနဲ့…ရဲရဲရင်ဆိုင်လိုက်စမ်းပါ…မကြာခင် သာယာတဲ့လောကကြီးကိုမြင်တွေ့ရပါလိမ့်မယ်… ## ဦးသုည… စကားလုံးဖလှယ်သည်…
https://www.facebook.com/author.oothonenya?ref=hl .
No comments:
Post a Comment