Tuesday, November 26, 2013

*** ဂျပန်လူမျိုးများရဲ့ ဘ၀နေထိုင်မှုအကြောင်း တစေ့တစောင်း ***

 ၂၀၁၃ ခုနှစ် အောက်တိုဘာ ၁၃ ရက်နေ့ က Health Digest (ခေါ်) အင်တာနက် သတင်းလွှာ မှာ ဖော်ပြသွားတဲ့ LET'S LEARN FROM JAPAN လို့ အမည်ရတဲ့ သတင်းဆောင်းပါး တစ်ပုဒ် နဲ့ ပြန်လည်မျှဝေလိုက်ပါရစေ။ 

(၁) ဂျပန်နိုင်ငံမှာ မျိုးဆက်သစ်လူငယ်တွေ လူမှုရေးလုပ်ငန်းတွေမှာ စိတ်အား ထက်သန်မှု ရှိစေရန် နဲ့ ကျန်းမာသန့် ရှင်းစွာနေထိုင်မှု ဓလေ့ကောင်းများ မွေးမြူတတ်စေရန်ရည်ရွယ်ပြီး၊ ဆရာ/ဆရာမများနဲ့ ကျောင်းသား/ကျောင်းသူများ စုပေါင်းကာ နေ့ စဉ် ကျောင်းအိမ်သာသန့် ရှင်းရေးကို ၁၅-မိနစ် လုပ်ဆောင်ကြရပါတယ်တဲ့။ 


(၂) အိမ်မွေးခွေးတွေကို ကျန်းမာရေးအတွက် လမ်းလျှောက်ပေးတဲ့အခါမှာလည်း လက်ထဲမှာ အိတ်အမြဲဆောင်ထားလေ့ရှိပြီး၊ ခွေးကစွန့် ချလိုက်တဲ့ အညစ်အကြေး များကို ထိုအိတ်ထဲကောက်ထဲ့ကာ မိမိအသိစိတ်ဓာတ်နဲ့ တာဝန်ယူ၍ လမ်းသန့် ရှင်းရေး ပြန်လုပ်ပေးရပါတယ်တဲ့။ 

(၃) ဂျပန်နိုင်ငံမှာ မြူနီစပယ်လမ်းသန့် ရှင်းရေးလုပ်သားများကို “ကျန်းမာရေး အင်္ဂျင်နီယာ” လို့  တလေးတစားခေါ်ဆိုလေ့ ရှိကာ၊ ရေးဖြေ/နှုတ်ဖြေအောင်မြင်မှသာ အဲဒီရာထူးကိုခန့် အပ်ခံရပြီး၊ လုပ်ငန်းကျွမ်းကျင်မှုပေါ်မူတည်၍ လစာဝင်ငွေမှာ တလလျှင် အမေရိကန်ဒေါ်လာ ၅၀၀၀ မှ ၈၀၀၀ ထိ ရရှိပါတယ်တဲ့။ 

(၄) ဂျပန်နိုင်ငံမှာ နှစ်စဉ်ရာပေါင်းများစွာသော ငလျင်ဒဏ်များကြောင့် မြေပေါ်မြေအောက် သဘာဝအရင်းအမြစ်တွေပျောက်ဆုံး ကုန်ပါတယ်။ ဒါပေမယ့်ကမ္ဘာ့အလယ်မှာ စီးပွားရေး (လုံးဝ) နိမ့်မကျတဲ့အပြင် ဘဘာဝဘေးသင့်အခြားနိုင်ငံများကိုတောင် ထောက်ပံ့ပေးနေပါသေးတယ်တဲ့။ 

(၅) အများပြည်သူကို အနှောက့်အယှက်မဖြစ်စေဖို့  မီးရထား၊ စားသောက်ဆိုင်နဲ လူစုလူဝေးရှိရာ အရပ်တွေမှာ ဟန်းဖုန်း ပြောဆို အသုံးပြုခွင့်ကို တားမြစ် ထားပါတယ်တဲ့။ 

 (၆) မူလတန်းကြိုမှစ၍ ၆-တန်းအထိ ကျောင်းသားကျောင်းသူများ ကို အနာ ဂတ်ကောင်းမွန်စေရန် အတွက် ethics (ခေါ်)အကျင့် စာရိတ္တပိုင်းဆိုင်ရာအတွေး အခေါ်ဘာသာရပ်ကို မဖြစ်မနေသင်ကြရ ပါတယ်တဲ့။ 

(၇) ငယ်စဉ်ကတည်းစ၍ အိမ်မှုကိစ္စဗာဟီရတွေကို လူကြီးသူမတွေက မျိုးရိုး စဉ်ဆက်တိုင်းလက်ဆင့်ကမ်း သွန်သင်ပြသထား တာ ကြောင့် ဂျပန်လူမျိုးတွေ ဘယ်လောက်ပဲ ချမ်းသာနေပါစေ၊ အစေခံ ခေါ်ထားလေ့ မရှိကြပါဘူးတဲ့။ 

(၈) ကလေးလူငယ်များ မူလတန်းကြိုမှစ၍ မူလတန်း တတိယနှစ်အထိ စာမေးပွဲ(လုံးဝ) မရှိပါဘူးတဲ့။ အဲဒီ ၃-နှစ်တာစာသင်နှစ်ပတ်လုံးမှာ အတွေးအခေါ်/အပြူ အမူပိုင်း ဆိုင်ရာတို့ ကို ကောင်းစွာအုတ်မြစ်ချပေးတဲ့ ကာလလို့ ဆိုပါတယ်။ 

(၉) buffet(ခေါ်) ဘူဖေးစားသောက်ဆိုင်ရောက်တဲ့အခါမှာလည်း ဖြုန်းတီးမှု မဖြစ်ရလေအောင် မိမိစားနိုင်ရုံလောက်သာ ချင့်ချိန်၍ ပန်းကန်ထဲထဲ့ ယူကြလေ့ ရှိကြပါတယ်တဲ့။ (စားကြွင်းစားကျန် ထားခဲ့သူဟာ လောဘကြီးသူအဖြစ် ရှက်ဖွယ်လိလိပါဘဲ) 

(၁၀) သူတို့ လူမျိုးတွေက အချိန်ကို မိနစ်/စက္ကန့် အလိုက် တန်ဖိုးထားတတ်တာကြောင့်လည်း မီးရထားတွေနှောင့်နှေးကြန့် ကြာ မှုမရှိကြပါဘူးတဲ့။ အလွန်ဆုံး တနှစ်နေလို့ ၁-ကြိမ်ခန့် သာ မီးရထားဘူတာဆိုက်ရောက်ချိန် နောက်ကျတတ်ပြီး အများဆုံး ကြန့် ကြာချိန်ကတော့ ၇-စက္ကန့် လောက်သာ ဖြစ်ပါတယ်တဲ့။ 

(၁၁) ငယ်စဉ်ကတည်းကစလို့ တကိုယ်ရေသန့် ရှင်းရေး အသိရှိစေ ဖို့ အတွက်၊ ကျောင်းမှာ နေ့လည်စာ စားပြီးတိုင်း ကလေးအားလုံး သွားတိုက်ရပါတယ်တဲ့။ 

(၁၂) ကျောင်းသားကျောင်းသူတွေ အစာကျေညက်ပြီး၊ ကျန်းမာရေးကောင်းစေဖို့  ထမင်းမြန်မြန် မစားစေဘဲ ၊ နာရီဝက်တိတိ ထမင်းဟင်းများကျေညက်နေအောင် ၀ါးစားခိုင်းပါတယ်တဲ့။ သူတို့ နိုင်ငံရဲ့  “ အနာဂတ်ဂျပန်လေးတွေ” လို့ ဆိုပါတယ်။ 

(စေတနာများစွာဖြင့်......ပေါက်ပေါက်)
 26-11-2103 နေ့ ထုတ် ပြည်ထောင်စုနေ့ စဉ်သတင်းစာ (စာမျက်နှာ ၁၀) မှာ ဖော်ပြခံရတဲ့ ဆောင်းပါးလေးပါ။ FB မှ စာဖတ်မိတ်ဆွေများ သုတ ရစေဖို့ မျှဝေလိုက်ရပါတယ်ရှင်
 (ရိုးသားမှုသည်တခါတရံ၌ရှုံးနိမ့်စေတတ်၏။ သို့ သော်တစ်သက်လုံးကားလိပ်ပြာလုံစေတော့၏။)
 (မှီငြမ်း Health Digest 13th Oct 2013) -- promise.pauk

No comments:

Post a Comment