သူတို့လေးတွေ
သဲသောင်လွလွ
စိမ်းပြာမြမြ
ပင်လယ်ဝမှာ
ရောင်စုံခရုလှလှလေးတွေ
ကောက်နေကြတာမဟုတ်ပါ။
သဲသောင်လွလွ
စိမ်းပြာမြမြ
ပင်လယ်ဝမှာ
ရောင်စုံခရုလှလှလေးတွေ
ကောက်နေကြတာမဟုတ်ပါ။
မြို့တော်တခို
လမ်းကြိုလမ်းကြား
အနှံ့သွားရင်းက
ကိုယ့်ဘဝလေးတွေကို
ကိုယ့်ဘာသာ ကိုယ်ပြန်ကောက်ကာ
ကိုယ့်ရဲ့ အိတ်စုတ်စုတ်လေးတွေမှာ
ပြန်ထည့်နေကြရရှာ၊
ပန်းပျိုးခင်းမှ
ရနံ့သင်းပျံ့
အယုယခံ
ပန်းမန်လေးတွေလဲ မဟုတ်ကြ။
မြွေတွင်း
ဖားတွင်း
ငါးတွင်း
ဆင်းရဲတွင်းထဲ
ခေါင်းငုံ့ လက်ထိုးနှိုက်နေကြရှာ
ခေါင်းပြန်မဖော်နိုင်ကြသေးပါ။
သူတို့မျက်နှာမှာ သနပ်ခါးကွက်ကြား
နှလုံးသားမှာ ခေတ်ရဲ့ ကြေးညှော်တွေအပြည့်
ဟိုး ကောင်းကင်ဆိုတဲ့ အမြင့်ဝေဟင်က
လင်းလက်ကြယ်စင်တွေနဲ့ ခေတ်ပြိုင်
ဗမာပြည်ရဲ့ မလှပတဲ့ မျက်နှာစာမှာ
ဆန်ဖြူတစေ့ကို မောနေအောင် ရှာဖွေနေတဲ့
သူတို့လေးတွေရဲ့
မဖြူစင်နိုင်တော့တဲ့ မျက်လုံးအိမ်တွေ
နေရာအနှံ့
ဒီလိုနဲ့
စစ်ကားဘီး
စစ်ဖိနပ်
လူကြီးမင်းတို့ရဲ့ဖိနပ်များအောက်မှာ
နုနယ်ပျိုမျစ်တဲ့ အညွန့်ကလေးတွေ
နင်းချေခံနေကြရရှာ။
သူတို့ဘေးနားကနေ
အပူအပင်ကင်းမဲ့
ခေါင်းမော့ဝင့်ဝါ
လွင့်ပျံသွားကြတဲ့ ကျောင်းစိမ်းလေးတွေကို ငေးမောမိတဲ့အခါ
သူတို့နှလုံးသားထဲ စိမ့်ဝင်သွားတဲ့
တဘဝလုံး လှိုက်စားသွားမယ့် အက်ဆစ်ပျော်ရည်တွေ
ဘယ်သူ ခပ်ထည့်ခဲ့တာလဲဆိုတာ
တခါတရံလောက်များ
ဟိုဘက်ဒီဘက် ခေါင်းဆောင်ကြီးတွေ
စဉ်းစားမိခဲ့ပါသလား။
ပလတ်စတစ်အိတ်တွေမဟုတ်
သူတို့ကောက်နေကြရတာ
ဧရာမအပုံကြီး
ဒို့နိုင်ငံတော်ရဲ့ အမှိုက်သရိုက်တွေ
အပြစ်အနာအဆာတွေနဲ့
ကောက်ကျစ်မှု
လိမ်လည်မှု
စစ်ကျွန်ပြုမှုတို့က ဝါးပြီးထွေးထုတ်လိုက်တဲ့
နံစော်နေတဲ့ အဓမ္မမှုတွေကနေ
လွင့်စင်လာတဲ့ အပိုင်းအစများ …။
မင်းတို့နဲ့ အနီးဆုံးနေရာက
ကိုယ့်ကိုယ်ကို ကယ်တင်ရှင်လို့ ထင်နေသူတွေရဲ့
မြူးတူးနေကြတဲ့ မျက်လုံးအိမ်တွေထဲမှာ
အိမ်ဖြူတော်ဘက် မျှော်ကြည့်နေရလို့တဲ့
မင်းတို့အတွက် နေရာချထားစရာ ကွက်လပ်မကျန်ဘူးကွဲ့
ကလေးငယ်တို့ရဲ့…။
မင်းတို့လေးတွေခမျာ
ကောက်ရတဲ့ စာရွက်သာကြည့်
စာမသိသလို
ရောဂါသာ မိ
ဆေးမရှိသလို
အူဂင်္ဂါနဲ့ ကျယ်ပြောလှတဲ့ ဝမ်းတထွာ
ရိုင်းပျတဲ့ သမုဒ္ဒရာထဲ
အရွယ်နဲ့မမျှ ကူးခတ်ရုန်းကန်ရင်း
လက်ပန်းကျနေရသလို
ဘဝလေးတွေရဲ့ နုနယ်တဲ့အနာဂတ်မှာလဲ
ဒဏ်ရာ ဟက်တက်ကြီးနဲ့
မတ်တပ်ရပ်လို့ လမ်းမှာ ငိုနေကြရရှာ။
ကလေးတွေရယ်
မင်းတို့လိုပါပဲ
ဒို့အမျိုးသားတွေရဲ့ အနာဂတ်
ဒို့နိုင်ငံတော်ရဲ့ အနာဂတ်
ရင်ဘတ်မှာ ဒဏ်ရာဟက်တက်ကြီးနဲ့ကွဲ့
ယင်မမဲရိုင်းတွေ လက်ခမောင်းခတ်လို့ …။
မင်းတို့အတွက် ရင်နာတယ်
ဗမာပြည်အတွက် နာကြည်းတယ်
ဒီခေတ်ရဲ့ ဒီစနစ်ကို
ရွံရှာတယ်
နှလုံးနာတယ်
စိတ်ကုန်တယ်
မုန်းတီးတယ်…
… ကြည့်ရတာတော့
တဟုန်းဟုန်း တောက်လောင်နေတဲ့
မီးလောင်မြေရဲ့ ပြာပုံပေါ်ကသာ
တူးဆွ ပြန်ဖော်ပြီး
ခက်ခက်ခဲခဲ ကျားကုပ်ကျားခဲ
ရေရှည်ဇွဲနဲ့
ပြန်လည်ပျိုးထောင်ရမယ်ထင်ရဲ့
ဒို့နိုင်ငံတော်ရဲ့ အနာဂတ်…။
တောက်ပ၀င်းလက်
မျှော်လင့်ချက် ရောင်ခြည်ဆီရှေးရှု
ဒို့ ကလေးတွေရဲ့ အနာဂတ်
ဒို့ သွေးသားတွေရဲ့အနာဂတ်
ဒို့ နိုင်ငံတော်ရဲ့အနာဂတ်
အနာဂတ် ပျက်သုဉ်းမသွားရေး
အလုပ်သမားတွေ
လယ်သမားတွေ ပြည်သူတွေ
ဘဝတွေ အသက်တွေ ဒဏ်ရာဒဏ်ချက်တွေ
အရင်းအနှီးပေးကာ လှမ်းချီနေကြ
တောက်ပဝင်းလက်
အနာဂတ်ပန်းချီကားချပ်အတွက် …။
ကြိုဆိုပါတယ် ရဲဘော်….
ခင်ဗျားတို့လက်နဲ့
ဆေးစက်တစက်စီ တို့ပေးပါ။ ။
မောင်လှဝင်း (မြင်းခြံ)
လမ်းကြိုလမ်းကြား
အနှံ့သွားရင်းက
ကိုယ့်ဘဝလေးတွေကို
ကိုယ့်ဘာသာ ကိုယ်ပြန်ကောက်ကာ
ကိုယ့်ရဲ့ အိတ်စုတ်စုတ်လေးတွေမှာ
ပြန်ထည့်နေကြရရှာ၊
ပန်းပျိုးခင်းမှ
ရနံ့သင်းပျံ့
အယုယခံ
ပန်းမန်လေးတွေလဲ မဟုတ်ကြ။
မြွေတွင်း
ဖားတွင်း
ငါးတွင်း
ဆင်းရဲတွင်းထဲ
ခေါင်းငုံ့ လက်ထိုးနှိုက်နေကြရှာ
ခေါင်းပြန်မဖော်နိုင်ကြသေးပ
သူတို့မျက်နှာမှာ သနပ်ခါးကွက်ကြား
နှလုံးသားမှာ ခေတ်ရဲ့ ကြေးညှော်တွေအပြည့်
ဟိုး ကောင်းကင်ဆိုတဲ့ အမြင့်ဝေဟင်က
လင်းလက်ကြယ်စင်တွေနဲ့ ခေတ်ပြိုင်
ဗမာပြည်ရဲ့ မလှပတဲ့ မျက်နှာစာမှာ
ဆန်ဖြူတစေ့ကို မောနေအောင် ရှာဖွေနေတဲ့
သူတို့လေးတွေရဲ့
မဖြူစင်နိုင်တော့တဲ့ မျက်လုံးအိမ်တွေ
နေရာအနှံ့
ဒီလိုနဲ့
စစ်ကားဘီး
စစ်ဖိနပ်
လူကြီးမင်းတို့ရဲ့ဖိနပ်များအောက်မှာ
နုနယ်ပျိုမျစ်တဲ့ အညွန့်ကလေးတွေ
နင်းချေခံနေကြရရှာ။
သူတို့ဘေးနားကနေ
အပူအပင်ကင်းမဲ့
ခေါင်းမော့ဝင့်ဝါ
လွင့်ပျံသွားကြတဲ့ ကျောင်းစိမ်းလေးတွေကို ငေးမောမိတဲ့အခါ
သူတို့နှလုံးသားထဲ စိမ့်ဝင်သွားတဲ့
တဘဝလုံး လှိုက်စားသွားမယ့် အက်ဆစ်ပျော်ရည်တွေ
ဘယ်သူ ခပ်ထည့်ခဲ့တာလဲဆိုတာ
တခါတရံလောက်များ
ဟိုဘက်ဒီဘက် ခေါင်းဆောင်ကြီးတွေ
စဉ်းစားမိခဲ့ပါသလား။
ပလတ်စတစ်အိတ်တွေမဟုတ်
သူတို့ကောက်နေကြရတာ
ဧရာမအပုံကြီး
ဒို့နိုင်ငံတော်ရဲ့ အမှိုက်သရိုက်တွေ
အပြစ်အနာအဆာတွေနဲ့
ကောက်ကျစ်မှု
လိမ်လည်မှု
စစ်ကျွန်ပြုမှုတို့က ဝါးပြီးထွေးထုတ်လိုက်တဲ့
နံစော်နေတဲ့ အဓမ္မမှုတွေကနေ
လွင့်စင်လာတဲ့ အပိုင်းအစများ …။
မင်းတို့နဲ့ အနီးဆုံးနေရာက
ကိုယ့်ကိုယ်ကို ကယ်တင်ရှင်လို့ ထင်နေသူတွေရဲ့
မြူးတူးနေကြတဲ့ မျက်လုံးအိမ်တွေထဲမှာ
အိမ်ဖြူတော်ဘက် မျှော်ကြည့်နေရလို့တဲ့
မင်းတို့အတွက် နေရာချထားစရာ ကွက်လပ်မကျန်ဘူးကွဲ့
ကလေးငယ်တို့ရဲ့…။
မင်းတို့လေးတွေခမျာ
ကောက်ရတဲ့ စာရွက်သာကြည့်
စာမသိသလို
ရောဂါသာ မိ
ဆေးမရှိသလို
အူဂင်္ဂါနဲ့ ကျယ်ပြောလှတဲ့ ဝမ်းတထွာ
ရိုင်းပျတဲ့ သမုဒ္ဒရာထဲ
အရွယ်နဲ့မမျှ ကူးခတ်ရုန်းကန်ရင်း
လက်ပန်းကျနေရသလို
ဘဝလေးတွေရဲ့ နုနယ်တဲ့အနာဂတ်မှာလဲ
ဒဏ်ရာ ဟက်တက်ကြီးနဲ့
မတ်တပ်ရပ်လို့ လမ်းမှာ ငိုနေကြရရှာ။
ကလေးတွေရယ်
မင်းတို့လိုပါပဲ
ဒို့အမျိုးသားတွေရဲ့ အနာဂတ်
ဒို့နိုင်ငံတော်ရဲ့ အနာဂတ်
ရင်ဘတ်မှာ ဒဏ်ရာဟက်တက်ကြီးနဲ့ကွဲ့
ယင်မမဲရိုင်းတွေ လက်ခမောင်းခတ်လို့ …။
မင်းတို့အတွက် ရင်နာတယ်
ဗမာပြည်အတွက် နာကြည်းတယ်
ဒီခေတ်ရဲ့ ဒီစနစ်ကို
ရွံရှာတယ်
နှလုံးနာတယ်
စိတ်ကုန်တယ်
မုန်းတီးတယ်…
… ကြည့်ရတာတော့
တဟုန်းဟုန်း တောက်လောင်နေတဲ့
မီးလောင်မြေရဲ့ ပြာပုံပေါ်ကသာ
တူးဆွ ပြန်ဖော်ပြီး
ခက်ခက်ခဲခဲ ကျားကုပ်ကျားခဲ
ရေရှည်ဇွဲနဲ့
ပြန်လည်ပျိုးထောင်ရမယ်ထင်ရဲ့
ဒို့နိုင်ငံတော်ရဲ့ အနာဂတ်…။
တောက်ပ၀င်းလက်
မျှော်လင့်ချက် ရောင်ခြည်ဆီရှေးရှု
ဒို့ ကလေးတွေရဲ့ အနာဂတ်
ဒို့ သွေးသားတွေရဲ့အနာဂတ်
ဒို့ နိုင်ငံတော်ရဲ့အနာဂတ်
အနာဂတ် ပျက်သုဉ်းမသွားရေး
အလုပ်သမားတွေ
လယ်သမားတွေ ပြည်သူတွေ
ဘဝတွေ အသက်တွေ ဒဏ်ရာဒဏ်ချက်တွေ
အရင်းအနှီးပေးကာ လှမ်းချီနေကြ
တောက်ပဝင်းလက်
အနာဂတ်ပန်းချီကားချပ်အတွက် …။
ကြိုဆိုပါတယ် ရဲဘော်….
ခင်ဗျားတို့လက်နဲ့
ဆေးစက်တစက်စီ တို့ပေးပါ။ ။
မောင်လှဝင်း (မြင်းခြံ)
No comments:
Post a Comment