Tuesday, November 26, 2013

ခေတ်လူငယ်



သမီး နင့်ကောင်လေးနဲ့  ချိန်းတွေ့ မလို့ လား
ဟုတ်အမေ
ဘယ်သွားကြမှာလဲ
ပြည်သူ့ ရင်ပြင်မှာ live show ရှိတယ်။



အေးအမေမှာလိုက်မယ်၊ ပွဲကြည့်နေရင်းနဲ့ ၊ လူတွေကြပ်လိုက်တာ အပြင်ခဏသွားရအောင်ဆိုပြီး ခေါ်လိမ့်မယ်၊ အဲဒါကိစ္စမရှိသေးဘူး၊ နောက် ထိုင်ခုံတွေ သွားထိုင်ရအောင်ဆိုပြီး ခေါ်လိမ့်မယ် အဲဒါလဲ ကိစ္စမရှိသေးဘူး မှတ်ထားနော်သမီး အမေ့ကိုယ်တွေ့ 

ဟုတ်

အဲ ပြီးရင် ခင်ရေ လမင်းကြီးက သာလိုက်တာ မောင်ရင်ခွင်ထဲကနေ လာကြည့်ပါလား အရမ်းကြည်နူးဘို့ ကောင်းမှာလို့ ပြောလိမ့်မယ်၊ အေး အဲဒါက ပြသနာရှိတယ် မကြည့်လေနဲ့ 

ဟုတ်

ပြန်လာတဲ့အချိန်ကြတော့

အမေရေ အမေပြောတဲ့အတိုင်းပဲ ကွက်တိပဲ၊ ပရိသတ်အပြင်ကိုလဲ ခေါ်သွားတယ်၊ ခုံတန်းတွေဆီကိုလဲ သွားတယ် အမေပြောသလိုပဲ သူ့ ရင်ခွင်ထဲကနေ လမင်းကြီးကို ကြည့်ခိုင်းတယ်

အေး သမီးက မကြည့်ဘူးမဟုတ်လား

ဘယ်ကြည့်မလဲ အမေက မှာလိုက်တာကိုး၊ သူ့ ကိုပဲ သမီးရင်ခွင်ထဲကနေ ကြည့်ခိုင်းလိုက်တယ်။

No comments:

Post a Comment