ကျမဘ၀မှာ ချစ်ခြင်းထက် သာယာမှူနောက်ကို လိုက်ချင်ကြတဲ့ ယောင်္ကျားတချို.နဲ. တွေ.ဆုံကြုံတွေ. ခဲ့ရဖူးတယ်။ ကျမအချစ်ကိုရယူဖို.ထက်
ကျမဘ၀ကို ပိုင်ဆိုင်ဖို. ကြိုးစားကြသူတွေကို မုန်းတီးမိတဲ့နောက်
"အချစ်" ဆိုတဲ့အရာကို ကျမ အယုံအကြည်မဲ့လာပါတယ်။ ချစ်ခြင်းကို ရှာဖွေမိခဲ့လို. မှားယွင်းတဲ့ အယူအဆတွေကြောင့်  ကျမဘ၀ရဲ. နုပျိုတဲ့ သက်တမ်းတခု ပေးဆပ်ခဲ့ရတယ်။ အင်မတန်ဆိုးရွားတဲ့ အချိန်တခုကို ကျမ ဖြတ်သန်းကျော်လွှားပြီးတဲ့
နောက်ပိုင်းမှာတော့ ကျမ ရင်ထဲက အချစ်တွေ အသက်မဲ့သွားခဲ့ရတယ်။ ချစ်တယ်"
လို. ပြောပြီး ဒူးထောက်လာသူတိုင်းကို ကျမ ဟားတိုက်
လှောင်ပြောင်ပစ်ခဲ့တာချည်းပါပဲ။
ဒါပေမယ့် အချစ်ဆိုတာ နှလုံးသားရှိသ၍ ပေါက်ဖွားတတ်သလား" ကျမ ကိုယ်တိုင်မသေချာတော့တဲ့ အချစ်ကို ကျမ ထပ်မံတွေ.ရှိခဲ့ပါတယ်။
Internet ဆိုတာက ကျမကို သူနဲ.ဆုံစည်းဖို. အခွင့်အရေးပေးခဲ့တယ်။ သူနဲ. Chatting ၀င်ပြီးတိုင်း အိပ်မက် ၊ မက်တတ်တဲ့ အလေ့အထ တခု ကျမရရှိခဲ့တယ်။ လူချင်းတခါမှ မတွေ.ဘူးတဲ့သူ.အပေါ် ထားမိတဲ့ ကျမရဲ. ခံစားမှူကို ဘာရယ် လို. ခေါင်းစဉ်မတတ်ချင်ခဲ့ပါဘူး။
ကျမ တခါမှ မရောက်ဘူးတဲ့ သူတို.အရပ်ဒေသကို တာဝန်အရ ကျမရောက်ရှိခဲ့တာကိုက ကျမအတွက် ကံဆိုးခြင်းလား၊ ကံကောင်းခြင်းလား။ ပထမဆုံးကြားခွင့်ရတဲ့ သူ.အသံဟာ ကျမရင်ကို လှိုင်းခတ်စေခဲ့တယ်။ စတွေ.ကတည်းက သူ.မျက်ဝန်းထဲက နားလည် ကိုယ်ချင်းစာမှူတွေ ကျမ ခံစားမိခဲ့တယ်။ ဒါပေမယ့် ချစ်တယ်" ဆိုတဲ့သူ.စကားကို ကျမ သံသယများစွာနဲ. ငြင်းဆိုခဲ့တယ်။ အချိန်တွေ မလိုအပ်ပါဘူး မ ရယ်"တဲ့ သူ.စကားသံတွေ ကျမနားထဲက မထွက်နိုင်ခဲ့ဘူး။
အနေနီးစပ်လို. "အချစ်" လို. ခေါင်းစဉ်တပ်လိုက်တာမျိုး ကျမ မလိုချင်ခဲ့လို.ပါ။ တကယ်တမ်းတော့ ကျမ မှာ စဉ်းစားစရာတွေ အများကြီးပါ။
ကောင်လေးရယ်… အထူးသဖြင့် "မင်းအတွက်" ဆိုတဲ့ "မင်းဘက်" ကိုပေါ့။ ကျမတို. နှစ်ယောက် ဘယ်လိုမှ ညီမျှခြင်းတခု မဖြစ်နိုင်မှန်း ကောင်လေးလည်း သိနေပါတယ်။ နောက်တနေ. မနက်မှာ တိတ်ဆိတ်သွားတဲ့ ကောင်လေးအတွက်၊ ချစ်ခြင်းကို ခံစားချင်နေမိတဲ့ ကျမရဲ. နှလုံးသားအတွက် နောက်တနေ. ညမှာ ကျမအများကြီးစဉ်းစားရပြန်တယ်။ အချစ်နဲ. ဘ၀ကို မရောထွေးပဲ ချစ်တတ်ဖို. ကျမ ကြိုးစားမယ့်အကြောင်း ကောင်လေးကို ပြောပြမယ့် ညနေခင်းတခုမှာ ….
"မ ပြောတာ မှန်တယ်။ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ဘ၀မှာ ရှေ.ဆက်မတိုးတာဟာ နှစ်ယောက်လုံးအတွက် အကောင်းဆုံးပဲ၊ ကျွန်တော် ဒီအတိုင်းပဲ သိမ်းထားလိုက်တော့မယ်" တဲ့။ တကယ်ဆို ကျမတို. နှစ်ယောက် စဉ်းစားခဲ့ကြတာချင်း အတူတူ ဆုံးဖြတ်ချက်ခြင်း မတူည်ီခဲ့ကြတာပါ။ ဒါပေမယ့် ကျမ ယုံကြည်နေပါတယ်၊ ကောင်လေးက ကျမ အတွက် စဉ်းစားပေးခဲ့သလို၊ ကျမကလည်း ကောင်လေးအတွက် စဉ်းစားပေးခဲတယ်ဆိုတာကိုလေ။ "မ
က စိတ်ဓါတ် ခိုင်မာတယ်နော် " လို. ကောင်လေး ချီးကျူးခဲ့တဲ့
မိန်းမတယောက်ရဲ. ရင်ထဲမှာ ဘယ်လို ဆုံးဖြတ်ချက်တွေ ရှိခဲ့တယ် ဆိုတဲ့အကြောင်း
ကောင်လေးသိအောင် ကျမ မပြောပြခဲ့တော့ပါဘူး။
ကျမ မျက်ရည်တွေ သုတ်လိုက်တယ်….. "ဘာမှ မဖြစ်ပါဘူး" လို. ပြောခဲ့တာဟာ မင်းနေသာ၊ ထိုင်သာ ရှိစေချင်ရုံ သက်သက်ပါ ကောင်လေးရယ် ….............--------- ***** ---------
သူနဲ့ မိုက်မိုက် မပတ်သက်ခင်က ရှောင်နေခဲ့မိပေမဲ့ သတိထားမိချိန်မှာ မိုက်မိုက်ရင်ထဲကို ၀င် ရောက်လာတယ်။
မထူးဆန်းတဲ့ သူ့မျက်ဝန်းတွေက စဉ်းစားတတ်တဲ့ ဦးနှောက်ကို အရေပျော်စေတယ်
မထူးခြားတဲ့ သူ့အလှမှာ ယစ်မူးသာယာမိတယ်
ပုံမှန်လိုပဲ စကားပြောတတ်တဲ့ သူ့အသံမှာ နားလည်ရခက်တဲ့ ခံစားချက်တွေဖြစ်လာတယ်
ဘာကိုမှ ဂရုမစိုက်တဲ့ မိုက်မိုက်ဟာ သူ့ရှေ့မှာ ကျားရှေ့ရောက်တဲ့ သိုးကလေးလိုပဲ
အလေးမထားမှန်းသိပေမဲ့ သတိရတိုင်းမှာ ဖုန်းဆက်မိနေတဲ့ အကျင့်ကိုလည်း အံ့သြမိတယ်
ရည်ရွယ်ထားတဲ့ စကားလုံးတွေ အများကြီးထဲမှာ ရွေးချက်စရာမရှိအောင် သူ့ရဲ့ Hello အောက်မှာ ပျောက်သွားတာကို ငိုင်တွေနေမိတယ်
အဓိက ပြောချင်တဲ့ စကားလုံးအစား တစ်ခြားစကားလုံးတွေ ပြောမိတဲ့ ကိုယ့်ပါးစပ်ကို သေဒဏ်ပေးချင်လာတယ်
မသွားသင့်မှန်းသိပေမဲ့ လှမ်းမိတဲ့ ခြေလှမ်းတိုင်းဟာ သူ့ဆီကိုပဲ ဦးတည်နေမိတယ်
ပိုင်ဆိုင်ခွင့်မရှိပေမဲ့ အရိုင်းပန်းလေး တစ်ပွင့်ရဲ့ ရှင်သန်မှုကို ငေးမောမိနေတယ်
မဖြစ်သင့်တဲ့ ဇာတ်လမ်းတစ်ခုကို အစပြုမိချိန်မှာ နောက်ဆုပ်ဖို့ကိုလည်း ကြောက်မိနေတယ်
ရှေ့ဆက်တိုးဖို့ သတ္တိမရှိပေမဲ့ နှလုံးသားရဲ့ စည်းချက်တွေဟာ အချိန်တွေကို သူနဲ့ ကုန်ဆုံးစေခဲ့တယ်
ပိုင်ဆိုင်ချင်ပေမဲ့ ခြားနားတဲ့ အလွှာတွေကို မကျော်နိုင်တဲ့ လောကကြီးကိုလည်း စိတ်နာမိတယ်
ကိုယ်ကိုယ်တိုင် အဆုံးသတ်ရမဲ့ အချိန်မှာ လောကကြီးကိုသာ ကျောခိုင်းလိုက်ချင်တယ်
သိပ်ချစ်ပါတယ် ပန်းကလေးရယ်၊ မင်းအတွက် အနှောင့်အယှက်ဟာ ငါဖြစ်ခဲ့ရင် အခုအချိန်မှာ မင်းအေးချမ်းပါပြီကွယ်
မှတ်ချက်။ ။ ပထမ အကြောင်းအရာက မိုက်မိုက်သူငယ်ချင်းရဲ့ စာစုပါ။ ဒုတိယကတော့ မိုက်မိုက်ရဲ့ ခံစားချက်ပါ။ မတူညီတဲ့ ခံစားချက်လေးတွေပါ။
မိုက်မိုက်
"အချစ်" ဆိုတဲ့အရာကို ကျမ အယုံအကြည်မဲ့လာပါတယ်။ ချစ်ခြင်းကို ရှာဖွေမိခဲ့လို. မှားယွင်းတဲ့ အယူအဆတွေကြောင်
ဒါပေမယ့် အချစ်ဆိုတာ နှလုံးသားရှိသ၍ ပေါက်ဖွားတတ်သလား" ကျမ ကိုယ်တိုင်မသေချာတော့တဲ့ အချစ်ကို ကျမ ထပ်မံတွေ.ရှိခဲ့ပါတယ်။
Internet ဆိုတာက ကျမကို သူနဲ.ဆုံစည်းဖို. အခွင့်အရေးပေးခဲ့တယ်။ သူနဲ. Chatting ၀င်ပြီးတိုင်း အိပ်မက် ၊ မက်တတ်တဲ့ အလေ့အထ တခု ကျမရရှိခဲ့တယ်။ လူချင်းတခါမှ မတွေ.ဘူးတဲ့သူ.အပေါ် ထားမိတဲ့ ကျမရဲ. ခံစားမှူကို ဘာရယ် လို. ခေါင်းစဉ်မတတ်ချင်ခဲ့ပါဘူး။
ကျမ တခါမှ မရောက်ဘူးတဲ့ သူတို.အရပ်ဒေသကို တာဝန်အရ ကျမရောက်ရှိခဲ့တာကိုက ကျမအတွက် ကံဆိုးခြင်းလား၊ ကံကောင်းခြင်းလား။ ပထမဆုံးကြားခွင့်ရတဲ့ သူ.အသံဟာ ကျမရင်ကို လှိုင်းခတ်စေခဲ့တယ်။ စတွေ.ကတည်းက သူ.မျက်ဝန်းထဲက နားလည် ကိုယ်ချင်းစာမှူတွေ ကျမ ခံစားမိခဲ့တယ်။ ဒါပေမယ့် ချစ်တယ်" ဆိုတဲ့သူ.စကားကို ကျမ သံသယများစွာနဲ. ငြင်းဆိုခဲ့တယ်။ အချိန်တွေ မလိုအပ်ပါဘူး မ ရယ်"တဲ့ သူ.စကားသံတွေ ကျမနားထဲက မထွက်နိုင်ခဲ့ဘူး။
အနေနီးစပ်လို. "အချစ်" လို. ခေါင်းစဉ်တပ်လိုက်တာမျိုး ကျမ မလိုချင်ခဲ့လို.ပါ။ တကယ်တမ်းတော့ ကျမ မှာ စဉ်းစားစရာတွေ အများကြီးပါ။
ကောင်လေးရယ်… အထူးသဖြင့် "မင်းအတွက်" ဆိုတဲ့ "မင်းဘက်" ကိုပေါ့။ ကျမတို. နှစ်ယောက် ဘယ်လိုမှ ညီမျှခြင်းတခု မဖြစ်နိုင်မှန်း ကောင်လေးလည်း သိနေပါတယ်။ နောက်တနေ. မနက်မှာ တိတ်ဆိတ်သွားတဲ့ ကောင်လေးအတွက်၊ ချစ်ခြင်းကို ခံစားချင်နေမိတဲ့ ကျမရဲ. နှလုံးသားအတွက် နောက်တနေ. ညမှာ ကျမအများကြီးစဉ်းစားရပြန်တယ
"မ ပြောတာ မှန်တယ်။ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ဘ၀မှာ ရှေ.ဆက်မတိုးတာဟာ နှစ်ယောက်လုံးအတွက် အကောင်းဆုံးပဲ၊ ကျွန်တော် ဒီအတိုင်းပဲ သိမ်းထားလိုက်တော့မယ်" တဲ့။ တကယ်ဆို ကျမတို. နှစ်ယောက် စဉ်းစားခဲ့ကြတာချင်း အတူတူ ဆုံးဖြတ်ချက်ခြင်း မတူည်ီခဲ့ကြတာပါ။ ဒါပေမယ့် ကျမ ယုံကြည်နေပါတယ်၊ ကောင်လေးက ကျမ အတွက် စဉ်းစားပေးခဲ့သလို၊ ကျမကလည်း ကောင်လေးအတွက် စဉ်းစားပေးခဲတယ်ဆိုတာကိုလေ။
ကျမ မျက်ရည်တွေ သုတ်လိုက်တယ်….. "ဘာမှ မဖြစ်ပါဘူး" လို. ပြောခဲ့တာဟာ မင်းနေသာ၊ ထိုင်သာ ရှိစေချင်ရုံ သက်သက်ပါ ကောင်လေးရယ် ….............--------- ***** ---------
သူနဲ့ မိုက်မိုက် မပတ်သက်ခင်က ရှောင်နေခဲ့မိပေမဲ့ သတိထားမိချိန်မှာ မိုက်မိုက်ရင်ထဲကို ၀င် ရောက်လာတယ်။
မထူးဆန်းတဲ့ သူ့မျက်ဝန်းတွေက စဉ်းစားတတ်တဲ့ ဦးနှောက်ကို အရေပျော်စေတယ်
မထူးခြားတဲ့ သူ့အလှမှာ ယစ်မူးသာယာမိတယ်
ပုံမှန်လိုပဲ စကားပြောတတ်တဲ့ သူ့အသံမှာ နားလည်ရခက်တဲ့ ခံစားချက်တွေဖြစ်လာတယ်
ဘာကိုမှ ဂရုမစိုက်တဲ့ မိုက်မိုက်ဟာ သူ့ရှေ့မှာ ကျားရှေ့ရောက်တဲ့ သိုးကလေးလိုပဲ
အလေးမထားမှန်းသိပေမဲ့ သတိရတိုင်းမှာ ဖုန်းဆက်မိနေတဲ့ အကျင့်ကိုလည်း အံ့သြမိတယ်
ရည်ရွယ်ထားတဲ့ စကားလုံးတွေ အများကြီးထဲမှာ ရွေးချက်စရာမရှိအောင် သူ့ရဲ့ Hello အောက်မှာ ပျောက်သွားတာကို ငိုင်တွေနေမိတယ်
အဓိက ပြောချင်တဲ့ စကားလုံးအစား တစ်ခြားစကားလုံးတွေ ပြောမိတဲ့ ကိုယ့်ပါးစပ်ကို သေဒဏ်ပေးချင်လာတယ်
မသွားသင့်မှန်းသိပေမဲ့ လှမ်းမိတဲ့ ခြေလှမ်းတိုင်းဟာ သူ့ဆီကိုပဲ ဦးတည်နေမိတယ်
ပိုင်ဆိုင်ခွင့်မရှိပေမဲ့ အရိုင်းပန်းလေး တစ်ပွင့်ရဲ့ ရှင်သန်မှုကို ငေးမောမိနေတယ်
မဖြစ်သင့်တဲ့ ဇာတ်လမ်းတစ်ခုကို အစပြုမိချိန်မှာ နောက်ဆုပ်ဖို့ကိုလည်း ကြောက်မိနေတယ်
ရှေ့ဆက်တိုးဖို့ သတ္တိမရှိပေမဲ့ နှလုံးသားရဲ့ စည်းချက်တွေဟာ အချိန်တွေကို သူနဲ့ ကုန်ဆုံးစေခဲ့တယ်
ပိုင်ဆိုင်ချင်ပေမဲ့ ခြားနားတဲ့ အလွှာတွေကို မကျော်နိုင်တဲ့ လောကကြီးကိုလည်း စိတ်နာမိတယ်
ကိုယ်ကိုယ်တိုင် အဆုံးသတ်ရမဲ့ အချိန်မှာ လောကကြီးကိုသာ ကျောခိုင်းလိုက်ချင်တယ်
သိပ်ချစ်ပါတယ် ပန်းကလေးရယ်၊ မင်းအတွက် အနှောင့်အယှက်ဟာ ငါဖြစ်ခဲ့ရင် အခုအချိန်မှာ မင်းအေးချမ်းပါပြီကွယ်
မှတ်ချက်။ ။ ပထမ အကြောင်းအရာက မိုက်မိုက်သူငယ်ချင်းရဲ့ စာစုပါ။ ဒုတိယကတော့ မိုက်မိုက်ရဲ့ ခံစားချက်ပါ။ မတူညီတဲ့ ခံစားချက်လေးတွေပါ။
မိုက်မိုက်
No comments:
Post a Comment