Tuesday, January 5, 2021
အပြင်မှာမတွေ့ဖူးပေမယ့်......
Tuesday, December 22, 2020
တစ်ယောက်တည်းနေတဲ့သူတွေ..,,,
Wednesday, January 8, 2020
“မစ္ဆာရိယစိတ်ကြီးတဲ့သူတွေနဲ့ ဘယ်တော့မှအားမပြိုင်နဲ့ ငါ့သား”
“မနာလိုစိတ်ကြီးတာကိုပြောတာ၊ ကိုယ့်ထက်သာ မနာလိုတဲ့စိတ်များတာကိုပြောတာ သား”
“သားက သူ့ထက်မသာခဲ့ရင်ကော အဖေ”
“လူတိုင်းမှာ သူ့အားသာချက်နဲ့သူရှိတယ်သား၊ သူသာတာရှိသလို ကိုယ်သာနေတာလည်းရှိမှာပဲ၊ မစ္ဆာရိယစိတ်ကြီးတဲ့သူတွေဟာ အဲ့ဒီသာတဲ့အချက်ကိုပဲ ပစ်မှတ်ထားပြီး မနာလိုကြတယ်သား၊ ဒီတော့ ရှောင်သာရှောင်ပါ ငါ့သား”
“ဟုတ်”
“အဖေ ပုံပြင်လေးတစ်ပုဒ်ပြောပြမယ်နော်”
“ဟား….အဲ့ဒါကိုစောင့်နေတာ”
“ရှင်ဘုရင် တစ်ပါးဟာ လောကမှာ ဘယ်လိုလူစားမျိုးက ကြောက်စရာအကောင်းဆုံးဆိုတာ သိပ်သိချင်သတဲ့ကွ။ ဒါနဲ့ပဲ အရမ်းကြောက်စရာကောင်းတဲ့ လူနှစ်ယောက်ကို ရှေ့တော်ခေါ်ပြီး စမ်းသပ်သတဲ့၊ လောဘသမားနဲ့ မစ္ဆာရိယသမားပေါ့”
“အဲ့ဒီလူစားနှစ်မျိုးက ကြောက်စရာအကောင်းဆုံးပေါ့နော် အဖေ”
“ဟုတ်တယ်ငါ့သား……ဒါနဲ့ပဲ ရှင်ဘုရင်ကြီးဟာ အဲ့ဒီနှစ်ယောက်ကို လိုရာဆုတောင်းစေသတဲ့”
“ဟဲဟဲ…..သားသာဆိုရင်တော့ DT ဆိုင်ကယ်တောင်းမယ်”
“ဒါပေမယ့် တစ်ယောက်ပဲတောင်းခွင့်ရှိသတဲ့၊ အရင်တောင်းတဲ့သူစိတ်ကြိုက်တောင်းခွင့်ရှိတာတဲ့၊ နောက်လူကတော့ ဘာမှတောင်းခွင့်မရှိဘူးတဲ့၊ ဒါပေမယ့် ရှေ့လူရဲ့ နှစ်ဆ ရမယ်လို့ မိန့်သတဲ့ကွ”
“ဟင်…..ဘယ်လိုကြီးလဲ” “ဥပမာ….ပထမလူက ၁၀၀တောင်းရင် နောက်လူက ၂၀၀ရမယ်ဆိုတဲ့သဘောပေါ့ကွာ”
“ဟာ…..ဒါဆိုနောက်လူက ပိုရတာပေါ့”
“အေးအဲဒါပြောတာပေါ့……လောဘသမားကလည်းသားလိုပဲတွေးတယ်….သူကမတောင်းပဲနေရင် နှစ်ဆရမှာမို့ လိုရာဆုမတောင်းပဲ ပေကတ်ပြီး တဖက်လူအတောင်းကို စောင့်နေသတဲ့”
“ဟီး……သားက လောဘသမားလားမသိဘူးနော်”
“တဖက်က မိစ္ဆာရိယသမားကလည်း သူကအရင်တောင်းလိုက်ရင် နောက်လူက နှစ်ဆရသွားမှာကို မနာလိုသတဲ့၊ ဒါနဲ့ပဲ ဆုမတောင်းပဲ စောင့်နေပြန်သတဲ့”
“ဟာ…..ရှင်ဘုရင်တော့တိုင်ပတ်ပြီပေါ့” “ဒီလိုနဲ့ ဟိုလူတောင်းနိုး၊ ဒီလိုတောင်းနိုးနဲ့ တစ်ယောက်ကိုတစ်ယောက်စောင့်နေသတဲ့၊ ဒါနဲ့ပဲ မစ္ဆာရိယသမားကတွေးသတဲ့၊
ဟိုကောင်ကလောဘကြီးတယ် ဆုတောင်းမှာမဟုတ်ဘူး၊ ငါကအရင်တောင်းပြန်ရင်လည်း ဒီကောင်က နှစ်ဆရသွားမှာ၊ ငါကနာတာပေါ့၊ ဒီကောင်ကလည်း ငါမတောင်းမချင်း ပေကတ်နေမယ့်ကောင်၊ မထူးပါဘူး ငါပဲအရင်တောင်းလိုက်တော့မယ်ဆိုပြီး”-
“အရှင်ဘုရား….ကျွန်တော်မျိုးရဲ့ မျက်လုံးတစ်လုံးကို ဖောက်ထုတ်ပေးပါဘုရား လို့တောင်းသတဲ့”
“ဟာ……..ဒါဆို ဟိုလောဘသမားကြီးက မျက်လုံးနှစ်ဖက်လုံးကန်းပြီပေါ့ ဟုတ်လားအဖေ”
“အဲ့ဒါပြောတာပေါ့သားရဲ့…..နောက်ဆုံးမှာ လောဘသမားကြီးဟာ မျက်လုံးနှစ်ဖက်လုံး ဆုံးရှုံးသွားရတာပေါ့”
“ဟိုလူကြီးကလည်း သူလည်းအကျိုးမရှိပဲနဲ့များဗျာ အံ့သြပါ့”
“မစ္ဆာရိယသမားဆိုတာ တဖက်လူဒုက္ခရောက်ဖို့ဆိုရင် ကိုယ့်ကိုယ်ကို ရင်းပြစ်ဖို့တောင် ဝန်မလေးဘူးငါသား”
“ကြောက်စရာကြီးနော် အဖေ” “အဲ့ဒါကြောင့် ကြောက်စရာအကောင်းဆုံးဖြစ်တဲ့ မစ္ဆာရိယစိတ်ကြီးတဲ့လူမျိုးကိုဘယ်တော့မှယှဉ်မတုနဲ့ ဝေးဝေးကရှောင်ငါ့သား”
yan naing
ပြန်လည်မျှဝေပေးပါ
“မစ္ဆာရိယစိတ်ကြီးတယ်ဆိုတာ ဘာလဲအဖေ”
yan naing
ပြန်လည်မျှဝေပေးပါ
Friday, November 16, 2018
ရိုဟင်ဂျာအရေး မြန်မာအားထုတ်မှုကို တရုတ်ထောက်ခံ အပါအဝင် နိုဝင်ဘာ ၁၆ ရက် မနက်ခင်း သိသင့်တဲ့ သတင်းများ
(၃) သတင်းမီဒီကောင်စီက တိုင်းအစိုးရအဖွဲ့ကိုယ်စားလှယ် အလဲဗင်းဂျာနယ်တို့နဲ့ ထပ်မံတွေ့ဆုံ Eleven Media သတင်းသမားတွေ ကိစ္စနဲ့ ပတ်သတ်ပြီး သတင်းမီဒီယာကောင်စီက တိုင်းအစိုးရအဖွဲ့ ကိုယ်စားလှယ် အပါအဝင် အလဲဗင်းဂျာနယ် တာဝန်ရှိသူတွေနဲ့ နိုဝင်ဘာ ၁၅ ရက်က သီးခြားစီ ထပ်မံ တွေ့ဆုံခဲ့ပါတယ်။ ဒီလို သီးခြားစီတွေ့ဆုံရာမှာ အလဲဗင်းဂျာနယ်ဘက်က အားလုံးကို ပြေလည်အောင် ဆောင်ရွက်မယ်လို့ ပြောဆိုခဲ့တဲ့ သဘောထားကို တိုင်းအစိုးရအဖွဲ့ကို စကားပါးနိုင်တဲ့အတွက် နှစ်ဖက်တွေ့ဆုံ ညှိနှိုင်းကြရင် ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းပြီးသွားလိမ့်မယ်လို့ သတင်း မီဒီယာ ကောင်စီဥက္ကဋ္ဌ ဦးအုန်းကြိုင်က ပြောပါတယ်။ " တိုင်းအစိုးရ ကိုယ်စားလှယ် ဦးအောင်ကျော်ခိုင်ကတော့ ဒါတွေကို ဆုံးဖြတ်ချက် ချပေးနိုင်မယ့်သူဆီ ပြန်တင်ပြပေးမယ်လို့ ပြောတယ်၊ သူက ညွှန်ကြားရေးမှုးအဆင့်ဆိုတော့ ချက်ချင်း အဖြေမပေးနိုင်ဘူးပေါ့။ နောက်တကြိမ် တွေ့ဆုံရင်တော့ ဆုံးဖြတ်ချက်ချနိုင်တဲ့သူ လာပါလိမ့်မယ်" လို့ ဦးအုန်းကြိုင်က ပြောပါတယ်။ ထပ်မံတွေ့ဆုံ ညှိနှိုင်းမှုကို လာမယ့်ဒီဇင်ဘာ လဆန်းမှ ပြန်စနိုင်မယ်လို့လည်း သူက ပြောပါတယ်။ အလဲဗင်းသတင်းသမား ၃ ဦး ကို အောက်တိုဘာ ၈ ရက် နေ့စွဲနဲ့ ထုတ်ခဲ့တဲ့ Weekly Eleven ဂျာနယ်ပါ " အမြဲရှုံးနေတဲ့ စက်သုံးဆီဆိုင်တွေ ပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်း မသိတဲ့ ကျောင်းကားနဲ့ လူနာမည်ပေါက် ပြည်သူ့ရှယ်ယာ" ခေါင်းစဉ်နဲ့ ဆောင်းပါးကြောင့် ရန်ကုန်တိုင်းအစိုးရက နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ နဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး သမ္မတဦးဝင်းမြင့်က သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၁ အရ နစ်နာတဲ့အဖွဲ့အစည်းဌာန၊ ပုဂ္ဂိုလ် ဟာ အရင်ဦးဆုံး သတင်းမီဒီယာကောင်စီကို တိုင်ကြားဖို့၊ မီဒီယာဥပဒေပုဒ် ၂၂ အရ သတင်းမီဒီယာကောင်စီက နှစ်ဘက်တွေ့ဆုံ ညှိနှိုင်းဖြေရှင်းဖို့ ညွှန်ကြားချက်ခဲ့လို့ အခုလို သတင်းမီဒီယာကောင်စီက တွေ့ဆုံဖြေရှင်း ပေးနေတာ ဖြစ်ပါတယ်။ (၃) ဗြိတိန် နုတ်ထွက်မှုဆိုင်ရာ သဘောတူညီချက် မူကြမ်းကို ပယ်ချရင် ပြန်ညှိနှိုင်းမှာမဟုတ် ဥရောပသမဂ္ဂ (အီးယူ)ကနေ ဗြိတိန်နုတ်ထွက်မှုဆိုင်ရာ သဘောတူညီချက် မူကြမ်းကို ဗြိတိန်လွှတ်တော် အမတ်တွေက ပယ်ချမယ်ဆိုရင် ပြန်ပြီးညှိနှိုင်းမှာ မဟုတ်ဘူးလို့ အီးယူခေါင်းဆောင်တွေက ပြောလိုက်ပါတယ်။ ဂျာမနီ အဓိပတိဖြစ်တဲ့ ဝန်ကြီးချုပ် အန်ခလာမာကယ်ကတော့ ဗြိတိန်နဲ့အီးယူကြား သဘောတူညီချက် တစ်ရပ် ထွက်လာပြီးပြီ ဖြစ်လို့ ဆွေးနွေးပွဲတွေ ပြန်လုပ်မလားဆိုတာတောင် မေးဖို့ မလိုတော့ဘူးလို့ ပြောထားပါတယ်။ ပြင်သစ်ဝန်ကြီးချုပ် အစ်ဒွါ့ဖီလစ်ကတော့ ဗြိတိန်နဲ့ အီးယူအကြား သဘောတူညီချက် မရနိုင်တဲ့ ခြေအနေအတွက် ပြင်ဆင်ထားဖို့လို့ပြီလို့ ပြောလိုက်ပါတယ်။ ဗြိတိန်အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ နှုတ်ထွက်တာနဲ့ ခေါင်းဆောင်မှုပိုင်းကို စိန်ခေါ်တာ ခံရနိုင်ချေရှိတဲ့ ဗြိတိန်ကြီးချုပ် ထရီဇာမေကတော့ သူ့ရဲ့ ဗြိတိန်နှုတ်ထွက်မှု အစီအစဉ်ကို ဆက်လုပ်ဖို့ ဆုံးဖြတ်ထားတယ်လို့ ပြောပါတယ်။ ကိုယ့်နိုင်ငံအရေး ဘယ်သူကမှ ပိုမသိနိုင် - ဒေါ်အောင်ဆန်းစုကြည် ဆက်စပ် အကြောင်းအရာများ
Monday, May 7, 2018
နွေ ပိတောက
ရွှေအသွင် ပြောင်မြောက်လှ
ဝင်းတောက်လို့ တရွှင်ရွှင်
ကြည်လဲ့ အစဉ်။
Mother Day
မိခင်များနေ့ တေးလက်ဆောင်
မိခင်ဆိုတာ လူတိုင်း ဦးထိပ်ထားတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ အဲ့လိုမြင့်မြတ်တဲ့ မိခင်တွေကို အထိမ်းအမှတ်ထား ဂုဏ်ပြုတာတွေကလည်း ဘာသာပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံတိုင်းမှာ တွေ့ရတာပါ။ လာမယ့် မေလ ၁၃ ရက်နေ့ တနင်္ဂနွေနေ့ကတော့ အမေရိကန်ပြည်ထောင်စုမှာ မိခင်မေတ္တာကို အထူးအောက်မေ့ ဂုဏ်ပြုတဲ့ မိခင်များနေ့ဖြစ်ပါတယ်။
အဲဒီ့မိခင်များနေ့မှာ ဗွီအိုအေ တေးချစ်ပရိသတ်တွေအနေနဲ့ ကိုယ်ရဲ့ကျေးဇူးရှင်မွေးသမိခင်အတွက် မေတ္တာတေးလေးတွေနဲ့ဂုဏ်ပြုချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Facebook မှတ်ချက်ရေးပြီး တေးလက်ဆောင် တောင်းဆိုနိုင်ပါတယ်။ ဗွီအိုအေကို အီးမေးလ်ပို့ပြီး တေးတောင်းမယ်ဆိုရင်လည်း အီးမေးလ်လိပ်စာက burmese@voanews.com ဖြစ်ပါတယ်။
Sunday, May 18, 2014
ကျွန်မလေးတစ်ယောက်အကြောင်း
★ ★ ★ အခန်း ( ၁ )
ဂလောင် …. ဂလောင် …ဂလွမ် …. ဂလုန် ဂလုန် …..
အမလေး အမလေး … နောင်ဘဝ အတိတောင် မတွေးရဲတဲ့ဆန္ဒ ကိုငါတွေးနေပါပေါ့လားးး …. အမိုက်မ ညည်းတွေးနေတာတောင်လွန်လှပြီအေ ..။
ဆိုလာအကြောင်း သိမှတ်စရာဗဟုသုတ
၁။ ဆိုလာအလင်းလျှပ်စစ်ဆိုသည်မှာ
နေရောင်ခြည်အလင်းစွမ်းအင်မှ လျှပ်စစ်စွမ်းအင်သို့ တိုက်ရိုက်ပြောင်းလဲပေးနိုင်သော နည်းပညာ ဖြစ်ပါ သည်။ နေအလင်းရောင်တွင်ပါဝင်သော အလင်းမှုန်များမှ ဆိုလာပြား အတွင်းရှိ လျှပ်စစ်ဓာတ်မှုန်များကို ရိုက်ထုတ်ခြင်းဖြင့် လျှပ်စီးကြောင်းကို ဖြစ်ပေါ်စေခြင်းဖြစ်ပါသည်။
Saturday, March 1, 2014
“ဒီက စောင့်နေသူ”
ချွေးပေါက်ကျဉ်းပြီးတင်းရင်းတဲ့အသားအရေဖြစ်စေဖို့
Friday, January 10, 2014
"လူရိုးလူအေးကြီး"
ကိုကျေးညိုဟာ အလုပ်ကြိုးစားသူဖြစ်တယ်၊
အလုပ်ကပြန်လာရင်လည်း အားကစားရုံမှာ ကြက်တောင်သွားရိုက်နေတတ်တယ်
ဒီနေ့တော့ သူ့မွေးနေ့လေ
သူ့မိန်းမက စဉ်းစားတယ် 'သူ့ယောက်ျား လူရိုးလူအေးကြီး၊ အပျော်အပါးအတွက် ဘယ်မှလည်း မရောက်ဖူးဘူး၊ ဒီနေ့ သူ့မွေးနေ့မှာတော့ ကလပ်တခုခုမှာ ညစာလိုက်ကျွေးအုံးမှ' ... ဆိုပြီး နာမည်ကြီး ကလပ်တခုကို ခေါ်သွားတယ်
Myanmar Youth Media Club 08 Jan 2014
Thursday, January 2, 2014
မြန်မာဟာသ စစ်စစ်
တစ်နေ့မှာ ...
တစ်ချိန်ထဲမှာ သေဆုံးပြီး တမလွန်ရောက်သွားကြတယ်။
တမလွန်တံခါးဝမှာ ယမမင်းရဲ့ အပေါက်စောင့်နဲ့ တွေ့တယ်။
ဒီမိုကရေစီဆိုတာ ဘာလဲ (ဗိုလ်ချုပ်အောင်ဆန်း)
Zaw Win's photo.
လူတွေက တိုင်းသူပြည် သားတွေက “အစိုးရ”အာဏာအပ်လိုက်တုန်းက ကျုပ်တို့အတွက်ကောင်းအောင်လုပ်ပေးပါဆိုပြီး အာဏာအပ်လိုက်တာဘဲ။ ဒါပေမယ့် ကျုပ်တို့ကို ခင်ဗျားတို့ အုပ်စိုးတဲ့လူတွေအတွက် နှိပ်ကွပ်အုပ်ချုပ်ပါဆိုတဲ့အချက်သာ ဖြစ်နေတာဘဲ။
လူတွေက တင်မြှောက်ပြီး လူတွေရဲ့အကျိုးကို လုပ်တဲ့ လူတွေရဲ့အစိုးရသာလျှင် ဒီမိုကရေစီ ဖြစ်နိုင်မယ်။

















